❀ အမျှအတန်းပေးဝေတာဟာ အကျိုးရှိသလား မရှိဘူးလားမေးရင် အကျိုးရှိတယ်။ ဘယ်လိုအကျိုးရှိလဲဆိုရင် ကိုယ်ရည်စူးတဲ့ ပုဂိ္ဂုလ်ဟာ ဆိုပါစို့ နတ်ပြည်ရောက်နေမယ်။ လူ့ပြည်ရောက်နေမယ်။ တခြားဘုံတစ်ခုခု ရောက်နေမယ်။ သာဓုခေါ်နိုင်တဲ့ ဘဝမျိုး မဟုတ်ဘူးဆိုရင် သူမရဘူး။

❀ ဒါဖြင့် ဘယ်သူရတုန်းဆိုတော့ ကိုယ့်မှာ ဆွေတွေမျိုးတွေ အများကြီးရှိတယ်။ ဟိုဘဝက အမေ အဖေ နော်၊ ဒီဘဝရဲ့ဟိုဘက်က အဖေအမေတွေ၊ လွန်ခဲ့တဲ့ ဘဝတစ်ရာက အမေအဖေ၊ ကိုယ်ကသာမေ့နေတာ သူတို့က သိနေတယ်။ အဲလို သက်တမ်းရှည်တဲ့ ပြိတ္တာတွေက သိပြီးတော့ သာဓုခေါ်နိုင်ရင် သူတို့ရသွားတယ်။ အကျိုးရှိတယ်။ ပြိတ္တာဘုံမှာဆိုရင် ကိုယ့်ဆွေမျိုးသားချင်းတွေနဲ့ ကင်းတာမရှိနိုင်ဘူးတဲ့၊ ရှိနေတာဘဲ။ အဲဒါ သူတို့ သာဓုခေါ်ရင် သူတို့ ရသွားမယ်။

ဒါကြောင့်မို့ `အကျွတ်အလွတ်ပွဲ´တွေ လုပ်ပြီးတော့ အမျှအတန်းပေးဝေတာဟာ အလွန်ကောင်းတယ်။ ကိုယ်ကိုယ်တိုင်လည်း ကုသိုလ်ကောင်းမှု လုပ်ပြီးရင် ကိုယ့်ဝတ္တရားလည်း ကျေတယ်ပေါ့။ မြတ်စွာဘုရားက အခုလို ကုသိုလ်ကောင်းမှု လုပ်တိုင်းလုပ်တိုင်း သူတို့ကို အမျှပေးဝေတာဟာဖြင့် အင်မတန်မှ အကျိုးရှိပါတယ်။ မြတ်စွာဘုရား ဒီလိုဟောခဲ့တယ်။ ဒါဟာ မှန်မှန်ကန်ကန် သိအောင်လို့ ပြောပြတာနော်။

#{ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ}
✏ အားကိုးခြင်းတရားတော်မှ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ။
ဣဒံ မေ ပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု။