အရောင်အဝါ လင်းထိန်နေသော ယောဂီများ များစွာ
ရှိပေလိမ့်မည်။ အဂ္ဂမဟာပဏ္ဍိတမိုးကုတ်ဆရာတော်
ဘုရားကြီးက ကိုယ်ရောင်ကိုယ်ဝါကို ကြည့်၍ လူတစ်
ယောက်၏ စိတ်နေသဘောထားကို သိနိုင်ကြောင်း
ဟောခဲ့ဖူး၏။

ယင်း ကိုယ်ရောင်ကိုယ်ဝါနှင့် စပ်၍ ဣန္ဒိယယောဂီ
များ အထူးသဖြင့် တိဗက်လာမာတန်ခိုးရှင်များအထူး
အရေးထား ပြောဆိုကြ၏။ တစ်ဖက်သား၏ စိတ်ကူး
စိတ်နေသဘောထားနှင့် ရောဂါအခြေအနေကိုအတိ
အကျ ပြောဆိုနိုင်သည် အထိ အလေးပေး လေ့လာ
ကြသည်။ ဘုရားရဟန္တာတို့၏ ကိုယ်ရောင်သည်သန့်
စင်သော အဝါရောင် ဖြစ်သည်ဟု ယုံကြည်ကြ၏။
ရေးသားကြ၏။ လူတိုင်းတွင်အရောင်ရှိကြောင်းလည်း
ယုံကြည်ကြသည်။

ပါဠိစာပေ ကျမ်းဂန်တို့၌ တွေ့ရသည်မှာကား မြတ်စွာ
ဘုရားသည် ပဋ္ဌာန်းကျမ်းကြီးကို ခုနစ်ရက်ပတ်လုံး
ဆင်ခြင် သုံးသပ်တော်မူသောအခါ ရောင်ခြည်တော်
ခြောက်ဖြာ ကွန့်မြူးထွက်ပေါ်ကာထက်အောက်ဖီလာ
စကြာဝဠာ အနန္တ ထုတ်ချင်းပေါက် လင်းထိန်သွား
ကြောင်း (ဓမ္မသင်္ဂဏီ အဋ္ဌကထာ၌) ဖော်ပြသည်။
(ဟဒယဝတ္ထုမှ ထုတ်လွှတ်သောသွေးများ၏အရောင်
ကိုလိုက်၍လည်း လူ၏စရိုက်စိတ်နေသဘောထားကို
ဆုံးဖြတ်သော အရာလည်း ရှိပေသေးသည်။)
ယင်းသို့ အရောင်အဝါထွက်သည်မှာ စိတ်ကြည်လင်
သန့်ရှင်း၍ နှလုံးသွေး ကြည်လင်သန့်ရှင်း၏။၎င်းစိတ်
နှင့် ဆက်သွယ်သော စိတ္တဇရုပ်၊ ဥတုဇရုပ်များအားလုံး
ကြည်လင် သန့်ရှင်း၏။ အရောင်ထွက်၏။ တန်ခိုး ဖန်
ဆင်း၍ ဖြစ်သည်မဟုတ်၊ နက်နဲသောတရားတော်များ
ကို ဆင်ခြင် သုံးသပ်၍ရောင်ခြည်တော်များ ထွက်ပေါ်
လာရခြင်း ဖြစ်သည်။ ( ဂိလာနသုတ် သံယုတ်အဋ္ဌက
ထာ၌) ရှင်မဟာကဿပသည် ဗောဇ္ဈင်တရားကို နာ
ကြား နှလုံးသွင်းရသဖြင့်“ မြတ်စွာဘုရား တရားတော်
သည် ထွက်မြောက်ကြောင်း အမှန်ဖြစ်ပေစွ” ဟုပီတိ
စိတ် ဖြစ်ရာမှ နှလုံးသားဟဒယဝတ္ထုရုပ်မှ စ၍ရုပ်များ
ကြည်လင်ကာ ရောဂါ ပျောက်ကင်းကြောင်း ဖွင့်ဆို
ထားသည်။ တရားကို ဆင်ခြင် သုံးသပ်ခြင်းသည်
အသားအရေ ကြည်လင် လှပခြင်း၊ အရောင်အဝါ
ထွက်ခြင်းမျှသာမက ရောဂါများပင် ပျောက်ကင်းစေ
နိုင်၏။

