¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
ဘုရားတစ်ဆူပွင့်ပြီး နောက်ဘုရားတစ်ဆူပွင့်ရန် ကြာမြင့်သည့်အချိန်
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤


ဘုရားတစ်ဆူနဲ့တစ်ဆူအကြားမှာ အန္တရကပ် တကပ်တကပ် ခြားပါသည်။

အန္တရကပ် တကပ်ဆိုသည်မှာ

လူတို့၏ အသက်တမ်းသည် တက်လိုက်၊ ဆုတ်လိုက် ဖြစ်နေသည်။ သီလ၊ သမာဓိ၊ ပညာ၊ ကံ၊ ဉာဏ်၊ ဝီရိယ ကောင်းသည့်အခိုက်တွင် အသက်တမ်း မရေမတွက်နိုင်အောင် ရှည်ကြသည်။

သီလစသည် ဆုတ်ယုတ်လာသောအခါ ၁၀-နှစ်တမ်းထိ ဆုတ်သွားမည်။ ယခု ဆုတ်ကပ်နဲ့ကြုံနေကြသည်။ ၁၀-နှစ်တမ်းအထိ အသက်ဆုတ်သွားကြဦးမည်။ ( သာသနာတော်နှစ် ) အနှစ်တရာတွင် တနှစ်နှုန်းခန့် ဆုတ်သည်ဟု သတ်မှတ်သည်။

ဘုရားလက်ထက်က အသက်တရာတန်းဟု သတ်မှတ်ကြသည်။ ယခု ဘုရားပရိနိဗ္ဗာန်စံသည်မှာ နှစ်ပေါင်း ၂၅၅၀-ကျော်လာသဖြင့် ၂၅-နှစ်ကျော် ဆုတ်ခဲ့ပြီ။ ယခု ၇၅-နှစ် ပတ်ဝန်းကျင်တွင် လူများ ကွယ်လွန်ကုန ်ကြသည်။

၁၀-နှစ်တမ်းမှ မရေမတွက်နိုင်သော အသချေင်္ယျတန်းအထိ တက်မည်။ ထိုအသချေင်္ယျတန်းမှ ၁၀-နှစ်ထိ ဆုတ်မည်။ ထိုသို့ တက်ကပ် ဆုတ်ကပ်တစုံကို အန္တရကပ် တကပ်-ဆိုသည်။

ထိုအန္တရကပ်ပေါင်း ၆၄-ကပ်ကို အသချေင်္ယျကပ် တကပ်ဟုခေါ်သည်။ အသချေင်္ယျ လေးကပ်ကို ကမ္ဘာကြီး၏ သက်တမ်းတခုဟု သတ်မှတ်သည်။ (ပို၍ သဘောပေါက်အောင်
စူးစမ်းလေ့လာပါဦးလော့)။
အသချေင်္ယျကပ်၏ အရေအတွက်ကို (တစ်)နောက် သုညပေါင်း (၁၄၀)ဟု သတ်မှတ်ကြသည်။

နောင်ပွင့်မည့် အရိမေတ္တေယျဘုရားသည် ယခု ၁၀-နှစ်တန်းမှ မရေမတွက်နိုင်သော အသချေင်္ယျတန်းထိ တက်သွားပြီး၊ ပြန်၍ အသက်တမ်းဆုတ်လာသောအခါ အသက်တန်း တသိန်းသို့ရောက်မည်။ ထိုအချိန်တွင် ပွင့်မည်။

ဘုရားရှင်တို့၏ ထုံးတမ်းစဉ်လာအတိုင်း တသိန်း၏ ငါးပုံ, ပုံ-လေးပုံ အသက်ရှစ်သောင်းနေ၍ လူနတ်ဗြဟ္မာ သတ္တဝါအားလုံးကို တရားဟောချေချွတ်တော်မူပါမည်။

Special Thanks to ☆Dhammaramsi ☆