အရှင်ဘုရား၊ အကျဉ်းဟောရုံမျှဖြင့် မဂ်ဖိုရသူ၊ အကျယ်ဟောရုံမျှဖြင့် မဂ်ဖိုလ်ရသူ-ဟူ၍ ဒီခေတ် ဒီအခါ ဒီကာလ၌ ရှိပါသေးသလားဘုရား။
( ယောဂီတဦး-မြိတ် )


( ဖြေ )
အကျဉ်းဟောရုံဖြင့် မဂ်ဖိုလ်ရသူ ဥဂ္ဃါတိတညူပုဂ္ဂိုလ်၊ အကျယ်ဟောပြမှ မဂ်ဖိုလ်ရသူ ၀ိပဉ္စိတညူပုဂ္ဂိုလ်များမှာ မြတ်စွာဘုရားလက်ထက် ရှေ့ပိုင်းမှာမှ ရှိနိုင်ပါသည်။
ဤခေတ်တွင်မူ တရားတပုဒ်ကို အကျယ်ဝေဖန် ဆန်းစစ်ခွဲစိတ်ပြမှ မဂ်ဖိုလ်ကို ရနိုင်သော နေယျပုဂ္ဂိုလ်များသာ အမြတ်ဆုံး ဖြစ်ပါသည်။
ထို့ကြောင့် ဤခေတ် ဤအခါ ဤကာလတွင် ဥဂ္ဃါတိတညူပုဂ္ဂိုလ်၊ ၀ိပဉ္စိတညူပုဂ္ဂိုလ်များ မရှိနိုင်တော့ပါ။