¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
ဘုရားလောင်းအကိတ္တိရှင်ရသေ့၏ ဆုတောင်းများ
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

(၁) လောဘမရှိသူ ဖြစ်ရပါလို၏။

(၂) ဒေါသမရှိသူ ဖြစ်ရပါလို၏။

(၃) လူမိုက်ကို ဘဝဆက်တိုင်း မတွေ့ မမြင်ရပါစေနှင့်။

(၄) လူမိုက်အကြောင်း ဘဝဆက်တိုင်း မကြားရပါစေနှင့်။

(၅) လူမိုက်နှင့် ဘဝဆက်တိုင်း မိတ်ဆွေ မဖြစ်ရပါစေနှင့်။

(၆) လူမိုက်နှင့် ဘဝဆက်တိုင်း စကားမပြောရပါစေနှင့်။

(၇) လူမိုက်အား ဘဝဆက်တိုင်း မနှစ်သက်ရပါစေနှင့်။

(၈) ပညာရှိကို ဘဝဆက်တိုင်း တွေ့မြင်ရပါစေ။

(၉) ပညာရှိအကြောင်း ဘဝဆက်တိုင်း ကြားရပါစေ။

(၁၀) ပညာရှိနှင့် ဘဝဆက်တိုင်း မိတ်ဆွေ ဖြစ်ရပါစေ။

(၁၁) ပညာရှိနှင့် ဘဝဆက်တိုင်း စကားပြောခွင့်ရပါစေ။

(၁၂) ပညာရှိကို ဘဝဆက်တိုင်း နှစ်သက်သူဖြစ်ရပါစေ။

(၁၃) နံနက် အရုဏ်တက်အချိန်တွင် ဆွမ်းဘောဇဉ်များ အလိုအလျောက်ဖြစ်ပေါ်လာပါစေ။

(၁၄) သီလရှိသောအလှူခံပုဂ္ဂိုလ်မြတ်များ လာရောက်အလှူခံကြပါစေ။

(၁၅) ဆွမ်းဘောဇဉ်များသည် လှူ၍မကုန်ခန်းသည် ဖြစ်ပါစေ။

(၁၆) လှူစဉ် စိတ်ကြည်လင်ပါရစေ။

(၁၇) လှူပြီးနောက်တွင် နောင်တမရသည် ဖြစ်ရပါစေ။

(၁၈) သိကြားမင်းသည် ငါ၏အထံသို့ နောက်မလာပါစေနှင့်။

လင်္ကာ
ဤသည့်ပုည ကုသလကြောင့်
လောဘ ဒေါသ မောဟကင်းကွာ
သံသရာဝယ် ကျင်ပါရဘိ
ပညာရှိနှင့် ယှဉ်မိပေါင်းသင်း
ဉာဏ်မဲ့ကင်း၍ ပြည့်တင်းလှူဖွယ်
လှူစဉ်ဝယ်လည်း သုံးသွယ်စေတနာ
ဖြောင့်ညီညာသည် ခေမာအထွဋ်
တိုင်စေသော်။

( မင်းကွန်းတိပိဋကဆရာတော်ကြီး)