ဗုဒ္ဓဘာသာဝင်တွေ မအားကြတော့ဘူးလား
•••••••••••••••••••••••••••••••••••
~•'ဒီနေ့မျက်မှောက်ခေတ် ဗုဒ္ဓဘာသာဝင်တွေကို
လေ့လာကြည့်မယ်ဆိုရင် -
( ၁ ) စားစရာမရှိလို့ ဆင်းရဲလို့ တစ်နေ့လုပ်မှတစ်
နေ့စားရလို့ တရားအားမထုတ်နိုင်ဘူးဆိုသူ
တွေ ,
( ၂ ) ထားစရာမရှိအောင်ချမ်းသာလို့ (စီးပွားရေး
လုပ်ငန်းကြီးတွေ အပြိုင်အဆိုင် လုပ်နေကြရ
လို့) တရားအားမထုတ်နိုင်သူတွေ …
( ၃ ) ဝန်ထမ်းတွေ ၊အလုပ်သမား လခစားတွေ
အခွင့်မရနိုင်လို့ တရားအားမထုတ်နိုင်သူတွေ
( ၄ ) အသက်အရွယ်ကြီးလို့ ကျမ္မာရေးမကောင်း
လို့ အိမ်မှုကိစ္စများလွန်းလို့ တရားအားမထုတ်
နိုင်သူတွေ
( ၅ ) အပျင်းထူပြီး ဟိုအကြောင်းပြ ဒီအကြောင်းပြ
နဲ့ မအားလပ်ဘူးဆိုပြီး တရားအားမထုတ်နိုင်
သူတွေ ,- ဖြစ်နေကြတယ် ။
ဒီလူတွေဟာ သစ္စာနုလောမိကဉာဏ်ရှိပြီးသား
လူတွေလားဆိုတော့ သစ္စာဉာဏ်မရှိကြသေးဘူး
အန္ဓပုထုဇဉ်တွေ ဖြစ်နေကြတယ် ၊ အန္ဓပုထုဇဉ်ဆို
တဲ့ အမျိုးက နေရေးလောက်ကိုသာ အရေးကြီး
တယ်လို့ ထင်တတ်ကြတယ် ၊ မုချရင်ဆိုင်ရမဲ့
သေဘေးကိုတော့ အရေးကြီးတဲ့ကိစ္စတွေလို့ မ
ထင်ကြဘူး ၊ ဒါပေမယ့် နေရမှာမသေချာဘူး ၊ သေ
ရမှာကသေချာတယ်ဆိုရင် သူတို့မတုန်လှုပ်ပဲနေပါ့
မလား ၊ သို့သော် အားလုံးကသေခြင်းတရားကို
မေ့ထားချင်ကြတယ် ၊ သေပြီးရင်သူတိ့ု ဘယ်လို
လွင့်စင်ကျသွားမလဲဆိုတာ မေ့ထားချင်ကြတယ် ။
အမှန်ကတော့ အန္ဓပုထုဇဉ် ၊သစ္စာဉာဏ်အမြင်မရှိ
တဲ့လူရဲ့ သံသရာခရီးဟာ အပါယ်တလမ်းသွား
ဖြစ်တယ်ဆိုတာ မသိကြဘူး ။

©~• ဓမ္မလမ်းညွှန်စာစုများ •~©