1- ယခုဘဝ၌ပင်တရားထူးရနိုင်ခြင်း။

တရားတော်သည်အလွန်သိမ်မွေ့လှပြီး
အတိတ်အထုံကောင်းလွန်းလျင်
နာနေဆဲ တစ်ခဏမှာပင် မထင်မှတ်ပဲရသွားနိုင်ခြင်း
ကြောင့်

တရားတော်နာနိုင်ဖတ်နိုင်သည့်ဘဝမို့
နာဘို့သာ လိုရင်းကျလှကြောင်း

နာယူမှတ်သားနေသူအတွက် ယခုဘဝပင်
ရနိုင်ကြောင်း ဖော်ညွန်းခြင်းဖြစ်ပါသည်

2- မကျန်းမာသောအခါ တရားထူးရနိုင်ခြင်း

မကျန်းမာသူတို့ထုံးစံအတိုင်းစိတ်ဓာတ်ကျတတ်ပါသည်
အားငယ်တတ်ပါသည်။မာန်မာနလဲကျိုးတတ်ပါသည်။

ကျန်းမာစဉ်ကပြောမှားဆိုမှားတွေကိုသံဝေဂရနေတတ်
ပါသည်။

ထိုအချိန်မျိုးတွင်တရားကိုဆင်ခြင်နိုင်စွမ်းထက်မြက်
လာချိန်ဖြစ်၍ တရားထူးရနိုင်ချိန်ဟုဟောထားခြင်း
ဖြစ်ပါသည်။

3- သေခါနီး၌တရားထူးရနိုင်ခြင်း။

မိမိသေတော့မည်ဆိုသည်ကိုသေမည့်သူတိုင်းသိပီးမှ
သေလေ့ရှိပါသည်။
ယခင်ဖျားနာစဉ်ကဝေဒနာမျိုးထက်
ထူးခြားစွာခံရချက်ဆိုးလာခြင်းကြောင့်ပေတည်း။

ထိုအချိန်တွင်တရားနာဘူးထားသူမှာ ကိုယ့်ကိုယ်သာ
အားကိုးရတော့မှာပါလားဟူသည့်အသိဉာဏ်သည်
ကျန်းမာစဉ်ကာလထက်ထက်သန်လာကာ

နလုံးသွင်း ပိုမိုမှန်ကန်လာခြင်းကြောင့်ပေတည်း။

4- နတ်ပြည်ရောက်ချိန်တွင်တရားထူးရနိုင်ခြင်း။

နတ်ခန္ဓာသည်လူခန္ဓာကဲ့သို့၃၂ကောဌာသမစုံပေ။
ချွေး သလိပ် ပြည် တို့မရှိပေ။

လူ့ခန္ဓာမှာမူဉာဏ်ပေါ်တွင် သလိပ်၁ပြည်သားခန့်
ဖုံးအုပ်ထားကြောင်းဆောင်ဟောထားပါသည်။

နတ်ဉာဏ်ထက်သည်ဆိုခြင်းမှာ
နတ်ဉာဏ်ပေါ်တွင်သလိပ်ဖုံးအုပ်ထားမှု့မရှိခြင်း
ကြောင့်လည်း ဖြစ်ပါသည်။
လူ့ပြည်နေစဉ် တရားနာနေဘို့သာလိုရင်းပါ။

5- ပစ္စေကဗုဒါ္ဓ ဖြစ်နိုင်ခြင်း ။

မိမိ၏အတိတ်ပါရမီမည်မျှပါသည်ကိုမည်သူမျှမသိ
နိုင်ပေ။

ပစ္စေကဗုဒါ္ဓများမှာ တစ်ခဏနာရုံဖြင့်သာ
ဖြစ်သွားရိုးထုံးစံကိုဆိုလိုပါသည်။

သို့သော်ယခုဘဝ တရားနာပါလျက် တရားထူးမရ
ပေမဲ့ တမလွန်တွင် ပစ္စေကဗုဒါ္ဓရနိုင်သေးသည်ကို
ဆိုလိုပေသည်။
ယခုဘဝတရားနာ/တရားစာဖတ်နေဘို့သာလိုရင်းပါ။
(ပေဋကော။၁၈၇။)

#သို့သော်နာယူမှတ်သားဖတ်ကြားသောတရားသည်သစ္စာနှင့်စပ်သောတရားတဏှာရာဂနှင့်စပ်သောတရားပဋိစ္စသမုပါ္ပဒ်နှင့်စပ်သောတရား အစရှိသည့်

သုညတတရားတော်များ ဖြစ်ဘို့တော့လိုပါမည်။
# ဦးဇဝန မကွေး