ဤကား ရုပ်နာမ်တရားတို့၏ ဆက်စပ် ကျေးဇူးပြုပုံ
ကို သတိပြုရန်ဖြစ်၏။ ရှေးအခါက ဣိန္ဒိယ စိတ်
ပညာရှင်တစ်ဦးက လူတစ်ယောက်၏ အရောင်နှင့်
စပ်၍ လေ့လာရေးသားဖူးသည်မှာ လူတွင် အရောင်
ရှိ၏။ ထိုအရောင်ရှိကြောင်း ဖမး်ယူ ထောက်ပြနိုင်
သော အရာကိုသတိမပြုကြ၍သာ ဖြစ်သည်။ ကြေး
မုံမှန်ပြင်၌ လူ၏ အရိပ်ထင်ခြင်းသည် အရောင်ပင်
ဖြစ်၏။ ထိုအရောင်သည် အဆုံးပိုင်းခြားမရှိသော
စကြဝဠာတို့၌ ပြေးလွှားနေကာ အမြဲတမ်းရှိ၏။ မိမိ
နှင့်တစ်ပေကွာ အရပ်၌ မှန်ထောင်ကြည့်လျှင် တစ်
ပေကွာ အရပ်၌ မိမိအရောင်ရှိကြောင်း သိနိုင်၏။
ထို့အတူပေတစ်ရာ နှစ်ရာ အကွာ၊ တစ်မိုင်၊ နှစ်မိုင်
အကွာ နောက်ဆုံး ဖမ်းယူနိုင်လောက်အောင် ဆွဲ
အားရှိသောမှန်သာရှိလျှင် အခြား စကြဝဠာ တစ်ခု
၌ပင် မိမိအရောင်ရှိနေကြောင်း သိနိုင်၏။

တိဗက်ပညာရှင်တို့ကလည်း ထို့အတူပင် ထာဝရ
တည်ရှိနေသည်ဟု ယူဆကြ၏။ တစ်စက္ကန့်လျှင်
၁၈၆၀၀၀ နှုန်းဖြင့် ပြေးသွားကြောင်း သိပ္ပံဆရာတို့
ကလည်း အလင်းရောင်မိုင်ကို အသုံးပြုကြသည်။
(ခန္ဓာကိုယ်မှ အီသာရစ်နှင့် ေ မာ်လီကျု ရိုက်ခတ်
အားများအကြောင်း ဤနေရာ၌ သိပ္ပံအမြင်ဖြင့်
ဆက်လက် သဘောပေါက်ရန်လည်း ရှိပေသေး
သည်။)

(မူလပဏ္ဏာသ အဋ္ဌကထာ၊ ပါသရာသိသုတ်၌)
ပဋ္ဌာန်းသုံးသပ်စဉ်က ထွက်ပေါ်လာသော ရောင်
ခြည်များ ယခုထက်ထိ စကြဝဠာအတွင်း ပျံ့နှ့ံ
တည်ရှိနေကြောင်း အတိအလင်း ဖွင့်ဆိုထား၏။
(ဗောဓိဝံသအဋ္ဌကထာ၌) လည်း တာဝတိံသာမှ
ဆင်းသောအခါ ထွက်ပေါ်ခဲ့သော တန်ခိုး ပြဋိ
ဟာ အရောင်များ
သာသနာကွယ်သည့် နေ့အထိ တည်ရှိကြောင်း
အတိအလင်းပင် ရေးသား ဖွင့်ဆို၏။ အဘိဓမ္မာ
သဘောအားဖြင့် ဘုတ်အဆက်ဆက်ရုပ်အဆက်
ဆက် ဆက်လက်ဖြစ်ပွားခြင်းပေတည်း။ဆိုက်ကို
မက်ထရီ စိတ်ပညာဆရာတို့ကမူပုံသဏ္ဍာန်အရိပ်
အရောင်သာမက ်လူတစ်ယောက်၏အကြံအစည်
စိတ်ကူးတို့ပင်လျှင် ပျောက်ကွယ်၍မသွား။ ထိုသူ
နှင့် ထိစပ်ရာ မှန်သမျှ ထင်ကျန်နေသည်ဟု ယုံ
ကြည်ကြ၏။ လူတစ်ယောက်သည် အခန်းတစ်ခု
၌ နေသွားလျှင် ကမ္ဘာကျေသော်လည်း ထိုသူ၏
အတွေးအရိပ်သဏ္ဍာန်များ ထိုအခန်း၌ အမြဲရှိ၏။

