ခေတ်​ကြီးက မ​ကောင်း​တော့ဘူး​နော်
လူ​တွေက ​လောဘ ​ဒေါသ ​မောဟ​တွေဖုံးလွမ်း​နေပြီး
လုဖို့ ရိုက်​ဖို့ သတ်​ဖို့ ဝန်​မ​လေးကြ​တော့ဘူး...
မိန်းခ​လေး​တွေအတွက်​က ပိုအန္တရယ်​ကြီးတာ​ပေါ့...
အဲ့ဒီ​တော့ကိုယ့်​မှာလုံခြုံဖို့ မလိုအပ်​​ပေဘူးလား.....

မခက်​ပါဘူး​နော်​ စွဲစွဲမြဲမြဲလုပ်​ဖို့ပဲလိုတာပါ။
သရဏဂုံတမျိုးထဲသာ တချိန်​လုံးသတိရတိုင်း​ရွတ်​ပါ နှလုံးသွင်း
ကြပါ၊ တခု​မေးကြတာက မ​ကောင်းတာတခုခုလုပ်​​နေချိန်
မှာ​ကော ရွတ်​လို့ရပါသလားတဲ့?

ရပါတယ်​ ရွတ်​ပါ၊ ယုံယုံကြည်​ကြည်​နဲ့ရွတ်​ပါ
မလုပ်​တာထက်​စာရင်​ အကျိုး​ကျေးဇူးအလွန်​ကြီးပါတယ်​၊

အိမ်​သာထဲ​ရောက်​​နေလို့ ​နောက်​ဆုံး ကာမအမှု

ဟိုဒင်းပြု​နေတဲ့အချိန်​မှာ​တောင်
သတိရ​ကောင်း ရွတ်​ဆို​ကောင်းပါတယ်​။

သာဓကအ​နေနဲ့..
မြတ်​စွာဘုရားရှင်​ရဲ့​ကျောင်းအမကြီးဖြစ်​သူ ဝိသာခါ​ကျောင်း
အမကြိးဟာ ဘုရားကိုကြည်​ညိုလွန်း​တော့ အိမ်​သူလင်
ယောက်​ကျားနဲ့ ကာမအမှုပြုကြတဲ့ အချိန်​မှာ​တောင်​ မြတ်​စွာ
ဘုရားကို သတိရကြည်​ညိုမိသတ၊ဲ့ သူစိးုရိမ်​တာက အပြစ်​ဖြစ်
နိုင်​မလား​ပေါ့၊
ဒါနဲ့မြတ်​စွာဘုရားကို ​လျော်​ထားမေးမြန်​ခဲ့တယ်​​လေ...
" အရှင်​ဘုရား တပည့်​​တော်​မသည်​ အရှင်​ဘုရားကို
မေထုန်​အမှုပြုသည့်​အချိန်​မှာပင်​ သတိရကြည်​ညိုမိသည်​မှာ
အပြစ်​ရှိ/ဖြစ်​ပါသလားလို့​လျောက်​ထားရာ၊
မြတ်​စွာဘုရားက..
ချစ်​သမိးဝိသာခါ ငါဘုရားအား ဘယ်​ချိန်​ခါမဆို သတိရခြင်း
သည်​ မြတ်​၏" လို့​ဖြေကြား​တော်​မှုခဲ့တဲ့အတွက်​....
အချိန်​မ​ရွေးရွတ်​ကြပါ သတိရကြပါ၊
ဘယ်​လိုအန္တယ်​အ​ပေါင်းမှ မကျ​ရောက်​နိုင်​တဲ့အပြင်
မျက်​နှာမြင်​ချစ်​ခင်​ပါ​စေ အသံကြားသနားပါ​စေလို့
ဆု​တောင်းစရာမလို​အောင်​ ပြည့်​စုံပီး အခြား​သော
လိုရာဆန္ဒ​တွေနဲ့ပြည့်​စုံကြရမှာဖြစ်​လို့ ​မေတ္တာ ​စေတနာနဲ့
တိုက်​တွန်းနိုး​ဆော်​လိုက်​ပါတယ်​....

လက်​ရှိလုပ်​​နေတဲ့ သား/သမီး​တွေကို ဝမ်းသာစွာ
သာဓု​ခေါ်သလို မလုပ်​ဖြစ်​​သေးတဲ့ သား/သမီးတို့လည်း
လုပ်​ကြပါလို့ တို​က်​တွန်းချင်​ပါတယ်​​နော်​.......

သရဏဂုံ ကိုယ်​လုံးခြုံ လုံကြပါ​စေ.....