ဝေဒနာရှုနည်း
••••••••••••
ထုံတာကျင်တာပဲဖြစ်ဖြစ် ၊ ကိုက်ခဲတာပဲဖြစ်ဖြစ် စိတ်ကလေးအသာ
လျော့ထားပြီးတော့ သူ့အပေါ်မှာလက်မခံချင်တဲ့စိတ် မဖြစ်စေပဲ
စိတ်ကလေးအေးအေးနဲ့ အရှိကိုအရှိအတိုင်း သိသိပေးနေလို့ရှိရင်
အဲဒီနာကျင်မှု ဖောက်ပြန်မှုတွေဟာ ပြောင်းပြောင်းသွားတာတွေ့ရ
မယ် ။

မပင်ပန်းပဲနဲ့ ကြည့်နိုင်လာမယ် ၊ ကိုယ်နာသော်လည်း စိတ်မနာဆို
တဲ့ အခြေအနေထဲ ရောက်လာမယ် ၊ ဒါကြောင့် ဘာပဲဖြစ်လာဖြစ်
လာ စိတ်အေးအေးနဲ့ ကြည့်နိုင်ဖို့လိုတယ် ၊ ဒီလိုသတိလေးနဲ့ အေး
အေးကြည့်တဲ့ အကျင့်ရသွားရင် ဒီထက်ပိုဆိုးတဲ့ နာကျင်ခံခက်မှုမျိုး
ကြုံလာရင် အေးအေးကြည့်တတ်တဲ့ အရည်အချင်းဟာ တဖြည်း
ဖြည်း တိုးတက်လာမယ် ၊ စိတ်ကိုကျင့်တာ အာရုံးကောင်းမကောင်း
နဲ့ မဆိုင်ပါဘူး ။

အခုဖြစ်တဲ့ဝေဒနာက ထိုင်တုန်း ခဏတစ်ဖြုတ် ဖြစ်တာလေ ၊ ခု
ချက်ချင်းပြင်လိုက်ရင် ပျောက်သွားမှာပါ ၊ ဘယ်လောက်မှ မကြီး
ကျယ်ပါဘူး ၊ နောင်တစ်ချိန်မှာ ဆေးရုံမှာဖြစ်စေ ၊ ဆေးခန်းမှာဖြစ်
စေ ဘယ်လိုနည်းနဲ့မှ ဖျောက်လို့မရတဲ့ဝေဒနာ တစ်ခုခုနဲ့ကြုံလာ
ရင် လှည့်လို့ပြောင်းလို့မရတဲ့ အိပ်ယာထဲမှာ ဝေဒနာတစ်ခုခုကြာ
ရှည်ခံစားရမယ်ဆိုရင် စိတမနာအောင်ဘယ်လို နေမလဲ ၊ ဘယ်လို
စိတ်ထားမျိုးနဲ့ ကြည့်မလည်း ၊ ကြိုတင်ပြင်ဆင်ထားဖို့ ခုကတည်းက
လေ့ကျင့်ထားဖို့လိုတယ် ။

ဒုက္ခကိုတွန်းဖယ်ရင် ဒုက္ခဟာပိုဆိုးတယ် ၊ ဒါကြောင့်တွန်းဖယ်ဖို့
မကြိုးစားပဲ လိုလိုချင်ချင်နဲ့ ကြည့်ပါ ၊ တစ်ခါတလေကြည့်ရင်
လျော့သွားတာလည်းရှိတယ် ၊ မသက်မသာ တိုးလာရင်စိတ်ထဲတင်း
ကျပ်မှု များလာမယ် ၊ ကိုယ်ခန္ဓာလည်း တောင့်တင်းလာတယ် ၊
စိတ်မကျေမနပ်လည်း ဖြစ်လာတတ်တယ် ၊ အဲဒီ မကျေနပ်တဲ့စိတ်
ကို သိသိပြီးတော့ အသာကလေးနေပေးလိုက်ပါ ၊ ကိုယ်နာပေ
စိတ်တင်းကျပ်မှု လျော့လာမယ် ။

