အရှင်ဘုရား၊ ဆွမ်းအလှူရှင်တို့အား ဆရာောတ်များက ယခုကပင်၊ နိဗ္ဗာန်ဝင်အောင်၊ ကျိုးအင်ငါးချက်၊ နေ့စဉ်တက်ပြီး၊ ဆက်ဆက်မြင့်ရာ၊ ချမ်းသာခုနစ်ဝ၊ ကိုယ်ပိုင်ရ၍၊ ဘ၀ဆုံးခန်း၊ နိဗ္ဗာန်နန်းကို၊ စံမြန်းကြရပါစေသာဝ်-ဟု ဆုပေးလေ့ရှိကြပါသည်၊ ယင်း၌ ချမ်းသာ ခုနစ်ဝ ဆိုသောစကားကို တပည့်တော်များ နားမလည်ပါ၍ ရှင်းပြတော်မူပါဘုရား။
( အရှင်ပညာသီရိ-မိတ္ထီလာ )


( ဖြေ )
ဆွမ်းအကျိုးငါးပါးမှာ
သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ၊ ဉာဏ်ပညာ၊ ဖြစ်၍ ၄င်းအကျိုးငါးပါး ဤဘ၀တွင် ရရှိလျက်
နောင် လူ့ဘ၀၊ နတ်ပြည်( ခြောက်ထပ်နှင့် ခုနစ်ဘ၀ပါ ) ချမ်းသာ ခုနစ်ဝရ၍ နိဗ္ဗာန်အထိ အကျိုးပြုပါစေ-ဟု
ဆိုလိုပါသဖြင့် လူနှင့်နတ်ပြည်ခြောက်ထပ်ကို ချမ်းသာခုနစ်ဝဟု ယူလိုပါသည်။