❀ လောကမှာ ကိုယ့်အလုပ်ကိုယ်ကျွမ်းကျင်မှုမရှိရင် ပြစ်တင်ကြတယ်၊ တခြားအလုပ်ကို ကိုယ်မလုပ်တတ်တာ အပြစ်တင်စရာ မရှိဘူး၊ ကိုယ့်အလုပ် ကိုယ်မလုပ်တတ်ရင်တော့ အပြစ်တင်စရာဖြစ်တယ်။

❀ သို့သော်လည်းပဲ တစ်ချို့ အတွေးအခေါ်မပြည့်ဝတဲ့ပုဂ္ဂိုလ်တွေဟာ မြန်​မာနိုင်​ငံမှာ နေပြီးတော့ မြန်မာလူမျိုးဖြစ်ပါလျက်သားနဲ့ မြန်​မာစကား မတတ်ဘူး၊ တခြားဘာသာတတ်တာကို ဂုဏ်ယူနေတာက အလွန်ရှက်စရာကောင်းတဲ့အရာတစ်ခုပဲ ဖြစ်တယ်၊ မြန်မာဆိုရင် မြန်မာစကားတတ်ရမယ်၊ မြန်မာရဲ့ tradition တွေ သိရမယ်၊ မြန်​မာရဲ့ culture သိရမယ်၊ မြန်မာပီသရမယ်၊ ဒါ မြန်မာတွေအတွက် ဂုဏ်ယူစရာဖြစ်တယ်။

❀ မိမိကိုယ်တိုင်က အနောက်တိုင်းဆန်ချင်လို့
အနောက်တိုင်းသား ဖြစ်သွားမှာ မဟုတ်ဘူး၊ ဥရောပဆန်ချင်လို့ ဥရောပလည်း ဖြစ်သွားမှာ မဟုတ်ဘူး၊ မွေးလာတာ မြန်မာဆိုတော့ မြန်မာပီသဖို့က အရေးကြီးတယ်၊ မြန်မာပီသပြီး မြန်မာစကားကျွမ်းကျင်မှုက ပိုအရေးကြီးတယ်။

❀ တစ်ချိုု့က အင်္ဂလိပ်​လို တတ်ပြီး မြန်မာလို မသိဘူးဆိုတာကိုပဲ ဂုဏ်ယူပြီးတော့ ပြောနေတာ ရှက်စရာကောင်းတယ်၊ မြန်မာဖြစ်လျက်သားနဲ့ မြန်မာစကား မတတ်တာကမှ ရှက်စရာကောင်းတာ။

❀ ထို့အတူပဲ ရဟန်းသံဃာတွေအနေနဲ့ တခြားဘာသာရပ်တွေ မတတ်ချင်နေ၊ ပိဋကတ် မတတ်ဘူးဆိုတာကတော့ ရှက်စရာဖြစ်တယ်၊ ဒါကြောင့်မို့ ပိဋကကို အာရုံစိုက်ပြီး ဓမ္မတာဝန်ကို ထမ်းဆောင်ကြရမှာဖြစ်တယ်။

❀ ပိဋကတ်ပညာတတ်ဖို့ အချိန်ယူရတာနဲ့ ဘာသာစကားတစ်ခုတတ်ဖို့ အချိန်ယူရတာနဲ့က အလွန်ကွာခြားတယ်၊ ပိဋကပညာတတ်ဖို့ဟာ ၁၀-နှစ် အနှစ်-၂၀ အချိန်ယူပြီး သင်မှသာလျှင် တတ်နိုင်တယ်၊ ဘာသာစကားတစ်ခုက ၁-နှစ် ၂-နှစ် အတွင်းမှာ ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်လောက်အောင် အတိုင်းအတာတစ်ခုလောက်ထိ တတ်နိုင်တယ်၊ ဒါကြောင့်မို့ အလေးပေးရမှာကတော့ ပိဋကပညာလို့ဆိုတဲ့ ဓမ္မတာဝန်သာ ဖြစ်တယ်။

ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်

❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊
တရားအသိဉာဏ​်​ပေးလှူခြင်း
သက်သက်ဖြစ်ပါ၍
တရားဓမ္မကို လိုလားသော,
တရားဓမ္မကို ဖြန့်ဝေလိုသော
မည်သူမဆို
လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။