ဗုဒ္ဓဘာသာဝင်တွေ ဘုရားရှိခိုးကြရင် ရွတ်ဆိုနေကြတဲ့
အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊
၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး ဆိုတာတွေရဲ့
အနက်လေးတွေကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်.။

အပါယ်လေးပါး
¤¤¤¤¤¤¤¤¤
၁။ ငရဲ
၂။တိရစ္ဆာန်
၃။ပြိတ္တာ
၄။အသုရကာယ်

ကပ်သုံးပါး
¤¤¤¤¤¤¤
၁။ ဒုဗ္ဘိက္ခရကပ် = ငတ်မွတ်ဘေးကပ်
၂။ သတ္တန္တရကပ် = လက်နက်ဘေးကပ်
၃။ ရောဂန္တရကပ် = ရောဂါလေးကပ်

ရပ်ပြစ်ရှစ်ပါး
¤¤¤¤¤¤¤¤
၁။ ငရဲ = ချမ်းသာမှုမရှိသောအရပ်
၂။ တိရစ္ဆာန် = နိဗ္ဗာန်နှင့်ဖီလာမိုးကိုကျောပေးသော သတ္တဝါ
၂။ ပြိတ္တာ = ကိုယ်လက်အင်္ဂါမမျှတသော သတ္တဝါ
၄။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာရှိပြီး
အသက်နာမ်မရှိသော ဗြဟ္မာဘုံ
၅။ ပစ္စန္တရော = ရတနာသုံးပါးမသိ၊ မရှိသော တောချုံအုံခြားအရပ်
၆။ မိစ္ဆာဒိဌိ = မှားသောအယူရှိသောလူမျိုးစု
၇။.၀ိကလိန္ဒြိယ = သစ္စာလေးပါးကို နာကြားရသော်လည်း ဆွ့ံအနားပင်းပြီး တရားမသိသူ
၈။ ဗုဒ္ဓသုညော တိဟေတုကော = အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း
ဘုရားပွင့်သောကာလနှင့် လွဲပြီး လူဖြစ်ရခြင်း

ရန်သူမျိုးငါးပါး
¤¤¤¤¤¤¤¤¤
၁။ရေ
၂။မီး
၃။မင်းဆိုး
၄။ခိုးသူ
၅။မချစ်မနှစ်သက်သောသူ

၀ိပတ္တိတရားလေးပါး
¤¤¤¤¤¤¤¤¤¤¤¤
၁။ သီလဝိပတ္တိ = သီလပျက်ခြင်း
၂။ ဒိဌိ၀ိပတ္တိ = အယူပျက်ခြင်း
၃။ အာစာရဝိပတ္တိ = အကျင့်ပျက်ခြင်း
၄။ အာဇီဝ၀ိပတ္တိ = အသက်မွေးမှုပျက်ခြင်း

ဗျသနတရားငါးပါး
¤¤¤¤¤¤¤¤¤¤¤
၁။ ဉာတိဗျသန = ဆွေမျိုးညာတိတို့ သေကြေပျက်စီးခြင်း
၂။ ဘောဂဗျသန = ရာထူးဂုဏ် စည်းစိမ်ပျက်စီးခြင်း
၃။ ရောဂဗျသန = အနာရောဂါနှိပ်စက်ပျက်စီးခြင်း
၄။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း
၅။ ဒိဌိဗျသန = အယူဝါဒလွဲမှားပျက်စီးခြင်း

Special Thanks to