☆ ဒီနေရာမှာ ထင်ရှားတဲ့ သာဓက တစ်ခုကတော့ အရှင်ရာဟုလာမထေရ်
မြတ်ရဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ
အရှင်ရာဟုလာမထေရ်မြတ်အား စူဠရာဟုလောဝါဒသုတ္တန်ကို ဟောကြား
ပေးတော်မူကာ အရဟတ္တဖိုလ်ပေါက် ချေချွတ်တော်မူခဲ့ပါတယ်။

☆ စူဠရာဟုလောဝါဒသုတ္တန်မှာလာရှိတဲ့ ၀ိပဿ နာရှုကွက်ဟာ ခုပြောခဲ့တဲ့ အာဒိတ္တပရိယာယသုတ္တန်မှာ လာရှိတဲ့ ၀ိပဿ နာရှုကွက်နှင့် ပုံစံတူပဲ ဖြစ်ပါ
တယ်။ ဒီရှုကွက်ကို အရဟတ္တဖိုလ်သို့ ပေါက်သည်အထိ ၀ိပဿ နာ ရှုပွားသွား
တော်မူနိုင်တဲ့ အရှင်ရာဟုလာမထေရ်မြတ်ရဲ့ ရှေ့ပိုင်းအကြောင်းအရာတွေ
ကို နည်းနည်းတင်ပြလိုပါတယ်။

☆ အရှင်ရာဟုလာမထေရ်မြတ်ရဲ့ အလောင်းအလျာဟာ လွန်ခဲ့တဲ့ ကမ္ဘာ
တစ်သိန်းထက်က ပွင့်ထွန်းတော်မူခဲ့တဲ့ ပဒုမုတ္တရဘုရားရှင်လက်ထက်တော်
အချိန်အခါကတည်းက စတင်ကာ ဘုရားရှင်ရဲ့ ရင်တော်သွေး ရာဟုလာဖြစ်
ဖို့ရန် ဆုထူးပန်ထွာတော်မူကာ ပါရမီမျိုးစေ့တွေကို ပြုစုပျိုးထောင်ခဲ့တဲ့ သူ
တော်ကောင်းတစ်ဦး ဖြစ်ပါတယ်။ ဖုဿ ဘုရားရှင်ရဲ့ သာသနာတော်အတွင်း
ကဿ ပဘုရားရှင်ရဲ့ သာသနာတော်အတွင်းတွေမှာလည်း ပါရမီမျိုးစေ့တွေ
ကို ပြုစုပျိုးထောင်ခဲ့တဲ့သူ တစ်ဦးပင် ဖြစ်ပါတယ်။

☆ အရှင်ရာဟုလာမထေရ်မြတ်ဟာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူ
တဲ့အခါ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်လေးပါးတို့ကိုပါ ပူးတွဲရရှိတော်မူတဲ့ သူ
တော်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာမှာ ဖော်ပြထား
တဲ့အတိုင်း ပဋိသမ္ဘိဒါဉာဏ်တော်မြတ်လေးပါးတို့ကို ရရှိတော်မူတဲ့ သူတော်
ကောင်းတွေဟာ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ သင်္ခါ
ရုပေက္ခာဉာဏ်သို့တိုင်အောင်သော ၀ိပဿ နာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်း
အားထုတ်ဖူးခြင်းဆိုတဲ့ ပုဗ္ဗယောဂအင်္ဂါရပ်နှင့်လည်း ပြည့်စုံရပါတယ်။

☆ ဆိုလိုတာကတော့ အရှင်ရာဟုလာမထေရ်မြတ်ဟာ ရှေးရှေးဘုရားရှင်
တို့ရဲ့ သာသနာတော်အတွင်းမှာကတည်းက သင်္ခါရုပေက္ခာဉာဏ်သို့တိုင်
အောင်သော ၀ိပဿ နာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ဖူးပါတယ်။ ယခု
နောက်ဆုံးဘဝမှာလည်း ခုနစ်နှစ်သားအရွယ်မှာ သာသနာတော်သို့ ဝင်
ရောက်ကာ ရှင်ပြုခဲ့ပါတယ်။ ထိုအချိန်အခါကစပြီးတော့ သီလကျင့်စဉ်
သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဆိုတဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို ဖြည့်
ကျင့်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သိက္ခာသုံးရပ် အကျင့်မြတ်ကို လိုလား
တောင့်တကြတဲ့ ရဟန်းတော်တို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူး
ကို ရရှိတော်မူမည့် သူတော်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

