လွတ်မြောက်တဲ့စိတ်ဆိုတာ ` အရဟတ္တဖိုလ်စိတ် ´ ပဲ။
နောက်ဆုံး ဒီထိရောက်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြရမှာ
ဖြစ်ပါတယ်။ ထိုလွတ်မြောက်မှုဆိုတဲ့ စိတ်ကိုရဖို့ရာအတွက် -
၁။ မိတ်ကောင်း , ဆွေကောင်း ဆရာကောင်း, သမားကောင်း
ရှာရမယ်။
၂။ မိတ်ကောင်း , ဆွေကောင်း , ဆရာကောင်း , သမားကောင်း
အကြောင်းပြုပြီးတော့ ကိုယ်ကျင့်သီလ မြဲရမယ်။
၃။ တရားဓမ္မ နာယူရမယ်။
၄။ လုံ့လဝီရိယ ရှိရမယ်။
၅။ ပညာ ရှိရမယ်။

#အဲဒီအခြေအနေကောင်း ငါးမျိုး ရှိလာပြီဆိုရင် စိတ်ကလေး
လွတ်အောင် ဘာလုပ်ရမလဲ ???

#လောဘကလွတ်ဖို့ အသုဘကို ပွားပါ။
#ဒေါသကလွတ်ဖို့ မေတ္တာကို ပွားပါ။
#အတွေးတွေကနေ လွတ်မြောက်ဖို့ အာနာပါနသတိကို ပွားပါ။
#ငါဆိုတဲ့မာနကို ဖယ်ရှားပစ်ဖို့ အနိစ္စသညာကို ပွားပါ။
#အနတ္တသညာ ဝင်လာလို့ရှိရင် ငါဆိုတဲ့မာန ကင်းသွားလိ်မ့်မယ်။
အဲဒီအချိန်​မှာ လုံးဝလွတ်မြောက်တဲ့ စိတ်ရဲ့အခြေအနေတစ်ခုကို
ရရှိပိုင်ဆိုင်ကြမှာ ဖြစ်ပါတယ်။

#ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