အစဉ်မပြေမှုတွေ မျ ားလာလို့ ဘုရားရှင်မျက်နှာတော်ကို စူးစူးစိုက်စိုက်နဲ့ ဖူးမြင်လိုက်တယ်ဆိုရင်ပဲ

ဗုဒ္ဓ ကချစ်သားအားမငယ်နဲ့တဲ့ ငါဘုရားရှင်လည်း
အဆဲခံရတာပဲ
အစွပ်စွဲခံရတာပဲ
လုပ်ကြံခံရတာပဲ

စားစရာအတွက် အခက်ခဲဖစ်လို့
တစ်ဝါလုံးကိုဂျံဆွမ်းပဲ ပီးခဲ့တာပဲ

ဝတ်စရာအတွက်အခက်ခဲဖစ်လို့
အလောင်းက ဝတ်ရုံကိုခွါပီး ဝတ်ခဲ့ရတာပဲ

နေစရာအတွက် အခက်ခဲဖစ်လို့
သစ်ပင်အောက်မှာပဲ နေခဲ့ရတာပဲ

အနာရောဂါ နှိပ်စက်လို့
ငါဘုရားရှင်လဲ ခံစားခဲ့ရတာပဲ

အခြံရံ မရှိလို့ ပါဂိလေယျ တောထဲမှာ
ဆင်ကြီးက ပြုစု လုပ်ကျွေးရတယ်

ချစ်သား

ဒါတွေကလောကဓံတွေပါတဲ့
ဘယ်သူမှမလွတ်ပါဘူးတဲ့

ဘယ်လိုဘဝမျိုးရောက်ရောက်
ကုသိုလ်ပြုဖို့ တရားရှာဖို့မမေ့ပါနဲ့တဲ့

အကောင်းအဆိုး ဆင်းရဲ ချမ်းသာ
အခြွေအရံပေါတာ အခြွေအရံရှားတာ
ချီးမွှမ်းတာ ကဲ့ရဲ့တာ

အဲ့ဒီရှစ်မျ ိုးဟာဘယ်မှာနဲ့မှမကင်းသလို
ခဏလေးပါပဲ ချစ်သားတဲ့

လူဖစ်တုန်း သာသနာကြုံတုန်း
သံသရာက လွတ်မြောက်အောင် စဉ်းစားပါတဲ့

ချစ်သား ဒုက္ခ ဘယ်လောက်ကြီးလို့လည်းတဲ့
ချစ်သမီး ပငဋစာရီလောက် ဆိုးနေလို့လားတဲ့
အားမငယ်ပါနဲ့ ချစ်သားတဲ့

သြော်
တရားတော်ကခံစားမှုအားလုံးကို အနိုင်ယူနိုင်
တဲ့သတ္တိ ရှိပါလားဆိုပီး ကျနေတဲ့ စိတ်ဓာတ်တွေ
ပြန်တက်လာပါတော့သည် ။

ချစ်သော ရာဟုလာ