ကိုယ့်တရား ကိုယ် နာနိုင်အောင် ကြိုးစားကြ

”တရားနာတယ်”ဆိုတာ သစ္စတရားတွေကို နာနိုင်ဖို့ အရေးကြီးသည်။ ”သစ္စာတရား” ဆိုတာကလည်း စာထဲကသစ္စာကို ပြောသည်မဟုတ်၊ ခန္ဓာထဲကသစ္စာကို ဆိုလိုသည်။

ခန္ဓာထဲမှာကလည်း ရုပ်နှင့် နာမ်သာ ရှိသည်။ ထိုရုပ်နာမ် ၂_ပါး၊ အကျယ်အားချဲ့လျှင် ခန္ဓာငါးပါးတို့သည် ဒုက္ခသစ္စာများ ဖြစ်ကြ၏။

ထိုတရားတို့သည် တည်ငြိမ်နေကြသည် မဟုတ်။ စက္ကန့်မလပ် _ မီနစ်မလပ် တရစပ် ဖြစ်ပျက် ပြောင်းလွဲနေကြသည်။ မတည်မငြိမ်ဖြစ်နေကြသည်။ ဖောက်ပြန်နေကြသည်။ ယင်းတို့အားလုံး ဒုက္ခသစ္စာများချည်း ဖြစ်ကြသည်။

သမာဓိ ထူထောင်၍ ဉာဏ်ဖြင့် ကြည့်လျှင် မြင်နိုင်သည်။ ဖြစ်ပျက်ပြောင်းလွဲနေသော ဒုက္ခသစ္စာတရား… တို့ကို မြင်နိုင်၏။ မြင်သော ဉာဏ်ကား မဂ္ဂသစ္စာ ဖြစ်သည်။ ဒုက္ခသစ္စာကို မဂ္ဂသစ္စာဖြင့် မြင်နိုင်၏။

ဤသည်ကား ကိုယ့်ခန္ဓာရဲ့ အဖြစ်အပျက်ကို ကိုယ့်ဘာသာပြန်၍ မြင်နိုင်ခြင်း ဖြစ်၏။ ကိုယ့်ခန္ဓာကဟောတဲ့ တရားကို ကိုယ်တိုင် နာယူနိုင်​ခြင်​း ဖြစ်သည်။

အရှင်ဃောသိတ
မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘဝသာသနာ