အခါတစ်ပါး၌ မင်းသုံးပါးနှင့် သိကြားမင်းသည် ဘုရားအလောင်းတော် သရဘင်္ဂရသေ့ထံ ရောက်ရှိလာကာ သိလိုသည့် မေးခွန်းပြဿ နာ ကို မေးလျှောက်ကြသည်။

သိကြား
တစ်ရံတစ်ခါမျှ စိုးရိမ်မှု မရှိရလေအောင် အဘယ်တရားကို ပယ်သတ်ရ ပါမလဲ။
ရသေ့
ဒေါသကို ပယ်သတ်လိုက်လျှင် တစ်ရံတစ်ခါမျှ စိုးရိမ်ရတော့မည် မဟုတ်ပေ။
သိကြား
အဘယ်တရားကို ပယ်ရှားသော် သူတော်ကောင်းတို့၏ ချီးမွမ်း
ခြင်းကို ခံရပါမလဲ။
ရသေ့
ကျေးဇူးကန်းခြင်း မပြုသော် သူတော်ကောင်းများက ချီးမွမ်းကြ ပါလိမ့်မယ်။
သိကြား
အဘယ်သူ ပြောဆိုသော ကြမ်းကြုတ်စကားကို သည်းခံရမှာ ပါလဲ။
ရသေ့
မိမိထက်သာသူ၊ တန်းတူသူနဲ ့ မိမိအောက် နိမ့်ကျသူတို့ရဲ့ ကြမ်းကြုတ်စကားကို သည်းခံရမှာ ဖြစ်ပေတယ်။
သိကြား
မိမိထက်သာသူနဲ ့တန်းတူသူများရဲ့ ကြမ်းကြုတ်စကားကို သည်း ခံနိုင်ပါတယ်။ မိမိအောက် နိမ့်ကျသူရဲ့ ကြမ်းကြုတ်
စကားကို အဘယ်ကြောင့် သည်းခံရပါမလဲ။
ရသေ့
ကြောက်ရွံ့တဲ့အတွက် မိမိထက်သာသူ ရဲ့ ကြမ်းကြုတ်စကားကို သည်းခံကြတာ ဖြစ်တယ်။ တန်းတူသူရဲ့ စကားကို သည်းခံကြ တာက တော့ မိမိထက်သာသွားအောင် ကြံစည်အားထုတ်မှာကို စိုးရိမ်ကြလို့ပဲ။ ဒီသည်းခံခြင်း နှစ်မျိုးကို မြတ်တဲ့ သည်းခံခြင်းလို့ မဆိုနိုင်။ မိမိအောက် နိမ့်ကျသူရဲ့ ကြမ်းကြုတ်စကားကို သည်း ခံမှသာ ကြောက်ရွံ့စိုးရိမ်မှုကင်းတဲ့ သည်းခံခြင်းဖြစ်တဲ့အတွက်
သူတော်ကောင်းတို့က အမြတ် ဆုံးလို့ ့သတ်မှတ်ကြပေတယ်။

သာဓု သာဓု သာဓု
ကျမ်းကိုး။ ။ငါးရာငါးဆယ် သရဘင်္ဂဇာတ်။