☆ တစ်ဆယ့်ရှစ်နှစ်သားအရွယ်တော်သို့ ရောက်ရှိတဲ့အခါမှာ ဘုရားရှင်
ထံတော်မှ မဟာရာဟုလောဝါဒသုတ္တန်ကို နာကြားခွင့် ရရှိခဲ့ပါတယ်။ ထို
သုတ္တန်မှာ ဘုရားရှင် ညွှန်ကြားထားတော်မူတဲ့အတိုင်း အရှင်ရာဟုလာဟာ
အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, သြဠာရိက ( = အကြမ်း),
သုခုမ ( = အနု), ဟီန ( = အယုတ်), ပဏီတ ( = အမြတ်), ဒူရ ( = အဝေး),
သန္တိက ( = အနီး)ဆိုတဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေကြတဲ့
ဥပါဒါနက္ခန္ဓာငါးပါးတို့ကို .. “နေတ ံ မမ = ငါ့ဟာ မဟုတ်၊ နေသောဟမသ္မိ
= ငါမဟုတ်၊ န မေသော အတ္တာ = ငါရဲ့အတ္တမဟုတ်”လို့ ဒီလိုရှုနိူင်ခဲ့ပါတယ်။

☆ ဒီရှုကွက်ကတော့ ဆန္နောဝါဒသုတ္တန်အဋ္ဌကထာအဖွင့်အရ အနိစ္စလို့ ဒုက္ခ
လို့ အနတ္တလို့ ရှုနေတဲ့ ၀ိပဿ နာရှုကွက်နဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒီဝိပဿ
နာရှုကွက်ကို ရှုတော်မူနိုင်တဲ့ အရှင်ရာဟုလာဟာ နာမရူပပရိစ္ဆေဒဉာဏ်နှင့်
ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးတို့ကို ရရှိတော်မူထားပြီး ဖြစ်တယ် ဆိုတာကို
တော့ သဘောပေါက်ပါ။

