ခန္ဓာဖွဲ့ ခန္ဓာဖွဲ့ ဆိုတာ ... ဘာလုပ်တာလဲ

★ ★ ★ ★ ★ ★ ★ ★ ★★ ★ ★

ခြောက်ဒွါရ ခန္ဓာဖွဲ့ကြည့်တော့...
လူအစားစား နတ်အစားစား ဗြဟ္မာ အစားစား
တိရစ္ဆာန် အစားစား ပြိတ္တာအသူရကာယ်အစားစား
တွေ့သလား ခန္ဓာငါးပါးတွေ့သလား။
လူနတ်ဗြဟ္မာ သတ္တဝါ မတွေ့တာ ရှိလို့လား မရှိလား။

မရှိရင် လူစွဲ နတ်စွဲ ဗြဟ္မာ စွဲ စွဲစရာ လိုသေးသလား။
ကောင်းကင် သေချာမော့ကြည့်....
ပျားစွဲတာ မြင်မိရဲ့လား။
ဘာဖြစ်လို့ မမြင်တာလဲ။
စွဲစရာ မရှိလို့နော်။

တွေ့နေတဲ့တရား ရှိနေတဲ့တရားက.. ...
လူနတ်ဗြဟ္မာလား ခန္ဓာငါးပါး။

ဤခန္ဓာငါးပါး ဘယ်ပုံ ဘယ်နည်းရှိတာလဲလို့
စိစစ်ဖို့မကောင်းလား။

ရူပက္ခန္ဓာ ဘယ်သဘော ရှိသလဲ။
(ဖောက်ပြန်ပျက်စီး-တတ်သော သဘောအစု ဖြစ်ပျက်မှုပါဘုရား။)
ဝေဒနာက္ခန္ဓာ ဘယ်သဘော ရှိသလဲ။
(ခံစား-တတ်သော သဘောအစု ဖြစ်ပျက်မှုပါဘုရား။)
သညာက္ခန္ဓာ ဘယ်သဘော ရှိသလဲ။
(မှတ်သား-တတ်သော သဘောအစု ဖြစ်ပျက်မှုပါဘုရား။)
သင်္ခါရက္ခန္ဓာ ဘယ်သဘော ရှိသလဲ။
(စေ့ဆော်ပြုပြင်-
တတ်သော သဘောအစု ဖြစ်ပျက်မှုပါဘုရား။)
ဝိညာဏက္ခန္ဓာ ဘယ်သဘော ရှိသလဲ။
(သိ-တတ်သော သဘောအစု ဖြစ်ပျက်မှုပါဘုရား။)

ဤခန္ဓာငါးပါး က ဖြစ်ပြီး မပျက်လား။
ပျက်တယ်ဆိုတော့.... ခန္ဓာငါးပါးတွေ့သလား မရှိတာတွေ့သလား။
မရှိရင် ဘယ်လို စွဲမလဲဟေ့။

လူနတ်ဗြဟ္မာသတ္တဝါက အစကတယ်လို့ မရှိခြင်းကြောင့်....စွဲစရာ လိုသေးသလား။
တွေ့တဲ့ခန္ဓာငါးပါးက ဖြစ်ပြီးပျက်ခြင်းကြောင့် အစွဲခံရဲ့လား။

ဒီလိုဆိုရင်....သက္ကာယဒိဋ္ဌိ မပြုတ်လား။
သက္ကာယဒိဋ္ဌိ ပြုတ်ရင် အပါယ်တံခါး ပိတ်တာပေါ့ ကွဲ့။
ခန္ဓာဖွဲ့ ခန္ဓာဖွဲ့ ဆိုတာ ... ဘာလုပ်တာလဲ စိစစ်ဖို့မကောင်းလား။
သက္ကာယဒိဋ္ဌိ ဖြုတ်တာပေါ့ကွဲ့။
သေချာချာ လေ့လာနော်။

ဤခန္ဓာတရား အာယတနတရား ဓာတ်တရား သစ္စာတရား ပဋိစ္စသမုပ္ပါဒ်တရား ဆိုတာ...
ဘုရားပွင့်မှ ကြားသိရတာ...
ဤတရားသိဖို့ရာ လေးသချေင်္နဲ့ကမ္ဘာတစ်သိန်းပါရမီဖြည့်ရတာ။ လွယ်လွယ်ရတာ မဟုတ်ဘူးနော်
အဲလို စိစစ်ဖို့ မကောင်းလားဟေ့။
ဘုရားမပွင့်ရင် ဒီတရားတွေ ကြားရပါမလား။
အေး... အဲဒါ စိစစ်ဖို့ လိုတယ်နော်။

ဤတရားကို အမှန်မြင်တော့ အမှားမပျောက်လား။
အဲဒါကြောင့် ခန္ဓာဖွဲ့ ခန္ဓာဖွဲ့ဆိုတာ... သက္ကာယဒိဋ္ဌိ ဖြုတ်တာပေါ့။
အဲဒါ ခန္ဓာဖွဲ့တာ ဘာအကျိုးရှိသလဲ စဉ်းစားဖို့ မကောင်းလား။
သက္ကာယဒိဋ္ဌိ ပြုတ်တယ်...ကြားလား။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး

ရှေးတိပ်တရားတော် mc.12 မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ

ရှေးတိပ်တရားတော် mc.12 မှ စာစီပူဇော်ပါသည်