၁။ ဝတ်တော်မူထားသော သင်္ကန်းသည် လျှော်ဖွပ်ဆိုးရမှု ဟောင်းနွမ်းသွားမှု မရှိခြင်း..

၂။ ပရိက္ခရာ(၈)ပါးကို ဆောင်တော်မူရာ၌ ကိုယ်နှင့်မထိ⋯⋯လက်လေးသစ်မျှ ကွာခြင်း..

၃။ တောထွက်တော်မူစဉ်က ပယ်ဖြတ်ခဲ့သော ဆံတော်သည် တစ်သက်လုံး လက်နှစ်သစ်ပမာဏ တည်တော်မူခြင်း..မုတ်ဆိတ် ကျင်စွယ်တွေကလည်း ဆံပင်တွေလိုပဲ တစ်သက်လုံး ကြည့်ကောင်းတဲ့ အနေအထားနဲ့ တည်တော်မူခြင်း.. (အဲဒီ ဆံပင် မုတ်ဆိတ်ကျင်စွယ်တွေကို နောက်ထပ် ရိပ်ဖွယ်ကိစ္စ လုံးဝမရှိတော့ပါ)

၄။ ဆွမ်းဘုဉ်းပေးပြီး၍ သပိတ်တော်ဆေးလျှင် လက်တော်ပါဆေးပြီးသား ဖြစ်သလို လက်တော်ဆေးလျှင် သပိတ်တော်ပါ ဆေးပြီးသား
ဖြစ်ခြင်း..

၅။ မုန်ညှင်းစေ့မျှသာရှိသော ကြုတ်ထဲသို့ပင် ဝင်ရောက်နိုင်ခြင်း..

၆။ ရောင်ခြည်တော်(၆)ပါး လွှတ်တော်မူသည်ရှိသော် အရပ်(၁၀)မျက်နှာလုံးကို ဖောက်ထွင်းပျံ့နှံ့ခြင်း..

၇။ ကိုယ်တော်မှ နိမ္မိတဘုရားပေါင်း အသချေင်္ ဖန်ဆင်းနိုင်ခြင်း

၈။ ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း..

၉။ တရားဟောရာ၌ လူတိုင်းက ဘုရားရှင်အား ငါ့ကိုကြည့်ပြီး ဟောနေသည်ဟု အထင်ရှိခြင်း..
(ကောင်းကင်၌တည်နေသော လဝန်းကို ငါ့ခေါင်းပေါ်မှာ လ ဟု လူတိုင်း ထင်သကဲ့သို့)

၁၀။ လူနတ်တို့၏စိတ်ကို အာသယာနုသယဉာဏ်တော်ဖြင့် သိမြင်နိုင်စွမ်းရှိတော်မူခြင်း..

၁၁။ တရားဟောတော်မူရာ၌ အားလုံးသော ပရိသတ်တို့၏ အနီးမှာ ကပ်၍ဟောသကဲ့သို့ ကြားရခြင်း..

၁၂။ ကျွတ်တန်းဝင်ထိုက်သော သတ္တဝါတို့ကို မဟာကရုဏာ သမာပတ္တိဖြင့် သိနိုင်ခြင်း. ခပ်သိမ်းသော သတ္တဝါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း..

၁၃။ လူနတ်ဗြဟ္မာတို့၏ ကျွတ်တန်းဝင်မည့် အချိန်အခါ ဣန္ဒြေအနုအရင့်ကို သိတော်မူခြင်း..

၁၄။ အထက်ဖော်ပြပါ (၁၃)ပါးနှင့် ေဥယျဓံတရား(၅)ပါးကို သိနိုင်တော်မူခြင်း..

၁၅။ အလိုရှိ၍ လက်တော်ကို ဆန့်လိုက်လျှင် သပိတ်တော် အလိုအလျောက် ရောက်လာခြင်း..

၁၆။ ရေအစုံ မီးအစုံ တန်ခိုးပြဋိဟာ ပြနိုင်ခြင်း..

၁၇။ တာဝတိံသာနတ်ပြည်သို့ အဘိဓမ္မာတရာ ဟောတော်မူရန် ကြွသည့်အခါ ခြေနှစ်လှမ်း သုံးဖဝါးတည်းဖြင့် ကြွတော်မူခြင်း..

၁၈။ ဒေသစာရီ ကြွချီတော်မူလျှင် ခြေတော်ရာ မထင်သည့်အပြင် အနိမ့်အမြင့်မညီပဲရှိနေသော မြေပြင်တို့သည်လည်း အညီအညွတ်ရှိရခြင်း..
(ဘုရားရှင်၏ကိုယ်၌ ဖုန်သဲများ မြူမှုန်မျှပင် မကပ်ငြိခြင်း)