☆ တစ်ဖန် နောက်တစ်ခု ပြောဦးမည် ..။ မဟာရာဟုလောဝါဒသုတ္တန်မှာပဲ
ဘုရားရှင် ညွှန်ကြားထားတော်မူတဲ့အတိုင်း ဓာတ်ကမ္မဋ္ဌာန်း အကျယ် ရှုပွား
နည်း ဓာတ်ခြောက်ပါးကမ္မဋ္ဌာန်းရှုပွားနည်းတို့ကိုလည်း ကျွမ်းကျင်စွာရှုပွား
တော်မူနိုင်တဲ့ သူတော်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ အာနာပါန
ကမ္မဋ္ဌာန်းကိုလည်း စတုက္ကလေးမျိုးတို့ဖြင့် တန်ဆာဆင်ကာ ဘုရားရှင် ညွှန်
ကြားထားတော်မူတဲ့အတိုင်း သမထပိုင်း ၀ိပဿ နာပိုင်းတွေကို ကျွမ်းကျွမ်း
ကျင်ကျင် ရှုပွားထားနိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ အရဟတ္တဖိုလ်ဝိမုတ္တိကို
ရင့်ကျက်စေကြောင်းဖြစ်တဲ့ ၀ိမုတ္တိပရိပါစနိယတရား (၁၅)ပါးတို့နှင့် ပြည့်စုံ
အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬
☆ ဝိမုတ္တိပရိပါစနိယတရား (၁၅) ပါး☆
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
၁။ သဒ္ဓါတရားမရှိတဲ့ ပုဂ္ဂိုလ်တွေကို ရှောင်ကြဉ်ခြင်း
၂။ သဒ္ဓါတရား ထင်ရှားရှိတဲ့ ပုဂ္ဂိုလ်တွေကို မှီဝဲဆည်းကပ်ခြင်း
၃။ သဒ္ဓါတရားကို ဖြစ်ပေါ်စေနိုင်တဲ့ ကြည်ညိုဖွယ်ရာ သုတ္တန်ဒေသနာ
တော်တို့ကို ဆင်ခြင်ခြင်း ..
ဒီတရားသုံးမျိုးတို့ဖြင့် သဒ္ဓိန္ဒြေကို စင်ကြယ်အောင် ကျင့်ခြင်း၊
၄။ ပျင်းရိတဲ့ ပုဂ္ဂိုလ်တွေကို ရှောင်ကြဉ်ခြင်း
၅။ သမထ ၀ိပဿနာဘာဝနာတွေကို အပြင်းအထန် ကြိုးစားအားထုတ်တဲ့
အာရဒ္ဓဝီရိယတရား ထင်ရှားရှိတဲ့ ပုဂ္ဂိုလ်တွေကို မှီဝဲဆည်းကပ်ခြင်း
၆။ သမ္မပ္ပဓာန်တရားတွေကို ဖြစ်ပေါ်စေနိုင်တဲ့ သုတ္တန်ဒေသနာတော်တို့ကို
ဆင်ခြင်ခြင်း ..
ဒီတရားသုံးမျိုးတို့ဖြင့် ဝီရိယိန္ဒြေကို စင်ကြယ်အောင် ကျင့်ခြင်း၊
၇။ သတိလက်လွတ်နေတဲ့ ပုဂ္ဂိုလ်တွေကို ရှောင်ကြဉ်ခြင်း
၈။ ထင်လင်းတဲ့ သတိရှိတဲ့ ပုဂ္ဂိုလ်တွေကို မှီဝဲဆည်းကပ်ခြင်း
၉။ သတိပဋ္ဌာန်တရားကို ဖြစ်ပေါ်စေနိုင်တဲ့ သုတ္တန်ဒေသနာတော်တို့ကို
ဆင်ခြင်ခြင်း ..
ဒီတရား သုံးမျိုးတို့ဖြင့် သတိန္ဒြေကို စင်ကြယ်အောင် ကျင့်ခြင်း၊
၁၀။ သမာဓိမရှိတဲ့ ပုဂ္ဂိုလ်တွေကို ရှောင်ကြဉ်ခြင်း
၁၁။ သမာဓိရှိတဲ့ ပုဂ္ဂိုလ်တွေကို မှီဝဲဆည်းကပ်ခြင်း
၁၂။ စျာန်ဝိမောက္ခတရားတွေကို ဖြစ်ပေါ်စေနိုင်တဲ့ သုတ္တန်ဒေသနာတော်
တွေကို ဆင်ခြင်ခြင်း ..
ဒီတရားသုံးမျိုးတို့ဖြင့် သမာဓိန္ဒြေကို စင်ကြယ်အောင် ကျင့်ခြင်း၊
၁၃။ ၀ိပဿ နာဉာဏ်ပညာ စတဲ့ ပညာကင်းမဲ့နေတဲ့ ပုဂ္ဂိုလ်တွေကို ရှောင်
ကြဉ်ခြင်း
၁၄။ ၀ိပဿ နာဉာဏ်ပညာ စတဲ့ ပညာရှိတဲ့ ပုဂ္ဂိုလ်တွေကို မှီဝဲဆည်းကပ်ခြင်း
၁၅။ ခန္ဓာ အာယတန ဓာတ် ပဋိစ္စသမုပ္ပါဒ်တို့နှင့် ဆက်စပ်နေတဲ့ နက်နဲတဲ့
သုတ္တန်ဒေသနာတော်တွေကို ဆင်ခြင်ခြင်း ..
ဒီတရားသုံးမျိုးတို့ဖြင့် ပညိန္ဒြေကို စင်ကြယ်အောင် ကျင့်ခြင်း ----
☆ ဒီတရား (၁၅)မျိုးတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို စင်ကြယ်အောင် ကျင့်ခြင်း
ဟာ အရဟတ္တဖိုလ်ဝိမုတ္တိကို ရင့်ကျက်စေတတ်တဲ့ အကြောင်းတရားတွေ
ဖြစ်ကြပါတယ်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
☆ တစ်နည်း ၀ိမုတ္တိပရိပါစနိယတရား (၁၅) ပါး ☆
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