စိတ်တင်းကျပ်မှုဖြစ်ရင် စိတ်ထဲမှာ တင်းတာကိုအရင်သိအောင်
ကြည့်ပါ ၊ ကြည့်ရင်းနဲ့ နောက်ဆုံးမှာ ဘယ်လိုနည်းနဲ့မှ သည်းမခံ
နိုင်ဘူးဆိုရင်တော့ သတိလေးနဲ့သိပြီးတော့ လက် ခြေ အနေအ
ထား ပြင်ပါ ၊ ဝေဒနာရှုနည်းနဲ့ပတ်သက်ပြီး နာကျင်ကိုက်ခဲကိုပဲ
အာရုံစိုက်ရှုခိုင်းတာများတယ် ၊ နာလေလေစူးစိုက်လေလေ ၊ ရွှေဥ
မင် ဆရာတော် ဘုရားကြီးကတော့ စိတ်ခံချက်ဘက်ကရှုဖို့ လမ်း
ညွှန်ပါတယ် ၊ ကြည့်ပါ ။

သိပ်နာနေရင် သူ့ကိုအာရုံမပြုနဲ့ ၊ မခံချင်တဲ့ခံစားချက်ကို အာရုံပြု
ပေး ၊ မကြိုက်ရင် မကြိုက်တဲ့ စိတ်ကလေးကိုအာရုံပြုပေး ၊ သတိ
ထားပေး ၊ ဘာကြောင့် ဖြစ်နေတာ ၊ စိတ်ကောင်းရင် အားလုံး
ကောင်းသွားတယ် ၊ မခံချင်တဲ့စိတ် ပျောက်ချင်တဲ့စိတ်ဖြစ်နေရင်
အဲဒီစိတ်ကိုကြည့် ၊ ကြည့်ပေးရင် အေးချမ်းသွားမယ် ၊ နာတဲ့နေရာ
ကိုချည်း သွားမကြည့်နဲ့ ၊ နာတာကိုချည်းသွားကြည့်နေရင် နာတာ
ကြီးကို ပုံကြီးချဲ့သလို ဖြစ်တယ် ။

မကြိုက်ရင် မကြိုက်တဲ့ စိတ်ကလေးကိုကြည့် ၊ တင်းကျပ်တဲ့စိတ်
ကလေးကို လျှော့ပြီး သက်သက်သာသာနဲ့ကြည့်ပေးပါ ၊ သည်းခံ
ပြီး ကြည့်ပေးပါ ၊ မရတော့လည်း ပြောင်းပြင်ရတာပေါ့ ၊ သတိထား
ပြီး ကြည့်နေပါ ၊ နာတာကိုခန္ဓာနဲ့ မရောစေနဲ့ ၊ ကိုယ်ကသက်သက်
သက်သက်စီမှန်း သိအောင်ကြည့်ရတာ လို့ပြောပါတယ် ၊ ဒါက
ပညတ် ပရမတ် ခွဲခြားနားလည်ဖို့ပြောတာပါ ၊ ဒီအချက်ကို ကံယုံ
ဆရာတော်က ကိုယ်နဲ့ခန္ဓာ မရောစေနဲ့ လို့ပြောပါတယ် ၊ မရှိတာ
ကို မကြည့်နဲ့ ၊ မရှိတာက ပညတ် ( ဒူး ခါး တင် ရင် ခြေ လက်
စသည် ) ၊ ရှိတာက ပရမတ် ( ရုပ်နာမ် သဘောသဘာဝ ) ၊ ဝိပဿ
နာတရား ရှုရာမှာ ပညတ် ၊ ပရမတ် ကွဲဖို့ သိပ်အရေးကြီးတယ် ။

ဝေဒနာကို ဘာဖြစ်လို့ မကြိုက်တာလည်းတဲ့ ၊ ဝေဒနာနဲ့ဖက်ပြီး
သေရမှာတဲ့ ၊ အသုံးချတတ်ရင် ရန်သူဟာ မိတ်ဆွေဖြစ်တယ် ၊
ပေါင်းတတ်ဖို့ပဲ လိုပါတယ် ၊ ရွှေဥမင်ဆရာတော်ကြီးက လမ်းညွှန်ပါ
တယ် ။

ကံယုံဆရာတော်