“သစ္စာတရားဆိုတာ တခြာကို သွားရှာနေရမှာ မဟုတ်ဘူး
ကိုယ့်ခန္ဓာထဲမှာပဲ ရှိတယ်။ ကိုယ့်ဉာဏ်နဲ့ ကိုယ့်ခန္ဓာထဲ ကြည့်စမ်း။
ရုပ်ကြည့်ကြည့်၊ နာမ်ကြည့်ကြည့်၊ ကြိုက်ရာကြည့်။
ခိုင်တာ မြဲတာ တစ်ခုမှ တွေ့မှာမဟုတ်ဘူး။ အမြဲတမ်း ဖြစ်ပျက်
ပြောင်းလဲနေကြတာတွေ့မယ်။ အကုန်လုံး ပေါ်လိုက် ပျောက်လိုက်။
ပေါ်လိုက် ပျောက်လိုက်။

ဖြစ်လိုက် ပျက်လိုက် ဖြစ်လိုက် ပျက်လိုက်တွေ ချည်း တွေ့နေရမှာပဲ။
ပကတိမျက်စိနဲ့တွေ့ရမှာ မဟုတ်ဘူးနော်။ ဉာဏ်မျက်စိနဲ့သာ တွေ့ရမှာ.။
အဲ့ဒါတွေဟာ ဒုက္ခသစ္စာတွေချည်းပဲပေါ့။ ဘယ်မှာမရတော့ဘူးပေါ့။ အကောင်းဆိုလို့
ရမလဲ။

အဲ့ဒါတွေကိုမမြင်ကြလို့ အကောင်းတွေ ထင်ပြီးတော့ အဲ့ဒီရုပ်နာမ်
ဘဝတွေကို တောင်းနေကြတာ။ တောင်းတော့ ရရော။ ရတော့
ဒုက္ခထဲ ပြန်နစ်ကရော။

အခုလို ဒုက္ခသစ္စာတွေကိုမြင်ထားတော့ အကောင်းတွေ မဟုတ်ဘူး
ဆိုတာ သိရော။ သိတော့ အဲ့ဒီ ဒုက္ခသစ္စာတွေကိုတောင်းဦးမလား။
မတောင်းတော့ဘူး။ မတောင်းတော့ ဘာကိုပြောင်းပြီး
တောင်းသလဲဆိုတော့ အဲ့ဒီ ဒုက္ခသစ္စာတွေမှ လွတ်မြောက်ရာ နိဗ္ဗာန်ကိုသာ
တောင့်တ တော့တယ်။ အဲ့ဒီလိုဖြစ်အောင်လို့ ဦးစွာပထမ ဒုက္ခသစ္စာကို
သိအောင်လုပ်ပါ။ ပြီးမှ လှုပါလို့ ညွှန်ကြား ညွှန်ကြားနေရတာ။

အမှန်မှာ ဝဋ်ကို မတောင့်တမိအောင် ရှေးဆရာတော်ဘုရားကြီးများ
ပြုပြင်ပေးကြသလို ၀ိဝဋ္ဋ ဒါန ဖြစ်အောင် ညွှန်ကြားတော်မူခြင်းပင်
ဖြစ်၏။ အသစ် အဆန်းထွင်သည် မဟုတ်ချေ။

(မိုးကုတ် ဆရာတော်ဘုရားကြီး၏ တစ်ဘဝ သာသနာ မှ)
# အလင်းတန်း မေတ္တာအရှင်