☆ ၁-၅။ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ ( = ၀ိပဿ နာပညာ)ဆိုတဲ့ ဣန္ဒြေ
ငါးပါးတို့ ရင့်ကျက်ခြင်း
၆။ ကိလေသာထု အစိုင်အခဲတွေကို ဖောက်ခွဲခြင်းငှာ စွမ်းနိုင်တဲ့, ခန္ဓာ
အာယတန ဓာတ် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့အပေါ်၌ အနိစ္စလို့
ရှုနေတဲ့ အနိစ္စသညာ၊
၇။ အနိစ္စဖြစ်တဲ့ ယင်းတရားတို့၌ ဒုက္ခလို့ ရှုနေတဲ့ ဒုက္ခသညာ၊
၈။ ဒုက္ခဖြစ်တဲ့ ယင်းတရားတို့၌ အနတ္တလို့ ရှုနေတဲ့ အနတ္တသညာ၊
၉။ အကုသလဝိတက်တွေကို ပယ်ရှားနိုင်ရေးအတွက် စျာန်သမာပတ်
တွေကို ဝင်စားနေခြင်း၊ အကုသလဝိတက်တွေ ကင်းစင်ရေးအတွက်
သင်္ခါရတရားတွေရဲ့ အပျက်သက်သက်ကို အာရုံယူကာ လက္ခဏာရေး
သုံးတန်သို့ တင်ကာ ၀ိပဿ နာရှုနေခြင်းဆိုတဲ့ ပဟာနသညာ၊
၁၀။ ရာဂကင်းရာ နိဗ္ဗာန်တရားတော်မြတ်ကို ဆင်ခြင်ခြင်း, ရာဂကင်းရာ
နိဗ္ဗာန်ဘက်သို့ ညွတ်ကိုင်းရှိုင်းလျက် သင်္ခါရတရားတွေရဲ့ အပျက်သက်
သက်ကို အာရုံယူကာ လက္ခဏာရေးသုံးတန်သို့ တင်ကာ ၀ိပဿ နာ
ရှုနေခြင်းဆိုတဲ့ ၀ိရာဂသညာ၊
၁၁။ မိတ်ကောင်း ဆွေကောင်း သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်း၊
၁၂။ သီလကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
၁၃။ အလွန် ခေါင်းခေါင်းပါးပါး ကျင့်ခြင်း၊
၁၄။ သမထ ၀ိပဿနာဘာဝနာတွေကို ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်
ခြင်း၊
၁၅။ ကိလေသာထု အစိုင်အခဲတွေကို ဖောက်ခွဲခြင်းငှာ စွမ်းနိုင်တဲ့ သမ္မသန
ဉာဏ်မှစ၍ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင်သော ၀ိပဿ နာဉာဏ်
အားလုံးတို့နှင့် ပြည့်စုံခြင်း ---
အားလုံးပေါင်းလိုက်တော့ ၀ိမုတ္တိပရိပါစနိယတရား (၁၅)ပါးတို့ပဲ ဖြစ်ကြ
ပါတယ်။

☆ စူဠရာဟုလောဝါဒသုတ္တန်ကို နာယူတော့မည့်အချိန်အခါမှာ အရှင်
ရာဟုလာမထေရ်မြတ်ရဲ့ သန္တာန်မှာ ဒီဝိမုတ္တိပရိပါစနိယတရား (၁၅)ပါးတို့
ဟာ ပြည့်စုံနေရုံတွင်သာမက အရဟတ္တဖိုလ်ရနိုင်လောက်အောင်ပင် ရင့်
ကျက်နေပြီ ဖြစ်ပါတယ်။ ဒီလိုရင့်ကျက်နေပြီဆိုတာကိုလည်း သိရှိတော်မူတဲ့
အတွက် ဘုရားရှင်က ထိုနေ့မှာ အရှင်ရာဟုလာမထေရ်မြတ်ကို အန္ဓဝန်
တောအုပ် အတွင်းသို့ ခေါ်ဆောင်သွားတော်မူကာ စူဠရာဟုလောဝါဒသုတ္တန်
ကို ဟောကြားပေးတော်မူခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီအချိန်အခါမှာ အရှင်ရာဟု
လာမထေရ်မြတ်ဟာ ရဟန်းဖြစ်တော်မူပြီးနောက် သက်တော် (၂၁)နှစ်
အရွယ်သို့ ရောက်ရှိတော်မူနေပြီ ဖြစ်ပါတယ်။

