ဗိုလ် ငါးပါး

++++++++++++++

တရားအားထုတ်ရာမှာ ဗိုလ်ငါးပါးလို့ခေါ်တဲ့စိတ်ကို ကြီးကြပ်စောင့်ထိန်းသည့်
တရားငါးမျိုးကို ညီညွှတ်မျှတအောင် သုံးစွဲခြင်းဖြင့် တရားအသိဉာဏ်ကို လွယ်ကူလျှင်မြန်စွာ
သိရှိနိုင်ပြီး၊ နိဝရဏတရားနှင့် ကိလေသာတို့ကိုလည်း လွှမ်းမိုးဖယ်ရှားနိုင်ပါတယ်။
ဗိုလ် ငါးပါးမှာ= ၁။ သဒ္ဒါဗိုလ် (ယုံကြည်မှု)
၂။ ပညာဗိုလ်
၃။ သတိဗိုလ် (ပိုတယ်မရှိပါ၊ လိုတယ်သာရှိပါတယ်။)
၄။ ၀ိရိယဗိုလ်
၅။ သမာဓိဗိုလ် တို့ ဖြစ်ပါတယ်။
သဒ္ဒါနှင့် ပညာ၊ ၀ိရိယနှင့် သမာဓိ တို့ဟာ ချိန်ခွင်သဖွယ် အတိုးအလျော့ မရှိဘဲ
ညီညွှတ်မျှတအောင် “သတိ”နှင့် စောင့်ထိန်းပေးပြီး ရှုမှတ်ကြရပါတယ်။ သတိကတော့
ပိုတယ်မရှိ၊ လိုတယ်သာရှိတယ် ဆိုသလို အရာရာအရေးကြီးပြီး အဓိကကျကြပါတယ်။
{ မြင့်ရွှေ(ပေါင်းတည်) ၏ ၀ိပဿနာကမ္မဋ္ဌာန်းအကြောင်း သိကောင်းစရာမှ ကူးယူရေးသား
ပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

ဦးသိန်းဝေ။