အဘိဓမ္မာ ၇ ကျမ်းရှိသည့်အနက် နောက်ဆုံးဖြစ်သည့် ပဋ္ဌာန်းကျမ်းတော်ကြီးသည် သာသနာကွယ်ချိန်၌ ပထမဆုံး ကွယ်ပျောက်လိမ့်မည်ဟု ဆိုသည်။ ပဋ္ဌာန်းဆိုသည်မှာ ရုပ်တရား နာမ်တရားတို့ ဖြစ်ပေါ်လာပုံကို အကြောင်းနှင့် အကျိုးဖြင့် အသေးစိတ်ဟောတော်မူထားသည့် တရားဖြစ်သည်။ မြတ်စွာဘုရား၏ တရားတော်များအနက် ဤပဋ္ဌာန်းဒေသနာတော်ကြီးသည် သိပ္ပံနည်းအကျဆုံး တရားတော်ဟု ပြောလျှင်ရသည်။ ထိုပဋ္ဌာန်းတရားတော်ကို ပါဠိရွတ်ဖတ်နေရုံမျှတင်မကဘဲ အဓိပ္ပာယ်သိရှိလိုသူများအတွက် ပဋ္ဌာန်း ၂၄ ပစ္စည်း ပါဠိနှင့် အနက်အဓိပ္ပာယ်များ၊ ပဋ္ဌာန်းအမေးအဖြေများ၊ ပစ္စည်းအမျိုးမျိုး ဝေဖန်ပုံ၊ ကာလအားဖြင့် ဝေဖန်ပုံ၊ ဘုံအားဖြင့် ဝေဖန်ပုံ၊ သာမညအားဖြင့် ဝေဖန်ပုံ၊ ရုပ်တရားအချင်းချင်း ပစ္စည်းပြိုင်ပုံ၊ သတ္တိအားဖြင့် ဝေဖန်ပုံ၊ ၂၄ ပစ္စည်းတို့ကို ပစ္စည်းလေးပါး၌ ထည့်သွင်းဖော်ပြပုံများ၊ ပဋ္ဌာန်းနှင့် ပတ်သက်၍ ၀တ္ထုတော်များဖြစ်ကြသည့် သေလာထေရီ ၀တ္ထု၊ မဟာဂမိယတိဿဝတ္ထုအစရှိသည့် ၀တ္ထုတော်များ အစရှိသည်တို့ကို တစ်အုပ်တည်းတွင် ပြည့်ပြည့်စုံစုံ ဖော်ပြရှင်းလင်းထားသော စာအုပ်ကောင်းဖြစ်သည်။