☆ အဲဒီအချိန်အခါမှာ အရှင်ရာဟုလာမထေရ်မြတ်ရဲ့ သန္တာန်မှာ ၀ိမုတ္တိ
ပရိပါစနိယတရားတွေကလည်း ရင့်ကျက်နေကြပြီဖြစ်ရကား စူဠရာဟုလော
၀ါဒသုတ္တန်ကို နာယူနေစဉ်အချိန်အခါမှာ အရှင်ရာဟုလာမထေရ်မြတ်ဟာ
ဒေသနာတော်နောက်သို့ အစဉ်လိုက်ကာ ..
၁။ ဝတ္ထု = ဒွါရ (၆)ပါး,
၂။ အာရုံ (၆)ပါး,
၃။ ၀ိညာဏ် (၆)ပါး,
၄။ ဖဿ (၆)ပါး,
၅။ ဝေဒနာ (၆)ပါး ..

☆ ဒီတရားစုတွေကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ၀ိပဿ နာဘာဝနာ
ကမ္မဋ္ဌာန်းကို အောင်အောင်မြင်မြင် စီးဖြန်းတော်မူနိုင်တဲ့အတွက်ကြောင့်
ဒေသနာတော်နိဂုံး ပြီးဆုံးတဲ့အချိန်အခါမှာ ၀ိပဿ နာဉာဏ်တွေကလည်း
ရင့်ကျက်လာကြပြီဖြစ်တဲ့အတွက် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်
မူခဲ့ပါတယ်။

☆ ကိလေသာတောချုံပုတ်နှင့် တောချုံပုတ်ရဲ့ အဆွယ်အပွားတွေကို
အနုသယဓာတ်ငုတ်အမြစ်ပါ မကျန်ရအောင် အကြွင်းအကျန်မရှိ ကုန်စင်
အောင် ခုတ်ဖြတ်ရှင်းလင်းနိုင်တဲ့အတွက် ကိလေသာအပူမီးတို့မှ အငြိမ်းကြီး
ငြိမ်းအေးသွားတော်မူခဲ့ပါတယ်။

☆ ဒီကိလေသာတောချုံပုတ်နှင့် ကိလေသာတောချုံပုတ်ရဲ့ အဆွယ်အပွား
ကိလေသာတွေကို အရဟတ္တမဂ်ဉာဏ်တိုင်အောင်သော အရိယမဂ်ဉာဏ်
တွေက အကြွင်းအကျန်မရှိ ကုန်စင်အောင် ခုတ်ဖြတ်ရှင်းလင်းနိုင်တဲ့အတွက်
ကိလေသာအပူမီးတွေဟာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတဲ့အခါ
အငြိမ်းကြီး ငြိမ်းအေးသွားကြပါတယ်။
☆ ဒါကြောင့် တရားဦးအစက နိဒါန်းပျိုးထားခဲ့တဲ့, ဘုရားရှင် ဟောကြား
တော်မူတဲ့ ဂါထာဒေသနာတော်ကို ရှင်းလင်းတင်ပြထားတဲ့ သဘော
အဓိပ္ပာယ်တွေနဲ့ ညီညွတ်သွားအောင် ပြန်လည်ကာ အနုသန္ဓေ ဆက်ကြ
ရအောင်..။

☆ရဟနး်တော်များ အိုချစ်သားတို့ .. ။ ကိလေသာတောချုံပုတ်ကို။ ရှင်းလငး်ကြ
ဖြတေ်တာက်ကြပါကုန်လော့ ။ အေးမြတဲ့ အရိပ်အာဝါသရှိတဲ့ သာသနာ့
သစ်ပင်ကြီးတွေကို ။ မခုတ်လှဲကြပါကုန်လင့်၊ ကိလေသာတောချုုံပုတ်
ကြောင့်။ အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခဘေး စတဲ့ ဘေးဒုက္ခအမျိုးမျိုးသည်။
ဖြစေ်ပါ်၍ လာတတေ်ပ၏။ ကိလေသာတောချုံပုတ်ကိုလညး် ကောငး်။ ကိလေသာတောချုံပုတ်ရဲ့ အဆွယ်အပွားဖြစ်တဲ့ ကိလေသာချုံနွယ်ပိတ်ပေါင်း
ကိုလည်းကောငး်။ လေးပါးသော အရိယမဂ်ဉာဏ်ဖြင့် ဖြတ်တောက်နိုင်ကြ
ကုန်သည်ဖြစ်၍။ ကိလေသာအပူမီးတို့ကို ငြိမ်းအေးကြကုန်သည။ ဖြစကြ
ပါကုန်လော့။

