၀ိပဿနာရှုခြင်းကြောင့် စူဠသောတာပန်ဖြစ်ခြင်း

********

၀ိပဿနာအားထုတ်စဉ်တွင် မိမိ၏ ခန္ဓာကို သမာဓိအားကောင်းစွာဖြင့် ကြည့်နေလျှင်
ခန္ဓာဖောက်ပြန်မှု အမျိုးမျိုးကို တွေ့နိုင်၏။ ခန္ဓာတို့တွင် ပူလိုက် အေးလိုက် တင်းသွားလိုက်
လျော့သွားလိုက်နှင့် ဓာတ်တွေဖောက်ပြန်မှု အမျိုးမျိုး ဖြစ်လိုက် ပျက်လိုက် (ဖြစ်ပျက်) ကို
ဉာဏ်ဖြင့် တွေ့မြင်ရ၏။ ဤသို့ ဖြစ်ပျက်ကိုတွေ့လျှင်ပင် တစ်ဘဝအတွက် အပယ်မကျနိုင်
အာမခံချက်ရတဲ့ စူဠသောတာပန်ဖြစ်ပြီဟု ဆုံးဖြတ်နိုင်သည်။
{ မြင့်ရွှေ(ပေါင်းတည်) ၏ စူဠသောတာပန်ဖြစ်ခန်းမှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်။ }

ဦးသိန်းဝေ။