စိတ်တို့သည် အလွန်ဖြစ်ပျက် မြန်သောကြောင့် ကုသိုလ်၊ အကုသိုလ်စိတ် ရောနှောလျက်
ဖြစ်တတ်ပါသည်။ နံနက်စောစော အိမ်ပေါ်မှ ဘုရားရှိခိုးလျက် ကုသိုလ်စိတ် ဖြစ်နေစဉ် အိမ်
အောက်ထပ်မှ ရောင်းဝယ်မှုကိစ္စဖြင့် ခေါ်သံကြား၍ လောဘစိတ် ဖြစ်ရ၏။ ဘုရားအာရုံပြုနေ
စဉ် မခံချင်စဖွယ် ပြောလာသဖြင့် ဒေါသစိတ် ဖြစ်ရ၏။
ရောင်းမှု၊ ဝယ်မှု၊ လောဘကိစ္စ ပြုတုန်းမှာပင် လှူချင်တန်းချင်သည့်အခါ (သဒ္ဓါစိတ်)
ကုသိုလ်စိတ် ဖြစ်၏။ တစ်စုံတစ်ခု အလိုမကျ ဒေါသဖြစ်နေတုန်းမှာ ဆရာသမားတို့၏ အဆုံးအ
မကို သတိရ၍ “ကုသိုလ်စိတ်” ဖြစ်ပြန်၏။ တဏှာပေမ လောဘစိတ်ဖြင့် သမီးခင်ပွန်း စကား
ပြောနေစဉ် စကားပြောမတည့်၍ ဒေါသစိတ် ဖြစ်လေရာ တစ်ယောက်ယောက်က ကျေနပ်
အောင် ချော့ရသဖြင့် စိတ်ပျော့၍ လာသောအခါ လောဘစိတ် ဖြစ်ပြန်၏။
ဤသို့ စသည်ဖြင့် စိတ်တို့၏ပြောင်းလဲပုံ လျင်မြန်သောကြောင့် စိတ်ဖြစ်တိုင်း ဖြစ်တိုင်း
မိမိစိတ်ကို “စိတ်ကောင်းလား စိတ်ဆိုးလား”(ကုသိုလ်စိတ်လား၊ အကုသိုလ်စိတ်လား) ဟု ခွဲခြား
၍ သိအောင် သတိထားပြီးလျှင် မိမိစိတ်ကို (ကုသိုလ်စိတ်) စိတ်ကောင်းများများ ဖြစ်အောင် ပြု
ပြင်ပြီးနေလျှင် လောကီလောကုတ္တရာနှစ်ဖြာ အကျိုးရှိပါ၏။
တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း ကုသိုလ်စိတ်ဖြင့်နေကာ ဘဝမြင့်မြတ်
အောင် ကျင့်ကြံကြိုးကုတ်အားထုတ်ကြပြီးလျှင် ဘဝ မြင့်မြတ်သထက် မြင့်မြတ်ကာ မြတ်နိဗ္ဗာန်
ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
{ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘဝသံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။