ကမ္ဘာပေါ်တွင် ရှေးရှေးက ထွက်ပေါ်ခဲ့သော
လောကီဘက်၊ လောကုတ္တရာဘက်၊ စစ်ရေး၊
စီးပွားရေးစသည်နှင့် စပ်၍ အောင်မြင်ခဲ့ကြဖူးသူ
တို့၏ ပုံသဏ္ဍာန် အရိပ်အရောင် အကြံအစည်
စသည်တို့ ထာဝရပျံ့နှ့ံ တည့်ရှိနေကြသည်။
သင်သည် စိတ်ကို ဗလာဖြစ်အောင် (နီဝရဏ
ကင်းစွာ) တည်ငြိမ်နေသောအခါ အထူးမကြိုးစား
ရဘဲ လုပ်ထုံးဟောင်းများနှင့် ထိတွေ့ကာ လျှပ်
တစ်ပြက် အသိဉာဏ် လင်းလာပြီးလျှင် အလို ရှိ
ရာဘက်၌ တိုးတက် အောင်မြင်နိုင်သည်ဟု ယုံ
ကြည်ကြ၏။ သာဓကလည်း အမျိုးမျိုးပြကြသည်။
ပဋိပတ် လုပ်ငန်းတွင်လည်း ရှေးက ရဟန္တာပုဂ္ဂိုလ်
ကြီးများ သမုတ်သွားသော သိမ်၊ သီတင်း သုံးဖူး
သောဌာန စသည်တို့၌တရားထိုင်လျှင် ပို၍တရား
ရလွယ်သည်ဟု ယုံကြည်သော ယောဂီများ၊လက်
တွေ့သာဓကများရှိကြလေသည်။အသက်ထင်ရှား
ရှိသော ရဟန္တာ အရှင်မြတ်ကြီးများထံ၌ဆည်းကပ်
ရသော် ဆိုဖွယ်မရှိ။

“ဓာတုသောဝ ဘိက္ခဝေ သတ္တာ သံသန္ဒန္တိ သမေန္တိ
(ဓာတုသံယုတ် ပါဠိတော်) သတ္တဝါတို့ အချင်းချင်း
ဓာတ်သဘောအားဖြင့်သာ နှီးနှော ဆက်သွယ်နေ
ကြသည်”” ဟူသောဒေသနာလည်း ဤ၌သာဓက
ပင်တည်း။

