အရှင်​ရာဟုလာ ။ ။ မြတ်​စွာဘုရား​ တပည်​့​တော်​အား
တရားတိုတို ​ဟော​တော်​မူပါ ထိုတရားကို နာယူ၍
တပည်​့​တော်​ လိုက်​နာ ကျင်​့သုံးပါရ​စေဘုရား

မြတ်​စွာဘုရား ။ ။ ရာဟုလာ
မျက်​စိ စက္ခုပသာဒသည်​ မြဲသ​လား? မမြဲသလား?

အရှင်​ရာဟုလာ ။ ။ မမြဲပါ မြတ်​စွာဘုရား

မြတ်​စွာဘုရား ။ ။ မမြဲ​သော မျက်​စိ စက္ခုပသာဒသည်​
ဆင်​းရဲသလား? ချမ်​းသာသလား?

အရှင်​ရာဟုလာ ။ ။ မြတ်​စွာဘုရား မမြဲ​သော စက္ခုပသာဒသည်​ ဆင်​းရဲပါတယ်​ဘုရား

မြတ်​စွာဘုရား ။ ။ ရာဟုလာ မမြဲ​သော ဆင်​းရဲ၍
​ဖောက်​ပြန်​တက်​​သော ဤ မျက်​စိ စက္ခုပသာဒကို
ငါပိုင်​ဖြစ်​၏ ငါအတ္တဖြစ်​၏ မှတ်​သားခြင်​း ရှုမြင်​ခြင်​းငှါး
သင်​့​လျော်​ပါမည်​လား?

အရှင်​ရာဟုလာ ။ ။ မြတ်​စွာဘုရား မမြဲ​သော
​ဖောက်​ပြန်​ပျက်​စတက်​​သော မျက်​စိ စက္ခုပသာဒစသည်​ကို
ငါပိုင်​ ငါအတ္တဟု ရှုမြင်​ခြင်​းငှါး မသင်​့​လျော်​ပါဘုရား

မြတ်​စွာဘုရား ။ ။ ရာဟုလာ ဤကဲ့သို့ ရုပ်​နာမ်​တို့အ​ပေါ်၌
မှန်​ကန်​စွာ ရှုမြင်​​သောသူသည်​ တပ်​မက်​ခြင်​း စွဲလန်​းခြင်​းကင်​း၏ တပ်​မက်​ခြင်​း ကင်​းသည်​ရှိ​သော
ပူ​လောင်​​စေတက်​ ဆင်​းရဲ​စေတက်​​သော ကိ​လေသာမှ
လွတ်​​မြောက်​၏
#နိဒါနဝဂ္ဂသံယုတ်​ ရာဟုလသံယုတ်​ ပဌမဝဂ်​ စက္ခုသုတ်​

ဝိပဿနာအားထုပ်​သူ​တွေအတွက်​ တကယ်​့​ကောင်​းတဲ့ တရား