☆ ဒီဂါထာဒေသနာတော်ကို ဟောကြားတော်မူပြီးနောက် ဘုရားရှင်က
ဆက်လက်ကာ နောက်ထပ် ဂါထာဒေသနာတော် တစ်ခုကို ဟောကြားပြသ
တော်မူပါတယ်။

☆ အမျိုးသားတစ်ဦးဟာ အမျိုးသမီးတို့အပေါ်မှာ အဏုမြူပမာ အလွန့်အလွန်
သေးငယ်နေတဲ့ တွယ်တာမက်မောမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားအပ်တဲ့ ငြိ
ကပ်နေတဲ့စိတ်ထား ရှိနေမည်ဆိုလျှင် ဒီလို ငြိကပ်မက်မောမှုကို ကိလေသာ
တောချုံပုတ်လို့ပဲ ခေါ်ဆိုပါတယ်။ ဒီကိလေသာတောချုံပုတ်နှင့် ကိလေသာ
တောချုံပုတ်ရဲ့ အဆွယ်အပွား ကိလေသာတွေကို အရိယမဂ်တရားဖြင့်
အကြွင်းမဲ့ မပယ်သတ် မဖျက်ဆီးနိုင်သေးသမျှကာလပတ်လုံး ဒီငြိကပ်
တွယ်တာမက်မောမှုဆိုတဲ့ ကိလေသာတွေဟာ ဆက်လက်ကာ ဖြစ်ပေါ်
နေကြမှာ ဖြစ်တယ်။ နို့မကွာသေးတဲ့ နွားသားငယ်ကလေးတစ်ကောင်ဟာ
မိခင်နွားမကြီးအပေါ်မှာ တွယ်တာမက်မောမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားအပ်
တဲ့ စိတ်ထားရှိနေသလို ဒီအမျိုးသားဟာလည်း အမျိုးသမီးတို့အပေါ်မှာ
တွယ်တာမက်မောမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားအပ်တဲ့ စိတ်ထားရှိနေမည်သာ
ဖြစ်ပါတယ်။ ဒီလိုစိတ်ထားရှိနေသမျှကာလပတ်လုံး ဒီအမျိုးသားအတွက်
ကိလေသာအပူမီးတွေဟာ မငြိမ်းနိုင်သေးပါ။ ကိလေသာအပူမီးတွေ မငြိမ်း
သေးသမျှကာလပတ်လုံး ဒီအမျိုးသားဟာ သံသရာခရီးကို ဆက်လက်ကာ
ချီတက်နေရဦးမည်သာ ဖြစ်ပါတယ်၊ သံသရာဝဋ်ဆင်းရဲဒုက္ခမှ မလွတ်မြောက်
နိုင်သေးပါ။

☆ သို့သော် ဒီကိလေသာအပူမီးတွေ ငြိမ်းသွားအောင် အရိယမဂ်ရေစင်
အရိယဖိုလ်ရေစင်တို့ဖြင့် ငြှိမ်းသတ်ရမှာ ဖြစ်ပါတယ်။ ဒီလို ကိလေသာ
အပူမီးတွေကို ငြိမ်းအေးစေနိုင်တဲ့ အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်တွေကို
ရရှိရေးအတွက် သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဆိုတဲ့ မဂ္ဂင်ရှစ်
ပါး ကျင့်စဉ်တရားတွေကို အောင်အောင်မြင်မြင် ကျင့်ကြံကြိုးကုတ် ပွားများ
အားထုတ်ကြရမှာ ဖြစ်ပါတယ်။ ဒီလို ကျင့်စေတော်မူလိုတဲ့အတွက် ဘုရားရှင်
က ဒွေဓာဝိတက္ကသုတ္တန်မှာ ဒီလို တိုက်တွန်းထားတော်မူခဲ့ပါတယ်။

