တစ်ခါသော် အနာထပိဏ်သူဌေးကြီးသည် ဘုရားရှင်ထံ မျက်ရည် လည်ရွဲနှင့် ရောက်ရှိလာခဲ့သည်။ အပြငး်အထန် မကျန်းမမာဖြစ်နေ
သော သမီး သုမနဒေဝီက မိမိအား "မောင်လေး" ၊ သူ့ကိုယ်သူ "မမ" ဟုသုံးနှုန်းပြောဆိုအပြီးတွင် ကွယ်လွန်သွားပုံ ဖြစ်ကြောင်းကုန်စင်ကို
လျှောက်ထားလေသည်။

ဘုရား
သူဌေးကြီး၊ တကယ်တော့ သင့်သမီးဟာ ကယောင်ကတမ်းနဲ့
ယောင်ယမ်းပြီး လျှောက်ပြောနေတာ မဟုတ်ပါဘူး။
သူဌေး
ဒါဆို ဘာဖြစ်လိုု ့တပည့်တော်ကို "မောင်လေး" လို ့ခေါ်ရတာ ပါလဲဘုရား။
ဘုရား
သင်က သင့်သမီးထက်ငယ််လို ့ကို "မောင်လေး" လိုု ့ခေါ်ပေ တာပဲ။ သင်က သောတာပန်၊ သူက သကဒါဂါမ်၊ သင့်ထက် သင့်သမီးက မဂ်ဖိုလ်လောကုတ္တရာဂုဏ်အားဖြင့် ကြီးတယ်
လေ။ လောကီနယ်မှာ သင်ဘယ်လိုပဲ ဖခင်အဆင့်မှာရှိစေ၊
လောကုတ္တရာ နယ်မှာတော့ မောင်လေးအဆင့်ပဲ ရှိပါသေး တယ်။ ဒါကြောင့် သင့်ကို "မောင်လေး" လို ့ခေါ်လိုက်တာပါ။
သူဌေး
သဘောပေါက်ပါပြီဘုရား။ အခု သူဘယ်ဘုံဘဝ ရောက်နေ ပါသလဲဘုရား။
ဘုရား
တုသိတာနတ်ပြည်မှာ ရောက်နေပေတယ် သူဌေးကြီး။
သူဌေး
တပည့်တော်ရဲ ့သမီးဟာ အသက်ရှင်စဉ်မှာလဲ မိဘဆွေမျိုး
တွေရဲ ့အလယ်မှာ တင့်တယ်ထည်ဝါစွာ စိတ်ချမ်းသာ
ပျော်ရွှင်မှုအပြည့်နဲ ့နေသွားခဲ့ပါတယ်။ အခု သေသွားပြီးတဲ့
နောက်မှာလဲ တင့်တယ်ထည်ဝါတဲ့ ဘုံမှာ စိတ်ချမ်းသာ
ပျော်ရွှင်စွာနဲ ့နေနေရပါပြီဘုရား။
ဘုရား
ဟုတ်ပေတာပေါ့။ မမေ့တဲ့သူ အပ္ပမာဒတရား လက်ကိုင်ထား တဲ့ သူမှန်သမျှဟာ ဒီပစ္စုပ္ပန်ဘဝမှာလဲ စိတ်ချမ်းသာပျော်ရွှင်ရ တယ်။ နောင်တမလွန်ဘဝမှာလဲ စိတ်ချမ်းသာပျော်ရွှင်ရတယ်။
"ဒီဘဝမှာ ငါကောင်းမှုပြုထားပြီးပြီ" ဆိုတဲ့အတွေးနဲ့ ဝမ်းသာရ
သလို နောင်ဘဝမှာ ကောင်းရာ သုဂတိ ရောက်ရတဲ့ အတွက်
ပိုပြီး ဝမ်းသာရပါတယ်။
သူဌေး
မှန်လှကြောင်းပါ အရှင်မြတ်ဘုရား။

သာဓု သာဓု သာဓ

ကျမ်းကိုး။ ။ဆန္ဒာဓိက၊ အရှင် (ရွှေပါရမီတောရ)။ အနှိုင်းမဲ့ရနံ့