မြင့်မြတ် ကျော်စောသော ဘုရားအား၎င်း သံဃာအား၎င်း ဂိုဏ်းအား၎င်း ဆေးတို့ကို လှူရသောကြောင့် ကံနှင့် လျော်သော ဆယ်ပါးသော အကျိုးတို့ကို ခံရစားရ၏ ... ။

၁။ အာယု = အသက်ရှည်ခြင်း
၂။ ဗလ = ခွန်အားဗလကြီးမားခြင်း
၃။ ဓီရ = ပညာရှိခြင်း
၄။ ဝဏ္ဏ = အဆင်းလှခြင်း
၅။ ယသ = အခြံအရံများခြင်း
၆။ သုခ = ချမ်းသာခြင်း
၇။ အနုပဒ္ဒဝေါ = ဥပဒ္ဒဝေါ မရှိခြင်း
၈။ အနီတိ = ရန်မရှိခြင်း
၉။ အပစိတ = ခပ်သိမ်းသော သူတို့ ရိုသေခံရခြင်း
၁၀။ ပိယဝိယောဂ = ချစ်သော သူတို့နှင့် မကွေကွင်းရခြင်း ။
စသောအကျိုးတရားများကိုရရှိစေပါသည်