ဈာန်နှင့်အဘိညာဉ်တို့၏ အဓိပ္ပါယ်ကို ခွဲခြားသိလိုပါသည်၊
ဘုရားလောင်းသိဒ္ဓတ္ထ တောထွက်ပြီး ပထမဈာန်မှ အဋ္ဌမဈာန်အထိ ဈာန်ရှစ်ဆင့် ရရှိအောင် အဆင့်ဆင့် ကျင့်ကြံအားထုတ်ပုံကို အကျဉ်းချုံး၍ ရှင်းပြပေးတော်မူပါရန်
( မောင်သန်းနိုင်-မြန်မာစာအဓိက၊ မေဓာဝီလမ်း-မြောက်ဥက္ကလာပ )


( ဖြေ )။ ကာမစ္ဆန္ဒစသော နီဝရဏတရားတို့ကို လောင်မြိုက်တတ်သော တရားကို ဈာန်ဟုခေါ်သည်။
စတုက္ကနည်းအားဖြင့် ရူပဈာန်လေးပါး၊ အရူပဈာန်လေးပါး၊ ယင်း ၈-ပါးကို သမာပတ် ၈-ပါးဟုခေါ်သည်။
အဋ္ဌမဈာန်ဟု အသုံးမရှိပါ၊
ရူပါဝစရ ကုသိုလ် ကြိယာ ပဉ္စမဈာန်ကို အထူးသိတတ်သော သဘောတရားများ ဖြစ်၍ အဘိညာဉ်ဟုခေါ်သည်။
အဘိညာဉ်မှာ ဣဒ္ဓိဝိဓ-စသည်ဖြင့် ငါးပါးရှိပါသည်။
ဈာန် ၈-ဆင့်ရရှိရန် အဆင့်ဆင့် အားထုတ်ပုံမှာ-ပ၀ထီစသော ကသိုဏ်းဝန်းကို ရှု၍ ရူပပထမဈာန် စသည်ဖြင့် ရူပဈာန် ၅-ဆင့်၊ ထို့နောက် ကောင်းကင်ပညတ် စသည် အာရုံဖြင့် အရူပဈာန် ၄-ဆင့်ကို ဆက်လက် အားထုတ်ရပါသည်၊
အားထုတ်ရပုံကို ဖော်ပြရလျှင် အလွန်ကျယ်ဝန်းလှပါသည်၊ အဘိဓမ္မာ စိတ်ပိုင်း ရူပ-အရူပ အပိုင်းအခန်းကို လေ့လာဖို့ လိုအပ်ပါသည်။