☆ ချစ်သားရဟန်းတို့ ... ဤသို့လျှင် ငါဘုရားရှင်ဟာ နိဗ္ဗာန်ဆိုတဲ့
အကောင်းဆုံးသော ချမ်းသာသုခကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတဲ့, နှစ်သက်
မြတ်နိုးခြင်း ပီတိတရားကိုလည်း ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတဲ့, ကိလေသာ
ဘေးရန်တွေ ကင်းရှင်းနေတဲ့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားဆိုတဲ့ “မဂ္ဂင်
(ဟိုက်ဝေး) လမ်းမကြီး”ကို ဖွင့်လှစ်ပေးထားပြီး ဖြစ်ပါတယ်။ ကုမ္မဂ္ဂ-ခေါ်ဆို
တဲ့ မှားယွင်းနေတဲ့ မိစ္ဆာမဂ်လမ်းမကြီးကိုလည်း ပိတ်ဆို့ပေးထားပြီး ဖြစ်ပါ
တယ်။

☆ (တည်သမင်ဖိုနဲ့ တူနေတဲ့) ထိုထိုဘုံဘဝ ထိုထိုအာရုံတို့အပေါ်မှာ နှစ်သက်
တွယ်တာနေတဲ့ နန္ဒီရာဂ, (တည်သမင်မနဲ့ တူနေတဲ့) အသိမှားမှု အဝိဇ္ဇာတို့
ကို အကြွင်းမဲ့ ပယ်သတ် ဖျက်ဆီးကြောင်းဖြစ်တဲ့ ကျင့်စဉ်အရပ်ရပ်တွေကို
လည်း ချမှတ်ပေးထားပြီး ဖြစ်ပါတယ်။

☆ ချစ်သားရဟန်းတို့ ... တပည့်သာဝကတွေရဲ့ အကျိုးစီးပွားကို အစဉ်
ထာဝရရှာမှီးလျက် လိုလားတောင့်တလျက် အစဉ်သနားစောင့်ရှောက်တတ်
တဲ့ စိတ်ထားရှိနေတဲ့ သင်တို့ဆရာ ငါ ဘုရားဟာ သင်ချစ်သားတို့အပေါ်မှာ
အစဉ်သနားစောင့်ရှောက်လိုတဲ့ မဟာကရုဏာတော်ကို အကြောင်းပြုကာ
ပြုသင့်ပြုထိုက်တဲ့ တာဝန်ဝတ္တရားတွေကို သင်ချစ်သားတို့အတွက် ငါဘုရား
ပြုလုပ်လို့ ပြီးပါပြီ။

☆ ချစ်သားရဟန်းတို့ ...ဤသည်တို့ကတော့ သစ်ပင်ရင်းကျောင်းတွေ
ဖြစ်ကြတယ်၊ ဤသည်တို့ကတော့ ဆိတ်ငြိမ်တဲ့ တောကျောင်းတောင်ကျောင်း
တွေ ဖြစ်ကြတယ်၊ ချစ်သားရဟန်းတို့ ... ဒီလို သစ်ပင်ရင်းကျောင်းတွေမှာ
နေထိုင်ပြီးတော့ ဒီလို ဆိတ်ငြိမ်တဲ့ တောကျောင်းတောင်ကျောင်းတွေမှာ
နေထိုင်ပြီးတော့ လောကီစျာန် လောကုတ္တရာစျာန်တွေကို ဝင်စားကာ
သင်ချစ်သားတို့ရဲ့ သန္တာန်မှာ တည်ရှိနေကြတဲ့ ကိလေသာတောချုံပုတ်တွေ
ကို လောင်ကျွမ်းသွားအောင် ရှို့မြိှုက်ကြစမ်းပါ၊ သမထ ၀ိပဿ နာဘာဝနာ
ကုသိုလ်တရားတို့၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ မနေထိုင်ကြပါကုန်လင့်၊
နောင်သောအခါ သေခါနီးကာလကျမှ မကောင်းတဲ့ အာရုံနိမိတ်တွေ ထင်
လာတဲ့အတွက် “ငါတော့ မှားခဲ့လေပြီပေါ့ ..”လို့ စိတ်နှလုံး မသာမယာ မဖြစ်
ကြပါကုန်လင့် ..။ ဒီအဆုံးအမကတော့ သင်ချစ်သားတို့အတွက် ငါဘုရားရှင်
တို့က ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဆိုဆုံးမနေတဲ့ အဆုံးအမ ( = အနု
သာသနီ) တရားစကားတော်ပဲ ဖြစ်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ ...

ဖားအောက်တောရဆရာတော်

Special Thanks To:
☆Buddhavasa Tiloka☆