နကုလပိတာဒကာကြီးနဲ့ နကုလပိတာ ဒကာမ ကြီးတို့အကြောင်းကို ပြောကြရအောင်။ နကုလ ရဲ့အမေနဲ့ နကုလရဲ့အဖေ၊ သူတို့ကဘယ်မှာ နေတုံးဆိုလို့ရှိရင် ဘဂ္ဂတိုင်း သုသုမာရဂိရိ ဆိုတဲ့ မြို့မှာနေကြတယ်။ မြတ်စွာဘုရားက အဲဒီမြို့ရောက်လာပြီးတော့ ဘေသကဠာလို့ ခေါ်တဲ့ ဘေးမဲ့တောအုပ်ကြီးထဲမှာသီတင်း သုံးနေတယ်။ အဲဒီအချိန်မှာ နကုလပိတာ ဆိုတဲ့ ဒကာမကြီးက မကျန်းမမာဖြစ်တယ်။

အဲဒီအခါမှာ နကုလမာတာအိမ်ရှင်မက psychotherapy ကိုအသုံးပြုပြီး ကျန်းမာ အောင် ကုသပေးတယ်။ ဒီသုတ္တန်ကမှတ် သားစရာကောင်းတယ်။ နကုလပိတုသုတ် လို့ခေါ်တယ်။ အင်္ဂုတ္ထိုလ် ဆက္ကနိပါတ်မှာ ပါတယ်။ ဒီသုတ္တန်မှာ ပြဆိုထားတာက ဒီလိုပါ။

နကုလပိတာဆိုတဲ့ ဒကာကြီးက မကျန်း မမာဖြစ်နေတော့ နကုလမာတာက အနီး အနားမှာ ထိုင်ရင်း ယခုလိုတရားစကား ပြောကြားတယ်။

ရှင်သေရင် ငဲ့ကွက်တွယ်တာပြီး စိတ်မချ တဲ့အနေနဲ့ မသေပါနဲ့တဲ့။ အတွယ်အတာ နဲ့ သေတာမကောင်းဘူး။ မြတ်စွာဘုရား ကိုယ်တိုင်ကလည်းပဲ ဒါမျိုးကိုကဲ့ရဲ့ရှုတ် ချတော်မူတယ်။

ဆိုလိုတာကတော့ သူ့ကိုစိတ်ချပါလို့ပြော တာ။ စိတ်မချမရှိပါနဲ့လို့ပြောတာနော်။ သူပြောပုံက နေကောင်းအောင်ပြောတဲ့ပုံ မရှိဘူး။ ရှင်သေရင်လွတ်လွတ်ကျွတ်ကျွတ် သေပါဆိုတဲ့အဓိပ္ပါယ်မျိုးဖြစ်နေတယ်။ သူ့အပေါ်မှာဘာမှတွယ်တာငဲ့ကွက်ပြီး မနေနဲ့။ ဘာမှမပူပါနဲ့လို့ပြောတာ။ နောင် ရေးကိစ္စအတွက် ရှင့်စိတ်ထဲမှာဘာမှ တွေးပူမနေနဲ့။ ကိုယ့်တရားလေးကိုယ် နှလုံးသွင်းပြီး အေးအေးချမ်းချမ်းနေလို့ ပြောလိုတာပဲ။ နကုလမာတာကဆက် ပြောတယ်။

သြော် ငါမရှိတော့ရင် နကုလမာတာဟာ ကလေးတွေကို လုပ်ကိုင်ကျွေးမွေးနိုင်မှာ မဟုတ်ဘူး။ အိမ်ထောင်ရေးကိစ္စတွေ ထိန်းသိမ်းနိုင်မှာမဟုတ်ဘူးလို့ရှင်စိတ်ပူ ကောင်းပူမိလိမ့်မယ်။ အဲဒီလိုရှင်စိတ်မပူ ပါနဲ့တဲ့။ ကျွန်မဟာချည်ကောင်းကောင်း ငင်တတ်တယ်။ ရက္ကန်းရက်တတ်တယ်။ အိမ်တွင်းလုပ်ငန်းကျွမ်းကျင်ပါတယ်။ အဲဒါနဲ့ကလေးတွေကိုထမင်းဝအောင် ကျွေးနိုင်ပါတယ်။

နောက်တစ်ခု ရှင်စဉ်းစားလိမ့်မယ်။ ငါသေသွားလို့ရှိရင် နကုလမာတာဟာ နောက်အိမ်ထောင်များပြုသွားလေမလား လို့။ ဒါအတွက်လည်းရှင်မပူပါနဲ့တဲ့။ ရှင်နဲ့ကျွန်မအသိဆုံးပဲတဲ့။ ကျွန်မတို့ ဗြဟ္မစရိယသိက္ခာပုဒ်ကိုစောင့်ထိန်း တာ ၁၆နှစ်ရှိပြီတဲ့။ စာထဲမှာ အဲဒီအတိုင်း ပါပါတယ်။

