လောက သည် တရားနှင့်အညီ ဖြစ်လျက် ပျက်လျက် သတ္တဝါတိုင်းကို ညီတူညီမျှ အကျိုးသက်ရောက်စေပါသည် ။

မျှော်လင့်ရည်ရွယ်ထားသည်တို့က ဖြစ်မလာတတ်သလို ၊ မျှော်မှန်းထားသော အကြောင်းအရာတို့သည်လည်း
ပျက်စီးဆုံးပါးရတတ်သည်မှာ လောကဓမ္မတာ တစ်ခုဖြစ်သည် ။

မရေရာသော လူ့ဘဝမှာ ဥစ္စာဓန ပျက်စီးခြင်း ၊
မိသားစုပျက်စီးခြင်း ၊ ကျန်းမာရေးပျက်စီးခြင်း ၊ ကိုယ်ကျင့်တရားပျက်စီးခြင်း ၊ အယူအဆ အတွေးအခေါ်ပျက်စီးခြင်း ၊
( ဗျသန တရား ငါးပါး ) တစ်ပါးပါးနှင့် ကြုံတွေ့ရတတ်သည် ။

အများအားဖြင့် လူဆိုသည်မှာ နိမ့်ရာမှ မြင့်လာလျှင် မိုးမမြင် လေမမြင် အောက်ခြေလွတ်တတ်သလို ၊ မြင့်ရာမှ
နိမ့်ကျလာလျှင်လည်း ခြေမကိုင်မိ လက်မကိုင်မိ ဆောက်တည်ရာမရ ဖြစ်တတ်သည် ။ ယင်းသို့ လူ့ဘဝဧ။် အနိမ့်အမြင့်၊
အတက်အကျ၊ အခြေအနေတို့တွင် မိမိဧ။် ဘဝကို ပြိုလဲပျက်စီးမှု မရှိစေဘဲ၊ တည်ငြိမ်ခိုင်ခံ့စွာ ဆောက်တည်၍ထားနိုင်ခြင်းသည်
အကောင်းဆုံးသော လူ့စွမ်းရည်ပင်ဖြစ်သည် ။

အဆိုးလောကဓံတရားတို့နှင့် ကြုံတွေ့ရသည့်အခါ အချို့လူတို့သည် သင်ခန်းစာများ ရယူကာ အောင်မြင်မှုသရဖူဆောင်းနိုင်သော်လည်း
အချို့သောလူတို့အတွက်မူ စိတ်ဓာတ်ပျက်ပြားကာ ကျရှုံးမှု ဆင်းရဲခြင်းသို့ ဆွဲခေါ်သွားတတ်သည် ။ အကောင်းလောကဓံနှင့် ကြုံဆုံခဲ့သော်
တရားသဘောနားမလည်သူတွေအဖို့ ထောင်လွှားမောက်မာသွားတတ်သည်ကို တွေ့ကြုံနေကြရပေသည် ။

ထို့ကြောင့် မိမိတို့ရရှိထားသော စီးပွားဥစ္စာ ရာထူးဂုဏ်သိန် အရှိန်အဝါများ အကြောင်းအားလျော်စွာ ကုန်ဆုံးပျက်စီး လျောကျသွားသည့်အခါ
စိတ်မညှိုးနွမ်း မပင်ပန်းရအောင် ကြည်လင်အေးမြ တည်ငြိမ်စွာ ထိန်းထားနိုင်သော ခံနိုင်မှု စွမ်းရည် ရှိဖို့နှင့် အောင်မြင်မှု အမျိုးမျိုးရရှိသည့်
အခါမျိုးတွင်လည်း ထောင်ထောင်, ထောင်ထောင် ပြုလုပ်ပြီး လူအထင်သေး အမြင်သေး မဖြစ်ရန် အဆင့်မြင့်စိတ်ဓာတ် ထားရှိနိုင်ဖို့အတွက်
လူတိုင်းမှာ လိုအပ်လှပေသည် ။

မတည်ငြိမ်သော ဘဝပေး အခြေအနေပေါ်တွင် တည်ငြိမ်စွာ ရှင်သန်နေထိုင်နိုင်သည်မှာ လူသားဧ။် ကျေနပ်ဖွယ် ဂုဏ်သတ္တိတစ်ခုဖြစ်သည် ။
ယင်းဂုဏ်သတ္တိအပေါ်၌ အခြေခံ၍သာ အောင်မြင်သော လူ့ဘဝ တည်ဆောက်နိုင်မည်ပင်ဖြစ်သည် ။

ယင်းကဲ့သို့ တည်ငြိမ်အောင်မြင်သောဘဝကို ပိုင်ဆိုင်နိုင်ရန် စွမ်းဆောင်ပေးနိုင်သည်မှာ ဗုဒ္ဓဧ။် တရားဒေသနာများပင်ဖြစ်သည် ။ ဗုဒ္ဓတရားတော်
များကို ယခုအခါ၌ မြောက်မြားစွာသော ကျမ်းစာတို့တွင် ရှာဖွေလေ့လာနိုင်သည်မှာလည်း ထူးမြတ်သော အခွင့်အရေး ရရှိနေခြင်း ဖြစ်လေသည် ။

ဗုဒ္ဓတရားဒေသနာတော်တို့ကို ထဲထဲဝင်ဝင် လေ့လာနားလည်စေပြီး လိုက်နာကျင့်ကြံ ဆောင်ရွက်နိုင်မည်ဆိုပါက လောကဓံရှစ်ပါး သဘောဖြစ်သော
အတက်အကျ အနိမ့်အမြင့် အကောင်းအဆိုး ဟူသမျှကို အေးဆေးတည်ငြိမ်စွာ မတုန်မလှုပ် ရင်ဆိုင်ဖြေရှင်းနိုင်မည် ဖြစ်ပေသည် ။

တရားရဲ့သဘောသည် တရားကိုရိုရိုသေသေ လေးလေးစားစားဖြင့် တရားကျင့်ကြံသူကို တရားတော်က သစ္စာရှိရှိ စောင့်ရှောက်တတ်စမြဲဖြစ်သည် ။
( ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ ) ။ ထိုကဲ့သို့ သာဓကများကို သုတ္တန် ဒေသနာတော်တို့တွင် ထင်ရှားစွာ ရှင်းလင်းဖေါ်ပြထားသည်ကို ရှာဖွေ ဖတ်ရှု
နိုင်လေသည် ။

လူ့ဘဝမှာ အကြောင်းအားလျော်စွာ ရရှိထားသော စည်းစိမ်ဥစ္စာ ရာထူးဂုဏ်ထူးများ ပျောက်ကွယ်ကုန်ဆုံးသွားလျှင် စိတ်ဓာတ်မကျဆင်းရအောင် ၊
အကျင့်စာရိတ္တ မပျက်စီးရအောင် တရားစွမ်းအားနှင့် ထိန်းထားနိုင်ရမည် ဖြစ်သည် ၊ စည်းစိမ်ဥစ္စာ ပျက်စီးတဲ့နောက်ကို စိတ်ပျက်တာ နဲ့ အကျင့်ပျက်တာ
ပါမသွားအောင် လုပ်ဆောင်နိုင်ရမည်ဖြစ်သည် ။

ယင်းကဲ့သို့ ခံနှိုင်ရည်ရှိဖို့ဆိုသည်မှာ စားဝတ်နေရေးအတွက် ပစ္စည်းဥစ္စာ ရှာဖွေစုဆောင်းစဉ်မှာပဲ
သူတော်ကောင်းတရားကိုပါ ပူးတွဲရှာဖွေထားဖို့ ဆောင်ရွက်ရမှာဖြစ်ပေသည် ။

လောကအတွင်း နေထိုင်သူတိုင်းသည် လောကဓံဧ။် ရိုက်ခတ်မှုကို အချိန်မရွေး တွေ့ကြုံရင်ဆိုင်ရနိုင်သည် ။ ရှောင်လို့ရတာလည်းရှိသလို ရှောင်၍မရနိုင်
သည်တို့လည်းရှိပေသည် ။

မည်သို့ဖြစ်စေ မိမိဘက်မှ ခံနိုင်ရည်ရှိအောင် တရားသဘော သဘာဝတို့ကို လေ့လာနားလည် ကျင့်ကြံထားရမည့်တာဝန်ရှိပေသည် ။

