»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»
အရက်ကြိုက်တတ်သူများကို
ဝေဘူဆရာတော်ဘုရားကြီးပေးတဲ့ အရက်သောက်နည်း
»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ ဆရာတော်ကြီး အင်မတန်ကြည်ညိုတန်ဘိုးထားတဲ့ ဝေဘူဆရာကြီး အကြောင်းကို တရားဟောတိုင်း အလျင်းသင့်သလို ထည့်ပြောလေ့ရှိတယ်။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ဒကာတည်းက တဦးဖြစ်တဲ့ အပ္မမာဒတို့ကို မွေးထုတ်ခဲ့သော ဦးမြသန်းစံ မှာ သူငယ်ချင်းတဦးရှိပါတယ်။ အဲဒီရန်ကင်းက သူငယ်ချင်းဟာ အရက်သောက်လွန်းလို့ ဗိုလ်မှူး မြသန်းစံကလည်း မသောက်ဖို့ပြောပေမဲ့ သောက်နေလို့ မင်းဒီလိုဆိုရင် ဆရာတော်ကြီးဆီသွားဆိုပြီး ဆရာတော်ဘုရားကြီးထံလွတ်လိုက်တယ်လေ။ အဲဒီတော့ ဒို့ကဘာပြောရမလဲ။ အရက်သောက်တော။ သောက်တာသောက်။ သောက်တာသောက်ပေါ့။

သခင်နု(ဦးနု)တို့ခေတ်က သမတ စပ််ရွှေသိုက်ဆိုတာရှိတယ်။ အဲသူက သမတနေရာကနေ ဖယ်ခံရတယ်။ အဲဒီတော့ တနေ့ကို အရက်(၃)ပုလင်းသောက်တော့တယ်။ အဲကြာတော့ သူ့ဇနီးက ဝေဘူဆရာတော်ဘုရားကြီး ကိုကြည်ညိုကိုးကွယ်တော့ လာတိုင်တယ်။ ပြောမရလို့ပေါ့။ အဲဒီတော့ ဝေဘူဆရာတော်ကြီးက ဒါဖြင့်ရင် စဝ်ရွှေသိုက်ကိုခေါ်လာခဲ့ အရက်ပုလင်းပါ ယူလာခဲ့လို့ပြောလိုက်တယ်တဲ့။ အဲဒီတော့ ဝေဘူဆရာတော်ကြီးက အရက်ပုလင်းပါယူခိုင်းတယ်ဆိုတော့ မယူဘဲမနေရဲ့ဘူး။ ကျောင်းရောက်လာတော့ ဝေဘူဆရာတော်ကြီးက အရက်ပုလင်းချခိုင်းပြီးအရက်ငှဲ့ခိုင်းတယ်တဲ့။ ဖြေးဖြေးငှဲ့နော်။ ငှဲ့ခြင်တာလေးကို ကြည့်။ ငှဲ့လိုက်ပြီ။ ခွက်ထဲကို လောင်းထည့်ဗျာ။ ဖြေးဖြေးချင်းထည့်ဗျာ။ ဖြေးဖြေးချင်း။ ကဲဗျာ ခွက်ကိုကိုင်လိုက် ဟောခွက်ကိုမလိုက် တဖြေးဖြေးချင်း မယူဗျာ။ ပါးစပ်ကိုဟလိုက်ဗျာ။ ဖြေးဖြေးချင်းသောက်ဗျာ။ ဟော အခုပါးစပ်ထဲမှ ဟောလည်ချောင်းထဲရောက်သွားပြီ။ ဟောရင်ခေါင်းထဲ ဟောအူထဲဗျာနဲ့ ဟော အကြောတွေထဲ ရောက်လာပြီဗျာ။ ဟော ဦးဏှောက်ထဲရောက်ပြီဗျာ။ ဟော ခေါင်းထဲရောက်ပြီဗျာ။ အဲဒီလို တဆင့်ပြီးတဆင့် လုပ်ခိုင်းတော့တယ်တဲ့။ အဲဒီကစပြီး စပ်ရွှေသိုက်လည်း (၃)ပုလင်းကနေ(၂ ပုလင်းခွဲ) နောက်တော့ တဖြေးဖြေးနဲ့ပြတ်သွားတယ်တဲ့။

အဲဒီတော့ အရက်သောက်တဲ့သူတွေကို ကျုပ်ကတော့ သောက်ဗျာ သောက်ဗျာ သေအောင်သောက်ဗျာ လို့ဘဲ ပြောရမှာဘဲလို့ဆိုပြီး ဝေဘူဆရာတော်ဘုရားကြီး အရက်သောက်နည်းဖြစ်တဲ့ သတိဖြင့်လှုပ်ရှားမှုအဆင့်ဆင့် ခံစားမှုအဆင့်ဆင့်ကိုသိရှိအောင်လုပ်တဲ့နည်းနဲ့သောက်နည်းကို ဟောပြောတော်မူသွားပါသည်။

ကဲ ဓမ္မမိတ်ဆွေတွေထဲက တရားလည်းလုပ်တယ်။ ဘာသာရေးလည်းလိုက်စားတယ်။ ဒါပေမဲ့ ဒါလေးတော့ မပြတ်နိုင်ပါဆိုတဲ့ သူများ ဝေဘူဆရာတော်ဘုရားကြီးအရက်သောက်နည်းနဲ့သာ ကုသိုလ်ရတဲ့ အရက်သောက်နည်းနဲ့သောက်နိုင်ကြပါစေလို့ ဆရာတော်ဘုရားကြီးရဲ့တရားထဲမှ ဖော်ပြလိုက်ရပါတယ့့့်