အခွေ(၁) ဓမ္မသဘင်များတွင် ပောာကြားသော တရားတော်များ

၁။ အရဟံဂုဏ်တော် Download
၂။ ကထိန်အနုမောဒနာ Download
၃။ သင်္ကန်းလှူဒါန်းရသောအကျိုးကျေးဇူး (၁) Download
၄။ သင်္ကန်းလှူဒါန်းရသောအကျိုးကျေးဇူး (၂) Download
၅။ သစ္စာစွမ်းရည် Download
၆။ ၀ိမလထေရအပါဒါန် Download
၇။ ဃောသကနှင့်ပရာမရာဇာ (၁) Download
၈။ ဃောသကနှင့်ပရာမရာဇာ (၂) Download
၉။ ရှင်ဥပ္ပဂုတ္တမထေရ် Download
၁၀။ တရားနာရသောအကျိုး Download
၁၁။ သာသနာ၏ရေသောက်မြစ် Download
၁၂။ ဘုန်းကံဟူသည် Download
၁၃။ လိုတရဂါထာလေးတစ်ပုဒ်(၁) Download
၁၄။ လိုတရဂါထာလေးတစ်ပုဒ်(၂) Download
၁၅။ ထေရဝါဒ စွမ်းဆောင်ခြင်း တရားတော် Download
၁၆။ တန်ဖိုးရှိတဲ့ လူ့ဘဝ ၈-၅-၂၀၀၆ Download
၁၇။ ချမ်းသာရေး လမ်းညွှန်ချက် Download
၁၈ ။ မိဘဂုဏ်ရည် တရားတော် ရ-၅-၂၀၀၆ Download
၁၉။ ၀ိမလထေရ အပါဒါန် Download
၂၀။ အသက်ရှည်ကြောင်း နည်းလမ်းကောင်း Download

 

ဓမ္မစေတီဖောင်ဒေးရှင်း၏ ဦးဆောင်ပဓာန နာယက (၁ဝ)ဘွဲ့ရ မင်းကွန်းဓမ္မစေတီ ဆရာတော် ဘဒ္ဒန္တနာဂိန္ဒာလင်္ကာရ၏ သက်တော်(၄ဝ)နှစ်ပြည့်မွေးနေ့အထူး ကုသိုလ် အနေနှင့် (၇)ထပ် ကျောင်းဆောင်တော်ကြီး ဖွင့်လှစ်ခြင်း၊ နာဂစ်ကျောင်းတော် (၁ဝ)ဆောင် ဆောက်လုပ် လှူဒါန်းခြင်း၊ မင်းကွန်း ခေါင်းလောင်းတော်ကြီး နှစ်(၂ဝဝ)ပြည့် အထိမ်းအမှတ် အဖြစ် ကြေးပိဿာချိန် (၃)သောင်းရှိ ကမ္ဘာ့အကြီးဆုံး ကြေးစည်တော်ကြီး သွန်းလောင်း ပူဇော်ခြင်း ပင့်သံဃာတော် (၁၅ဝဝ)ပါးတို့၏ ဒါတဗ္ဗဝတ္ထုများ လှူဒါန်းခြင်း စသောကုသိုလ် ကောင်းမှုများ ပြုလုပ်ပြီး မွေးနေ့ပူဇာပွဲကို စက်တင်ဘာ(၂၂) ရက်မှ(၂၅)ရက် အထိ မင်းကွန်းတောင်ရိုး ဓမ္မစေတီ ပရိယတ္တိ ကျောင်းတိုက်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့သည်။ မင်းကွန်းဓမ္မစေတီ ဆရာတော် ဘဒ္ဒန္တနာဂိန္ဒာလင်္ကာရသည် ဧရာဝတီတိုင်း၊ ဘိုကလေး မြို့နယ်၊ ကွင်းကြီးကျေးရွာတွင် အဖဦးဟန်ဝင်း၊ အမိဒေါ်စိန်မြင့်တို့က(၁၃၃၁)ခုနှစ် သီတင်း ကျွတ်လဆန်း(၇)ရက်၊ စနေနေ့နံနက်(၇)နာရီ အချိန်တွင် ဖွားမြင်ခဲ့သည်ဖြစ်သည်။ (၁၃၄၂)ခုနှစ်၊ သက်တော်(၁ဝ)နှစ်သားအရွယ်တွင် မိဘနှစ်ပါး၏ ပစ္စအနုဂ္ဂဟကိုခံယူရန် ရှင်သာမဏေအဖြစ်သို့ရောက်ရှိခဲ့သူဖြစ်သည်။ (၁၃၅၁)ခုနှစ် သက်တော်(၁၉)နှစ်သားအရွယ် တွင် စစ်ကိုင်းမြို့မဟာသုဗောဓာရုံကျောင်းတိုက် နာယကဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ဘိုကလေးမြို့ မြကလပ်ဆေးတိုက်ပိုင်ရှင် ဦးချစ်ညွန့်၊ ဒေါ်သိန်းညွန့်၊ ညီမဒေါ်အုန်းကြည် တို့၏ ပစ္စယနုဂ္ဂဟကိုခံယူပြီး ရဟန်းအဖြစ်သို့ရောက်ရှိခဲ့ သူဖြစ်သည်။ ဆရာတော်အောင်မြင် ခဲ့သည့် စာမေးပွဲများမှာ သာမဏေဘဝတွင် ဝိနယမဟာသူရ သာမဏေကျော်ဘွဲ့၊ ပရိယတ္တိ သာသနာလင်္ကာရသာမဏေကျော်ဘွဲ့၊ အစိုးရဓမ္မာ စရိယဘွဲ့၊ ဝိသိဌဥဘ တောဝိဘင်္ဂ ဓရဘွဲ့၊ ဝိသိဌဝိနယဓရဘွဲ့၊ ဝိနယပါဠိပါရဂူဘွဲ့၊ အဂုင်္တ္တရနိကာယဝိဒူဘွဲ့၊ ဥဘတောဝိဘင်္ဂ ကောဝိဒဘွဲ့၊ မန္တလေး မိုးကုတ်နိကာယ်များ၌လည်း ညာတောဝိဘင်္ဂဓရဘွဲ့ အားလုံး (၁ဝ)ဘွဲ့ရရှိခဲ့သူဖြစ်သည်။ ဆရာတော်သည် အားလပ်သောအချိန်များတွင် ပရိဝါဋီကာမှတ်တမ်း၊ စူဠဝါဋီကာ မှတ်တမ်း၊ အသက်ရှည်ကြောင်းနည်းလမ်းကောင်း၊ မိဘဂုဏ်ရည်၊ တန်ဖိုးရှိတဲ့လူ့ဘဝ၊ တရားရှာရကျိုး၊ ဥပသကာဂုဏ်ရည်၊ လက်ညှိုးညွန်ရာရေဖြစ်၊ ကုမုဒြာပွင့်သောည စသည့် စာအုပ်များကိုရေးသားထုတ်ဝေခဲ့သည်။ ဆက်လက်ထုတ်ဝေရန်တွက်လည်း စီစဉ် ဆောင် ရွက်လျက်ရှိသည်။ သက်တော်(၂၁)နှစ်မှစ၍ ယနေ့အထိ ဗုဒ္ဓ၏ဓမ္မများကို တစ်နှစ်လျှင် (၇)လသော်မျှ ဓမ္မခရြီး<ွကရောက်ပြီး မြန်မာ ပြည်အနှ့ံအပြားဟောကြားသာသနာပြုလျှက် ရှိသူြုဖစ်သည်။ ပြည်ပသာသနာပြု အကျိုး အနေဖြင့် ထိုင်း၊ စင်ကာပူ၊ သီရိလင်္ကာ၊ မလေးရှား၊ အိန္ဒိယ၊ နီပေါ၊ လာအို၊ ကမ္ဘော ဒီးယား၊ ဗီယက်နမ်၊ တရုတ်(တိုင်ပေ)၊ ဟောင်ကောင်၊ မကာအိုနှင့် အင်ဒိုနီးရှားနိုင်ငံ များကို သာသနာပြုခရီးများ ြ<ွကရောက်လျက် ရှိသူဖြစ်သည်။ ဆရာတော်သည်(၁၃၆၅)ခုနှစ်တွင် ဓမ္မာ စေတီဖော်ဒေးရှင်းကို ဖွဲ့စည်း၍ သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိသည်။ ဓမ္မစေတီဖောင်ဒေရှင်းကို ဗုဒ္ဓ၏ ဓမ္မများပြန့် ပွားရေးအတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဓမ္မ စေတီဖောင်ဒေးရှင်းမှ ဓမ္မများပြန့်ပွားရေး အတွက် စာအုပ်စာပေများထုတ်ဝေခြင်း၊ စာအုပ်စာပေများလှူဒါန်းခြင်း၊ ဓမ္မစေတီ မဂ္ဂဇင်း ဓမ္မစေတီရှေးဟောင်းဘုရားများ ပြုပြင် ခြင်း၊ ဓမ္မစေတီရေအလှူတော်၊ ဓမ္မစေတီ ပရိယတ္တိ ကျောင်းတိုက်၊ ဓမ္မစေတီ ပဋိပတ္တိ သာသနာ့ရိပ်သာ၊ ဓမ္မစေတီသီလရှင် စာသင် တိုက်၊ ဓမ္မစေတီ မျက်စိဆေးရုံများတည်ဆောက်ခြင်းစသည့် ကောင်းမှုကုသိုလ်များပြုလုပ်ရန် အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဓမ္မစေတီဖောင်ဒေးရှင်းမှဆောင်ရွက်မည့် သာသနာပြု လုပ်ငန်းများမှာ ဓမ္မစေတီကျမ်းစာအုပ်ထုတ်ဝေရေး၊ ဓမ္မစေတီရှေးစေဟောင်း ဘုရား ပြုပြင်ရေး၊ ဓမ္မစေတီကမ္ဘာ့အကြီးဆုံးရုပ်ပွားတော်တည်ဆောက်ရေး၊ ဓမ္မစေတီကမ္ဘာ့ အကြီး ဆုံးကြေးစည်တော် လှူဒါန်းရေး၊ ဓမ္မစေတီပရိယတ္တိကျောင်းတိုက်(ရန်ကုန် နှင့်မင်းကွန်း) တည်ဆောက်ရေး၊ ဓမ္မစေတီပဋိပတ္တိသာသနာ့ရိပ်သာ(ရန်ကုန်နှင့် မင်းကွန်း)တည်ဆောက် ရေး၊ ဓမ္မစေတီသီလရှင် စာသင်တိုက်တည်ဆောက်ရေး၊ ဓမ္မစေတီရေအလှူတော်၊ ဓမ္မစေတီမျက်စိဆေးရုံ(ရန်ကုန် နှင့်မင်းကွန်း)တည်ဆောက်ရေး၊ ဓမ္မစေတီဘာသာရေး စာအုပ်ထုတ်ဝေရေး၊ ဓမ္မစေတီမဂ္ဂဇင်း ထုတ်ဝေရေး၊ ဓမ္မစေတီ နယ်ခြားဘာသာပြုပြင်ရေး၊ ဓမ္မစေတီနာဂစ်ကျောင်းတော်ဆောက်လုပ်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။ ဓမ္မစေတီကမ္ဘာ့အကြီးဆုံးရုပ်ပွားတော်ကြီးကို မန္တလေးမြို့ တော်ဝန်ဗိုလ်မှူးချုပ် ဖုန်း ဇော်ဟန်တို့နှင့်(၁၃၆၈)ခုနှစ်တွင် အုတ်မြစ်ချ၍စတင်တည်ဆောက်ကိုးကွယ်လျက်ရှိသည်။ ရုပ်ပွားတော် မြတ်ကြီးကိုပေ(၁၅ဝ)အမြင့်အထိတည်ထားကိုးကွယ်မည်ဖြစ်ပြီး ယခုအခါတွင် (၇ဝ)အထိ တည်ဆောက်ပြီးစီးနေပြီဖြစ်သည်။ ခန့်မှန်း ကုန်ကျငွေမှာ သိန်း(၅ဝဝဝ)ခန့် ကုန်ကျမည်ဟုသိရသည်။ နာဂစ်ကျောင်းတော်ဆောက်လုပ်ရေးအတွက် ဆရာတော်သည် နာဂစ်မုန်တိုင်းကြောင့်ပျက်စီးသွားခဲ့ရသောရဟန်းရှင်လူပြည်သူအပေါင်းအား ကျပ်သိန်း ပေါင်း(၁၂ဝဝ) ကျော်ခန့်(၇) ရက် (၇)လီသွားရောက်ကာ အဝတ်အစား၊ စားသောက်စရာ၊ ဆေးပစ္စည်းများလှူဒါန်းခဲ့သည့်အပြင် တရားပွဲများသို့ြ<ွကရောက်ကာ တရားများဟောကြား ခဲ့ပြီး လပွတ္တာ၊ ဘိုကလေး၊ မော်ကျွန်း၊(၃)မြို့နယ်တွင် ငွေကျပ်သိန်း(၂ဝဝ)တန်ဖိုးရှိ မုန်တိုင်း ဒဏ်ခံနှစ်ထပ်ကျောင်း(၁၃)ကျောင်းနှင့် ပေ(၆ဝ)အရှည် တစ်ထပ်အာစီ အလယ်တန်း ကျောင်း တစ်ကျောင်းဆောက်လုပ်လှူဒါန်းခဲ့သည်။ ဓမ္မစေတီကမ္ဘာ့အကြီးဆုံး ကြေးစည်တော်ကြီးကို မင်းကွန်းခေါင်းလောင်းတော်ကြီး နှစ်(၂ဝဝ)အထိမ်းအမှတ်အဖြစ် ကြေးပိဿာ(၃)သောင်းနှင့် ကမ္ဘာ့အကြီးဆုံးကြေးစည်တော် အဖြစ် သွန်းလောင်းပူဇော်မည်ဖြစ်ကာ ကြာဖူးတန်စောင်းတော်ကြီးနှင့် ထားရှိမည်ဖြစ် သည်။ ဓမ္မစေတီ ပရိယတ္တိကျောင်းတိုက်ကို မင်းကွန်းတောင်ရိုး၊ ပုထိုးတော်ကြီး၏ အနောက်ဘက်တွင် စတင်ဆောက်လုပ်နေပြီဖြစ်သည်။ ကျောင်း တိုက်အတွင်းတွင် ဗုဒ္ဓဂုဏ်ရည်ကျောင်းဆောင်၊ ဓမ္မဂုဏ်ရည်ကျောင်းဆောင်၊ သံဃာ့ဂုဏ်ရည်ကျောင်းဆောင်၊ မိဘဂုဏ်ရည်ကျောင်းဆောင်၊ ဓမ္မစေတီဇဓိပ ကျောင်း ဆောင်၊ သီရိရတနာအောင်မြေ ဘူမိသိမ်တော်၊ အောင်တမန်ကျောင်းဆောင်၊ အဓိသီလ ကျောင်းဆောင်၊ အဓိစိတ္တ ကျောင်းဆောင်၊ အဓိပညာကျောင်းဆောင်၊ ဆွမ်းစားကျောင်း ဆောင်၊ ဆွမ်းချက်ဆောင်၊ ကုဋီ၊ ရေကန်၊ ဘိုးတော်ဦးဝိုင်းအောင်မြေကန်၊ မဟာရံ အုတ်တံတိုင်း၊ စသည်တို့ကိုဆောက် လုပ်ပြီးစီးနေပြီဖြစ်သည်။ ကျောင်းတိုက်တွင်းတွင် သံဃာတော်အပါး(၇ဝ) ခန့် စတင်သီတင်း သုံးတော်မူနေပြီဖြစ်သည်။ ဓမ္မစေတီရှေးဟောင်း ဘုရားပြုပြင်ရေးအတွက် (၁၃၆၅) ခုနှစ်က မင်းကွန်းကောင်းမှုတော်ဘုရားကြီးကို ငွေကျပ်သိန်း(၈ဝဝ)အကုန် ကျခံ၍ ပြုပြင်ခဲ့ရာ မဟာ ရံတံတိုင်းကာရံခြင်း၊ ရွှေသင်္ကန်း ကပ်ခြင်း၊ အာရုံခံတန်ဆောင်း ဆောက် လုပ်ခြင်း၊ အဝင်လမ်းကျောက်ဆွေးလောင်း ခြင်း၊ မုခ်ဦးဆောက်လုပ်ခြင်း၊ ကျောက်ပြား ခင်းခြင်းတို့ကိုပြုလုပ်၍ (၁၃၆၆) ခုနှစ်တွင် ထီးတော်တင်လှူပွဲကျင်းပ ခဲ့သည်။ ပွင့်ဖြူမြို့နယ် လယ်ကိုင်းမြို့ဟောင်းမှ မိုးကောင်းရွှေပြည် စေတီတော်မြတ်နှင့် ကျုံပျော်မြို့နယ်အဆောင် မြို့ဆုတောင်းပြည့်ပန်း ပေါင်းစေတီတော် မြတ်နှင့်တံတားဦး မဟာဆေးအိုးဘုရားတို့ကို ဆရာတော်ကမတည်၍ ပြုပြင်ခဲ့ရာပြီးစီးပြီး ထီးတော်တင် လှူခဲ့ပြီးဖြစ်သည်။ နာဂစ်မုန် တိုင်းကြောင့် ပျက်စီးသွားသော စေတီတော် များကိုလည်း ဆရာတော်က ထီးတော်များ တင်လှူပေး လျှက်ရှိသည်။ ဓမ္မစေတီ ဖောင်ဒေးရှင်းကို လှူဒါန်းလိုပါက ဆရာတော် ဖုန်း(ဝ၂-၆၅၃၇၆)၊ (ဝ၉၂ဝ၂၄၅၄ဝ၊ဝ၉၆၈ ဝ၇၂၆၂)သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း လည်းသိရသည်။ ဆရာတော်၏ သက်တော်(၄ဝ)ပြည့် မွေးနေ့အလှူပွဲတွင်(၂၂၊၉၊၂ဝဝ၉)ရက်မှာ မုံရွာမြို့ ဦးဇော်ဖေနှင့် သားသမီးများကု သိုလ်အဖြစ် အဓိပညာကျောင်းဆောင် ရေစက်ချပွဲ ကျင်းပခဲ့သည်။ (၂၁၊၉၊၂ဝဝ၉)ရက်မှာ မန္တလေးမြို့မှ ဦးမြစိန်၊ ဒေါ်တင်ဦး မိသားစု ကုသိုလ်အဖြစ် ဓမ္မစေတီ ဆွမ်းစားကျောင်း ဆောင်ကြီး ရေစက်ချပွဲ ကျင်းပခဲ့သည်။ (၂၄၊၉၊၂ဝဝ၉)ရက်မှာ မုံရွာမြို့မှ ဦးဘိုဘို၊ ဒေါ်စိန်ဝေ(ဝေဝေအထည်ဆိုင်)မိသားစု၏ကုသိုလ် အဖြစ် အဓိသီလကျောင်းဆောင်နှင့် နာဂစ်ကျောင်းဆောင်(၄)ဆောင် ်ရေစက်ချပွဲကျင်းပ ခဲ့သည်။ (၂၅၊၉၊၂ဝဝ၉)ရက်တွင် ကျောင်းတိုက်အဝင် ကွန်ကရစ်လမ်းဖွင့်လှစ်ခြင်း (၇)ထပ်ကျောင်း ဆောင်တော်ကြီးဖွင့်လှစ်ခြင်း၊ ဓမ္မစေတီကြေးသွန်းခေါင်းလောင်း တော်ကြီး စတင်သွန်းလောင်းခြင်း၊ ကုသိုလ်အားလုံးကို စုပေါင်းရေစက်ချခြင်းတို့ကို ကျင်းပရာ မန္တလေးမြို့တော်ဝန် ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်တက်ရောက်ခဲ့သည်။ ဆရာတော်၏ သက်တော်(၄ဝ)ပြည့် မွေးနေ့အလှူပွဲကို (၄)ရက်တိုင်တိုင်မင်းကွန်းတောင်ရိုး၌ နေ့စဉ်ဆွမ်းလောင်းလှူဒါန်းခဲ့ သည်ကို တွေ့ရသည်။ သည့်အပြင် တပည့်ဒါယကာ ဒါယိကာမ အပေါင်းအား သရုပ်ဆောင် ကြည်သာ(ပွဲကြိုက် ခင်) ဦးစီးသည့် အဖွဲ့၏ ဖျော်ဖြေရေးများပြုလုပ်ခဲ့သည်။ ၎င်းင်းဖျော်ဖြေရေး တွင် သရုပ်ဆောင်ကြည်သာ(ပွဲကြိုက်ခင်)၊ မေရွက်ဝါ၊ မြို့တော်ချစ်ဖွယ်၊ ဦးစံမိုး၊ ကြာစိ၊ ဆောင်းနှင်းဝေဝေ၊ ဇာနည် စသည့် အနုပညာရှင်များက တေးသီချင်းများ သီဆိုဖျော်ဖြေခဲ့ကာ ဟာသပျက်လုံးများနှင့် ဖျော်ဖြေခဲ့ကြသည်။ မင်းကွန်း ဓမ္မစေတီဆရာတော် ဘုရားဘာသာသာသနာတော်အကျိုးကို သည့်ထက် မက စွမ်းစွမ်းတမံ စွမ်းဆောင်နိုင်ပါကြစေကြောင်း ဆန္ဒပြုလိုက်ရပေသည်။ စောသူရိန်ထွန်း