နောက်တစ်ခုကျတော့ ရှင်ကတွေးမိ ကောင်းတွေးမိလိမ့်မယ်။ ငါမရှိတဲ့ နောက် နကုလမာတာဟာ ကျောင်းသွား ပြီးတော့ ဘုရားဖူးတရားနာမှာမဟုတ် ဘူးလို့ ရှင်စဉ်းစားမိကောင်းစဉ်းစားမိ လိမ့်မယ်။ ရှင်မရှိရင်ကျွန်မပိုတောင် သွားဖြစ်ဦးမယ်။ မပူပါနဲ့တဲ့။

နောက်တစ်ခုက ရှင်ထင်ကောင်းထင် လိမ့်မယ်တဲ့။ ကျွန်မဟာရှင်မရှိတဲ့နောက် ကျလို့ရှိရင် ကိုယ်ကျင့်တရားတွေပြည့်ဝ မှာ မဟုတ်ဘူး။ ဥပုသ်စောင့်ဖြစ်မှာမဟုတ် ဘူးလို့ အောက်မေ့ကောင်းအောက်မေ့မိ လိမ့်မယ်တဲ့။ ကျွန်မဟာမြတ်စွာဘုရားရဲ့ သီလအရှိဆုံး တပည့်မဥပါသကာတွေ ထဲမှာ တစ်ဦးအပါအဝင်ဖြစ်တယ်။ မယုံရင်ဘုရားသွားမေးကြည့်ပါတဲ့။ ဒီနေရာမှာ ဒီစကားလေးတောင်ပါး လိုက်သေးတယ်။

နောက်တစ်ခုက ငါသေသွားလို့ရှိရင် နကုလမာတာဟာသာသနာတော်မှာ ထောက်တည်ရာတို့ သက်သာရာတို့ ရဦးမှာမဟုတ်သေးဘူးလို့ထင်ကောင်း ထင်မိလိမ့်မယ်။ ကျွန်မဟာသောတာ ပန်ပါတဲ့။ သာသနာမှာ ရဲရဲဝံ့ဝံ့နဲ့ ထောက်တည်ရာ ရပြီးသားပုဂ္ဂိုလ်ဖြစ် ပါတယ်တဲ့။ ဒီအတွက်လည်းမပူပါနဲ့ တဲ့။ ရှင်စိတ်ချမ်းသာအောင်နေပါ။ ကျွန်မတို့အတွက်ဘာမှမပူပါနဲ့။ အားလုံးဟာစိတ်ချရစေရမယ်။

ဒီလိုပြောလိုက်တဲ့အခါကျတော့နကုလ ပိတာ ဒါယကာကြီးဟာ စိတ်ချမ်းသာ သွားပြီး နေကောင်းသွားသတဲ့။ ကျန်းမာရေးကောင်းသွားသတဲ့နော်။ လန်းလန်းဆန်းဆန်းဖြစ်ပြီးရောဂါ ဝေဒနာတွေပျောက်ပြီးတော့ တကယ် လည်း ကျန်းမာသွားတယ်တဲ့။ နကုလ ပိတု သုတ္တန်မှာ ဒီအတိုင်းပဲပါတယ်။ အေး ဒါလည်းပဲ psychotheraphy ပဲ။

အဲဒီတော့ တရားချစ်ခင်သူတော်စင် ပရိသတ်တို့ရေ နကုလမာတာ ဒကာမကြီးက မိမိရဲ့အိမ်သားများ အပေါ်မှာ အားပေးစကားပြောကြား ပြီးတော့ ရောဂါဝေဒနာပျောက်အောင် စိတ်နဲ့ကုစားပေးတာဟာ မြတ်ဗုဒ္ဓရဲ့ စာပေထဲမှာ တကယ့်ကိုမှတ်တမ်းရှိ ပါတယ်။ အေးဒါကြောင့်မို့ ဘယ်နည်း နဲ့ပဲဖြစ်ဖြစ် ဒီတရားဓမ္မကို အာရုံပြုပြီး တော့ ကြည်နှုးတဲ့စိတ်စွမ်းအားတွေ ဟာ ရောဂါကိုကုစားနိုင်ပါတယ်။ ဒါကိုပဲ Buddhist psychotherapy လို့ခေါ်လို့ရပါတယ်။

ဒါကြောင့်မို့လို့ တရားချစ်ခင်သူတော်စင် ပရိသတ်တို့သည် ဘဝသံသရာကြုံတွေ့ လာတဲ့အခါမှာ လူတိုင်းလူတိုင်းဟာ ရောဂါဝေဒနာဆိုတာ ဖြစ်တတ်တယ်။ ဖြစ်လာတဲ့အခါကျလို့ရှိရင် ဆေးချည်း ပဲအားမကိုးဘဲနဲ့ ဟောဒီဓမ္မစွမ်းအား လေးတွေကိုလည်း အားကိုးပြီးတော့ ရောဂါဝေဒနာပျောက်ပြီးသက်ရှည် ကျမ်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေလို့ ဘုန်းကြီးကဆု တောင်းပါတယ်။ အားလုံးတရားချစ်ခင် သူတော်စင်ပရိသတ်တို့သည် ဗုဒ္ဓ၏ psychotherapyနည်းကိုအသုံးပြု၍ ကျန်းမာမှု၊ ချမ်းသာမှုရရှိနိုင်ကြပါစေ ကုန်သတည်း။

ဒေါက်တာနန္ဒမာလာဘိဝံသ ရောဂါကုစားစိတ်စွမ်းအား