- 7:30pm (Singapore, Brunei, Perth)
- 7:30am (New York)
- 10:30pm (Sydney)
- 9:00am (London)
- 6:00pm (Yangon)
- 6:30pm (Bangkok)
ကမ္ဘာသူ ကမ္ဘာသားတို့ ငြိမ်းချမ်းသည့်လူ့ဘောင်ကြီး ထူထောင်ရာတွင် အထောက်အကူဖြစ်စေဖို့......
သမ္မာဒေ၀ နတ်မြတ် နတ်ကောင်းတို့၏ စောင့်ရှောက်ကူညီမှု ရရှိစေဖို့.......
သဘာဝ ဘေးအန္တရာယ် ကင်းရှင်းစေဖို့ .......ရည်ရွယ်တော်မူလျှက် အဂ္ဂမဟာပဏ္ဍိတ ဗန်းမော်ဆရာတော်ကြီး ဒေါက်တာကုမာရာဘိဝံသ အမှူးပြုသော သံဃာတော် အရှင်မြတ်များနှင့် လူပရိသတ်တို့က ၂၈-၀၃-၂၀၁၀ (တနင်္ဂနွေနေ့) စင်္ကာပူစံတော်ချိန် ညနေ ၇ နာရီ ၃၀ မိနစ်တွင် Informatics Center ခန်းမကြီးအတွင်းမှ ပဋ္ဌာန်းတရားတော်များ ပွားများရွတ်ဖတ် ပူဇော်ကြမည်ဖြစ်ပါသည်။
Singapore မှ တရားချစ်ခင် သူတော်စင်တို့အနေဖြင့် ဝေငှထားသော ပဋ္ဌာန်းစာအုပ်ကလေးများကို ယူဆောင်လာကြပြီး ဆရာတော်ကြီးများနှင့်အတူတကွ ပွားများရွတ်ဖတ် ကြပါရန် နှိုးဆော်အပ်ပါသည်...
ရပ်ဝေး Internet Live Transmission ပေါ်မှတဆင့် တရားနာယူနေကြသော တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း မိမိတို့ သင်တော်လျှောက်ပတ်သည့် နေရာဒေသ အသီးသီးမှ ပဋ္ဌာန်းတရားတော်ကို အတူတကွ ပွားများရွတ်ဖတ် ကြပါရန် နှိုးဆော်အပ်ပါသည်....
