******************************
ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် ဟူသော
ဥပါဒါနက္ခန္ဓာ (၅)ပါးတို့ကို အြွကင်းအကျန်မရှိ ကုန်စင်အောင် လက္ခဏ
-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းရန် ဖွင့်ဆိုထားတော်မူကြ၏။

၁။ ရုပ်တရား တစ်လုံးလောက်ကိုသာ, သို့မဟုတ်
၂။ နာမ်တရား တစ်လုံးလောက်ကိုသာ, သို့မဟုတ်
၃။ ရုပ်တရားဘက်ကလည်း တစ်လုံးလောက်, နာမ်တရားဘက်ကလည်း
တစ်လုံးလောက်ကိုသာ ---

လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းရမည် ဟူ၍
ကား မညွှန်ကြားကြပေ။ ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်တို့ကို အနဝ
သေသ = အကြွင်းအကျန်မရှိ ကုန်စင်အောင် သိမ်းဆည်းရမည် ဉာဏ်ဖြင့်
ပိုင်းခြားယူရမည် ဟူ၍သာ ညွှန်ကြားထားတော်မူ၏။

ထိုကြောင့် ရုပ်ဓာတ်တစ်လုံးလောက်ကို ရှုလျှင်, သို့မဟုတ် နာမ်ဓာတ် တစ်လုံးလောက်ကို ရှုလျှင်,
သို့မဟုတ် ရုပ်ဓာတ်ဘက်ကလည်း တစ်လုံးလောက်ç နာမ်ဓာတ်ဘက်ကလည်း
တစ်လုံးလောက်ကို ရှုလျှင် ကိစ္စပြီးနိုင်သည် နိဗ္ဗာန်သို့ ရောက်ရှိနိုင်သည်
ဟူသောအဆိုအမိန့်များမှာ ဘုရားဟောဒေသနာမျဉ်းကြောင်းမှ တိမ်းစောင်း
ချွတ်ချော်နေသော အယူအဆတို့သာ ဖြစ်ကြသည်ဟု မှတ်သားနာယူလေ
ရာသည်။

အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ညွှန်ကြားတော်မူချက်
နှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ---
၁။ ဘူတရုပ် ဥပါဒါရုပ်ဟူသော ရုပ် (၂၈)ပါးကိုလည်းကောင်း, ပထဝီအာပေါ
တေဇော-ဝါယော စသော ရုပ်တရား တစ်လုံးစီ တစ်လုံးစီ၏
ဆိုင်ရာ ဆိုင်ရာ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း,
၂။ သုခဝေဒနာ, ဒုက္ခဝေဒနာ, သောမနဿဝေဒနာ, ဒေါမနဿဝေဒနာ,
ဥပေက္ခာဝေဒနာကိုလည်းကောင်း, ယင်းဝေဒနာ အသီးအသီး၏
လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း။

၃။ ရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ, ရသသညာ, ဖောဋ္ဌဗ္ဗသညာ, ဓမ္ဓ
သညာဟူသော သညာအပြားကိုလည်းကောင်း, ယင်းသညာ အသီး
အသီး၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း,
၄။ ဖဿ-စေတနာ-ဧကဂ္ဂတာ-ဇီဝိတ-မနသိကာရ စသော သင်္ခါရက္ခန္ဓာ
၌ အကျုံးဝင်သော စေတသိက် အလုံး (၅၀)ကိုလည်းကောင်း, ယင်း
စေတသိက် အသီးအသီး၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကို
လည်းကောင်း။

၅။ စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယ
ဝိညာဏ်, မနောဝိညာဏ်ဟူသော ဝိညာဏ်အပြားကို လည်းကောင်း,
ယင်းအသီးအသီးသော ဝိညာဏ်၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်း
ကောင်း သိအောင် ရှုရမည်။

ဘုရားရှင်၏ တရားစစ် တရားမှန်ကို လိုလားတောင့်တလျက်ရှိသော
အသင်သူတော်ကောင်းသည် ဤပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဟော
ကြားြွမက်ဖော် မိန့်မှာတော်မူချက်ကိုကား ဦးထိပ်ထက်၌ သံမှိုနှက်သကဲ့သို့
စွဲမြဲစွာ မှတ်သားနာယူထားလေရာသည်။

" ဖားအောက်တောရဆရာတော် "

LikeComment