သောတပန်ဆိုတာ ဘာပါလဲဆိုတော့...
ဂြိုလ်ပေါက်တယ်လို့ အောက်မမေ့နဲ့။
ရုပ်နာမ်ဓမ္မရှိတဲ့အနက်က "ငါ" "ငါ့ ဥစ္စာ"
မဟုတ်ဘူး။ "ရုပ်နာမ်ဓမ္မတာ ရှိတယ်။
ဖြစ်ပျက်တာ ဟုတ်တယ်။"
ဒုက္ဓသစ္စာသာ ဟုတ်တယ် လို့ ဉာဏ်ထဲမှာ
ပိုင်ပိုင် နိုင်နိုင်သိသွားလို့ရှိရင် ဒါသောတပန်ပါပဲ။

ရုပ်နာမ်ဓမ္မတို့သည် ရုပ်နာမ်ဓမ္မသာ ရှိတယ်။
အနိစ္စသာ ဖြစ်ပျက်သာရှိတယ်။
ဒုက္ခသစ္စာသာ ရှိတယ်လို့....
ဆုံးဖြတ်ချက်ချထားပြီးသား။

အပြောကတော့ဖြင့် မပြောမဖြစ်လို့သာ
ပြောရတယ်။ အထင်ကဖြင့် တကယ်မရှိပါဘူး။
ဒါတွေက ရုပ်နာမ်သာ ရှိပါတယ် ဖြစ်ပျက်သာ
ရှိပါတယ် ဒုက္ခသစ္စာသာ ရှိပါတယ် လို့..
ဉာဏ်ထဲမှာ အတိအကျဆုံးဖြတ်ချက်ချပြီးလို့ရှိရင်
ဒကာကြွယ်တို့ ဒကာစစ်တို့ ဒကာအုံးတို့...
ဒါသောတပန်ရဲ့ ဉာဏ်ပဲ။

အပြောတော့ ပြောကြမှာပဲနော်။
မပြောမဖြစ်လို့ ပြောတယ်လို့
ဒကာဒကာမတွေ မှတ်ရမယ်။
ဘုရားတောင်မှ ငါ့သပိတ်ယူခဲ့စမ်း အာနန္ဒာ။
ငါ့သင်ခန်းကြီး ခင်းလိုက်ကွ အာနန္ဒာ။
ဒါကတော့ ခိုင်းသင့် တယ်။
မခိုင်းကြပေဘူးလား?
အဲတော့ အပြော "ငါ" က
လိုရင်း မဟုတ်ပါဘူး။
အထင် "ငါ" က လိုရင်းပါ။
သဘောကျပြီး လား?

မိုးကုတ်ဆရာတော် ဘုရားကြီး ။