ပဋိသန္ဓေအကျိုး၊ ပဝတ္တိအကျိုး။

**********

“ကံ” က အကျိုးပေးတယ်ဆိုတာ နှစ်မျိုးရှိတယ်။ ၁။ ဘဝတစ်ခုကို ပေးတာကို “ပဋိသန္ဓေ
အကျိုး” လို့ခေါ်ပါတယ်။ ၂။ ပဋိသန္ဓေနောက်မှာ ဆက်လက်ဖြစ်ပေါ်လာတဲ့ အကျိုးကို “ပဝတ္တိအ
ကျိုး” လို့ ခေါ်ပါတယ်။ ကံကနေ ထုတ်လုပ်တဲ့ ပဝတ္တိအကျိုးမှာကျတော့ ကံတရားတွေဝငိပြီး အ
ကျိုးပေးလို့ ရသေးတယ်။
“ခီဏံ ပုရာဏံ” အတိတ်ကံဟောင်းတွေကလည်း ကုန်ပြီး ဘဝသစ်တစ်ခုကို မထုတ်နိုင်
တော့ဘူး။ “နဝ နတ္တိ သမ္ဘဝံ” နတ္တိ သမ္ဘဝဆိုတာ အသစ်ဖြစ်တာလည်း မရှိတော့ဘူး။ ဘုရား၊
ရဟန္တာတွေမှာ ကံအသစ်က မဖြစ်တော့ဘူး။ ဘာလို့ မဖြစ်လည်းဆိုရင် ကိလေသာ ကုန်သွားလို့။
အဲဒါကြောင့်မို့ “ကိလေသ နိရောဓေ ကမ္မ နိရောဓော” တဲ့။ ကိလေသာ ကုန်သွားရင် ကံလည်း
ကုန်သွားပါတယ်။ သို့သော် အတိတ်ကံရဲ့ စွမ်းအားတွေက ခန္ဓာရှိနေသေးရင်တော့ ရှိနေတဲ့ ခန္ဓာ
နဲ့ ဆက်စပ်ပြီး ဒုက္ခပေးနိုင်သေးတယ်။
ဘုရားဖြစ်တဲ့ဘဝ၊ ရဟန္တာဖြစ်တဲ့ ဘဝမှာ အတိတ်ကံဟောင်းတွေက ခန္ဓာရှိနေလို့ ဒုက္ခ
ပေးနိုင်သေးတယ်။ သို့သော် နောက်ဘဝတစ်ခု ဖြစ်ပေါ်စေဖို့ ဆိုတာကျတော့ မတတ်နိုင်တော့ဘူး။
ဘာဖြစ်လို့ မတတ်နိုင်ဘူးဆိုတော့ ကိလေသာဆိုတဲ့အဖေါ် မရှိတော့လို့ ဖြစ်ပါတယ်။
ဘာနဲ့တူသလဲဆိုရင် မျိုးစေ့လေးတစ်ခုကိုကြည့်။ မျိုးစေ့လေးဟာ မြေ၊ ရေရဲ့အကူအညီ
မပါလို့ရှိရင် အပင်မပေါက်နိုင်ဘူး။ အဲဒီလိုပဲ ကံတရားတွေ၊ ကံဟောင်းတွေ ရှိနေလင့်ကစား ကိ
လေသာဆိုတဲ့ အကူမပါဘူးဆိုရင် ဘဝတစ်ခု အကျိုးမပေးတော့ဘူး။ အပင်တစ်ပင် မပေါက်နိုင်
တော့ဘူးလို့ ဆိုလိုပါတယ်။
ပဋိစ္စသမုပ္ပါဒ်မှာ ဒီသဘော အလွန်ထင်ရှားပါတယ်။ အဝိဇ္ဇာဆိုတဲ့ ကိလေသာရှိလို့ သံင်္ခ ါ
ရဆိုတဲ့ကံရှိတယ်။ အဲဒီ အဝိဇ္ဇာနဲ့ သင်္ခ ါရ၊ ကိလေသာနဲ့ ကံ နှစ်ခု ပေါင်းစပ်လိုက်ပြီး အကျိုးကို
ထုတ်လုပ်ကြတယ်။ “၀ိညာဏ” ဆိုတဲ့ ဘဝသစ် ပဋိသန္ဓေတစ်ခု ရလာပါတယ်။ ဒါကြောင့် ဘဝ
တစ်ခုဟာ ကံ ကိလေသာတွေရဲ့ အကျိုးဆက်လို့ပြောတာပါ။ ကံနဲ့ ကိလေသာတွေ ပေါင်းစပ်ပြီး
ထုတ်ထားတာပါ။
သူတော်စင်အပေါင်းတို့ ခန္ဓာကြီးကို ကြည့်လိုက် ကံနဲ့ ကိလေသာ နှစ်ရပ်က ပေါင်းစပ်ပြီး
တော့ ထုတ်လုပ်ထားတဲ့ ခန္ဓာကြီးပဲ။ အဲဒီ ကံနဲ့ ကိလေသာ နှစ်ရပ်ကပေါင်းစပ်ပြီး ထုတ်လုပ်ထား
တဲ့ ခန္ဓာကိုယ်ထဲမှာ ကိလေသာတွေ ကုန်သွားလင့်ကစား သူ့ရဲ့ အကျိုးဆက် ခန္ဓာကြီးရှိနေသေး
သမျှ ဟောဒီ ကံကြမ္မာက အကျိုးပေးနိုင်သေးတယ်။
{ သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ တော်သလင်းလဆန်း ၁၀
ရက်၊ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံ အိမ်တော်
ရာဘုရား ရတနာဃရဓမ္မဗိမာန်တော်ကြီးတွင် အရှင်နန္ဒမာလာဘိဝံသ(Phd) ဟောကြားသော
ဘုရားသော်မှ ပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ တရားတော်မှကောက်နုတ်ရေးသားပူဇော်
ပါသည်}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

ဦးသိန်းဝေ။