ဗုဒ္ဓဧ။် တရားဒေသနာတော်မှာ အဘက်ဘက်က ဖြည့်ဆည်းပေးနိုင်သော ဂုဏ်အရည်အချင်းတို့ဖြင့် ပြည့်ဝစွာ ဆောင်ရွက်နိုင်သည့် နည်လမ်းပေါင်း
မြောက်မြားစွာ ရှိပေသည် ။ မိမိသည် မည်သည့်နည်းနှင့် ကိုက်ညီမည် ၊ သင့်တော်မည် ဆိုသည်ကိုမူ မိမိဘာသာ လုံ့လပြု၍ ကြိုးစားရှာဖွေ ဖတ်ရှုရန်မှာ
မိမိဧ။်တာဝန်သာဖြစ်ပေသည် ။

ကျမ်းစာပြုစုသူ နှင့် ကျမ်းစာတို့ဘက်မှ တာဝန်ကျေစွာ ထမ်းဆောင်ပြီး ဖြစ်သဖြင့် မိမိဘက်မှ တာဝန်ကျေရန်သာ ရှိပေတော့သည် ။

မည်သည့်အရွယ်ပင်ဖြစ်စေကာမူ ပညာလည်းရှာရင်း ၊ ဥစ္စာလည်းရှာရင်း ၊ တရားကိုလည်း အချိန်ပေး၍ ကြောင့်ကြစိုက်ပြီး ရှာထားပါမှ တော်ကာကျမည် ။

စာဖတ်ကျင့်ရအောင် ကြိုးစားလုပ်ဆောင်နိုင်မည်ဆိုလျှင် နောင်အခါ၌ စာဖတ်ခြင်းရဲ့ အရသာကို တွေ့ရှိသွားပြီး စာများကို ရွေးပြီးဖတ်တတ်လာမည် ။
အချိန်အားရတိုင်း စာအုပ်ကိုသာ အဖေါ်ပြုနေတတ်ပြီး အသိဥာဏ်ကြွယ်ဝလာသည်နှင့်အမျှ စိတ်ဧ။် ချမ်းသာခြင်းကို လက်တွေ့ ရရှိလာပေမည် ။

တရားအသိဆိုသည်မှာ မိမိဧ။် နှလုံးသားထဲမှာ လောကသဘာဝကို အသေအချာ သိရှိလက်ခံထားပြီး ဖြစ်လာသမျှ အရေးအခင်း လူမှုပြဿနာများအား
အေးဆေးတည်ငြိမ်စွာ ၊ စိတ်လက်ချမ်းသာစွာဖြင့် ပြီးစီးလွန်မြောက်နိုင်ခြင်းပင်ဖြစ်သည် ။

သည့်ထက်သည် ရင့်ကျက်လာပါက မိမိနှင့် တရား(ဓမ္မ) သည် တစ်သားတည်းဖြစ်လာကာ မိမိဧ။် ပတ်ဝန်းကျင်ကို အပေါ်စီးမှ မြင်နေရသကဲ့သို့ လူတို့ဧ။်
သဘော သဘာဝတို့အား အသေအချာ ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပြီး အရာရာကို နားလည်သည်းခံ ခွင့်လွှတ်နိုင်စွမ်း ရှိလာသည် ။

တရားသဘောကို
ဆင်ခြင်နှလုံးသွင်းရာ၌ အချိန်ပြည့် တရားသတိရှိလာပြီး စိတ်ဧ။်စင်ကြယ်ခြင်းကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည် ။

ထိုအခါ၌ လူ့ဘဝရရှိခြင်းဧ။် အကျိုးကို အမှန်တကယ်
သိမြင်လာကာ ဝမ်းမြောက်ရွှင်လန်း ပီတိလွှမ်းလျက် လူဖြစ်ရကျိုးနပ်ပေစွလို့ ဆုံးဖြတ်နိုင်မည်ဖြစ်သည် ။

သည့်အတွက် စာကောင်းပေကောင်း ၊ ဆရာကောင်း သမားကောင်းများကို လေ့လာရှာဖွေပြီး တန်ဖိုးရှိသောအချိန်များကို အလဟဿ မကုန်ဆုံးစေဘဲ
တရားဓမ္မတို့ကို နားလည်သဘောပေါက်စေလျက် အချိန်မနှောင်းမီ ကြိုးစားကျင့်ကြံ ပွားများအားထုတ်နိုင်ရန် သန္နိဋ္ဌာန်ချကာ ဆုံးဖြတ်လုပ်ဆောင်ကြပါကုန် ။ ။