ဤကား စိတ်ပညာ၊ သိပ္ပံပညာတို့နှင့် ဆက်နွယ်၍
မပျောက်ပျက်သော အရိယာ ဓာတ်အားများနှင့်ထိ
တွေ့ဆက်သွယ်၍ ရနိုင်ပုံကို သဘောအမြွက်မျှ ပြ
ခြင်း ဖြစ်ပေ၏။အရောင်အဝါနှင့် စပ်၍ အနည်းငယ်
ဆက်လက် ပြဆိုရသော် တစ်ချိန်က မြတ်စွာဘုရား
သခင် ဝေနာဂပုရ ပုဏ္ဏားရွာကြီးသို့ ကြွရောက်စဉ်
ဘုရားရှင်၏ အသားအရောင်မှ ဇမ္ဗူရာဇ် ရွှေစင်ကဲ့
သို့လည်းကောင်း ရွှန်းလဲ့ဝင်းအိ၍ နေသည်ကို ဖူး
တွေ့ကြရသည်။ ပုဏ္ဏားများ ရင်သပ်ရှုမော အံ့သြ
နေကြ၏။ ဝစ္ဆဂေါတ္ထပုဏ္ဏားကမူ ပိုးဖဲကတ္တီပါ နူးညံ့
သော အိပ်ရာ နေရာကောင်းနှင့် နေရ၍သာ ဤမျှ
အသားအရေကြည်လင်တောက်ပသည်ဟု ယူဆ
၍ နှုတ်ကလည်း ဖွင့်ပြီး မေးမြန်းသည်။ ထိုအခါ
ဘုရားရှင်က-“ရဟန်းများကား နူးညံ့သော အိပ်ရာ
နေရာကောင်း ရခဲကြောင်း၊ ရသော်လည်း ရဟန်း
များနှင့်မအပ်စပ်ကြောင်း”မိန့်ဆိုပြီးလျှင် ရဟန်းတို့
သုံးစွဲမွေ့လျော်သော မြင့်မြတ်သော နေရာသုံးမျိုး
ကိုလည်းရှင်းပြသည်။

ထိုနေရာ (ဥစ္စာသယန မဟာသယန) သုံးမျိုးကား

၁။နတ်တို့၏ မြတ်သောနေခြင်း
(စျာန်လေးပါးဖြင့် နေခြင်း)၊

၂။ဗြဟ္မာတို့၏ မြတ်သောနေခြင်း ( ဗြဟ္မဝိဟာရ
လေးပါးဖြင့် နေခြင်း)၊

၃။အရိယာတို့၏ နေခြင်း (သမာပတ်ဝင်စား၍ နေ
ခြင်း) တို့ ဖြစ်ကုန်၏။ ယင်းနေခြင်း သုံးမျိုးတွင်
တစ်မျိုးမျိုးဖြင့် နေ၍ အသားအရေ ကြည်လင်ကာ
အရောင်အဝါများထွက်ကြောင်း မိန့်တော်မူလိုရင်း
ဖြစ်၏။ (ထိကအဂုင်္တ္တိုရ်၊ ဝေနာဂပုရသုတ်။)
ယခုအခါ ယောဂီများလည်း ဤသို့ ရှုမှတ်ပွားများ
နေကြသဖြင့် စိတ်ကြည်လင်၍ ရုပ်ကြည်ကာ
အရောင်အဝါများ ထွက်လာရပေသည်။ ( ဂန္ဓာရုံ
ဆရာတော်အခန်းနှင့် သေက္ဈတောင် ဆရာတော်
အခန်း၌လည်း ပြပေအံ့။)
အနာထပိဏ်သူဌေးကြီး ကုန်ရောင်း ကုန်ဝယ်သွား
စဉ် ဘုရားဖူးလိုစိတ်ဇောဖြင့် မိုးမလင်းမီထွက်သွား
ရာဗုဒ္ဓါရမ္မဏပီတိကြောင့် မိမိ၏ကိုယ်မှ ထွက်သော
အရောင်ဖြင့် ညအမှောင်တွင် သွားလာ၍ ရကြောင်း
လည်းဖတ်နာဖူးကြပေလိမ့်မည်။

ဘုရားရှင်ကား အတောင်ရှစ်ဆယ်အထိ ရောင်ခြည်
များ အမြဲတမ်း ကွန့်မြူးလျက်ရှိရာ လူတို့ကားတစ်လံ
မျှလောက်သာဟုထင်ကြရပေသည်။


ဓမ္မာစရိယဦးဋ္ဌေးလှိုင်
ရဟန္တာနှင့်လူပုဂ္ဂိုလ်ထူးများ