အရှင်ဘုရား၊ တပည့်တော် ပထမကြီးတန်း သင်စဉ်က ဓမ္မာစရိယတန်း ဦးပဉ္စင်းတပါးနှင့် စာဆွေးနွေးဖူးပါသည်။ မဂ္ဂေန မဂ္ဂံ ပဝေသေတိ အာပတ္တိပါရာဇိကဿ-ဟု ဆိုသဖြင့် မဂ်က မုခ (ခံတွင်း) မဂ်။ ပဿာဝ (ကျင်ငယ်ပေါက်) မဂ်။ ၀စ္စ (ကျင်ကြီးပေါက်) မဂ်။ ဟု မဂ် သုံးမျိုးရှိရာ မဂ္ဂေန-မဂ်တခုဖြင့်၊ မဂ္ဂံ-မဂ်တခုကို၊ ပဝေသေတိ-မှီဝဲ၏။ သွင်း၏။ အာပတ္တိပါရာဇိကဿ-ပါရာဇိကအာပတ် အပြစ်သင့်၏ဟု ဆိုသဖြင့် မုခမဂ် ခံတွင်းအချင်းချင်း မှီဝဲလျှင် ပါရာဇိကကျသည်ဟု ထင်ပါသည်။ ဓမ္မာစရိယ ဦးပဉ္ဖင်းက မကျဟု ဖြေပါသည်။ နားမရှင်း၍ ကျမ်းဂန်အထောက်အထားနှင့် ရှင်းပြပေးတော်မူပါဘုရား။
(အနန္ဒ-စကားဝါမြေ)


(ဖြေ)
ပါရာဇိကပါဠိ နှာ၄၁၊ ၀ိ-ဋ္ဌ ၁-၂၃၃ ၌ အမျိုးသမီး၏ မဂ်သုံးခုလုံးနှင့် အမျိုးသား၏ ၀စ္စမဂ်၊ မုခမဂ်၊ ၂-ခုတို့၌ ရဟန်း၏အင်္ဂါဇာတ်ကို ထည့်ြုခင်း သွင်းခြင်းသည် ပါရာဇိကကျ၏။
ရဟန်း၏ အင်္ဂါဇာတ်ဟု အတိအကျဆိုပါသည်။
မုခမဂ်-အချင်းချင်းမှာ သံဃာဒိသိသ် အာပတ်မျှသာ သင့်ပါသည်။
တဖန် ပဿာဝမဂ်ဖြင့် ၀စ္စမဂ်၊ ၀စ္စမဂ်ဖြင့် ပဿာဝမဂ် အချင်းချင်း မှီဝဲသော် ပါရာဇိက ကျသည်ပင်။
မုခမဂ်ဖြင့် ပဿာဝမဂ်ကို မှီဝဲသော် ထုလ္လစ္စည်းအာပတ် သင့်ပါသည်။