သြကာသ ကန်တော့ခန်းအဆုံး ဆုတောင်းရာတွင် ဈာန်တရား၊ မဂ်တရားဟု ဈာန်တရားကို ထည့်၍ ဆုမတောင်းရဘူးလား ဘုရား။
( မျိုးမြင့်-မော်လမြိုင်မြို့ )


( ဖြေ )။ သြကာသကန်တော့ခန်း ဆုတောင်ပိုင်းတွင် ပယ်ဆု၊ လိုဆု-နှစ်မျိုးရှိသည်၊
ပယ်ဆုပိုင်းတွင် အပါယ်လေးပါး၊ ကပ်သုံးပါး စသော မလိုလားအပ် ပယ်ရှားအပ်သော ဆုများကို တောင်းရသည်။

လိုဆု-နေရာတွင် မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ် ဟူသော လောကုတ္တရာဆုကိုသာ တောင်းရပါသည်။

ဈာန်တရားမှာ လောကီတရားဖြစ်၍ ယင်းကို ဆုတောင်းထဲ ထည့်ရလျှင်-လူ့စည်းစိမ် နတ်စည်းစိမ်တို့ကိုလည်း ရရှိပြီး၍, စသည့်ဈာန်တရား၏ ရှေ့ကထည့်ရမလို ဖြစ်နေပါသည်၊ ထိုပကြောင့် ရှေးရှေးဆရာမြတ်တို့က ကန်တော့ခန်းတွင် လောကုတ္တရာဆုတောင်းကိုသာ ထည့်ပေးခြင်းဖြစ်ကြောင်း မှတ်သားသင့်ပါသည်။