ကိုယ်စိတ်ဖြစ်တာ ကိုယ်မသိတာ အဆိုးဆုံးပါ။
ကိုယ်အသေကို ကိုယ်မြင်ပြီး ဒုက္ခသစ္စာကိုသိလို့။
ဒုက္ခသစ္စာကိုမသိလို့ လှူမှု ပေးမှု ကိုရှာကြတာ။
သစ္စာသိရင် အသေလွတ်တဲ့ နိဗ္ဗာန်ကိုရှာရမှာ။
လူဖြစ်ရလို ဗြဟ္မာဖြစ်ရလို နတ်ဖြစ်ရလို တောင်းတာ။
အခုလည်းသေ နောင်ခန္ဓာရလည်းသေ၊ နှစ်ခါသေ မရဘူးလား?
နောင်ခန္ဓာကိုရရင် အို နာ သေကို ရှာနေတာ၊
အို နာ သေက လာဦးမှာ။
အို နာ သေ ဇတ်သိမ်းအောင်လုပ်မှ၊ အို နာ သေ
မလာတော့ဘူး။
ငါဘုရားရှာတာကတစ်မျိုး၊ ပုထုဇဉ်တွေရှာနေတာက
တစ်မျိုး၊ တစ်ချို ့သစ္စာမသိတဲ့ပုဂ္ဂိုလ်က သေရတဲ့ ခန္ဓာ
ရှိနေလျှက် ဆွမ်း ကွမ်း ဆေး ကျောင်း လှူပြီး နောင်ခန္ဓာ ရပါလို၏ ဆုတောင်းနေကြတယ်၊ မသေခင်ကတည်းက နောက်အသေကို တောင်းနေကြတာ။
ဒီအသေကို ဒီအသေဘဲ ရပါလို၏ ဆိုပြီး ဆုတောင်းနေတြတယ်၊ ဇာတိပိ ဒုက္ခသစ္စာပါပဲ၊
ရပြီးသားခန္ဓာက မတတ်နိုင် စုတိပြီး ပဋိသန္ဓေကလာ
စုတိက ဒုက္ခသစ္စာ ပဋိသန္ဓေကလည်း ဒုက္ခသစ္စာ။
ဝိပဿနာလုပ်မှ နောင်ခန္ဓာမလာမှာ။
မိဘရိုးရာတွေကို ခင်ဗျားတို့က မပြင်ချင်ကျဘူး။
အခု သေမယ်ဆို သိရဲ ့သားနဲ ့ နောင်ဘာဖြစ်အောင်
ဆုတောင်းလဲ? ခန္ဓာတွေရအောင် ဆုတောင်း၊
မိုက်လိုက်ကျတာ၊ မိုက်ချင်သေးရဲ ့လား?
မရှိတာက ဒုက္ခသစ္စာ သိတာက မဂ္ဂသစ္စာ၊
ကိုယ့်ခန္ဓာကိုယ် ဒုက္ခလို့ ကိုယ်သိ။
ကိုယ်အသေကို ကိုယ်သိတဲ့ဉာဏ်ရှိဖို့လိုတယ်။
ခဏ ခဏ သေနေကြတာကိုယ်မသိကြဘူး။
ဖြစ် ပျက်ကလဲ ခဏ ခဏ၊ မသိတာကလဲ(အဝိဇ္ဇာ)
ဘာနဲ့အသက်ရှင်နေလဲ? (အဝိဇ္ဇာနဲ့အသက်ရှင်နေတာ)
အတွေးကဘာလဲ? အမည်းလား? အဖြူလား?
အမည်းပါဘုရား။ မဂ် ဖိုလ် နိဗ္ဗာန်ရပါလို၏ ဆုတောင်း
မနေနဲ့၊ မရှိတာက ဒုက္ခသစ္စာ သိတာက မဂ္ဂသစ္စာ ရနေပြီ ကိုယ်ဒုက္ခကိုယ်သိနေတာ မဂ္ဂသစ္စာ၊
ဘုရားဖြစ်တာ သစ္စာသိလို့ ဘုရားဖြစ်တာ၊
သူ ့ဒုက္ခ သူသိတာ မရှိတာကို နောက်ကသိပေးရမှာ
ခန္ဓာကိုယ်ကြီးကို ချုံးပြီးကြည့်ရင်
"သဗ္ဗေ သင်္ခ ါရာဒုက္ခာ"