အရှင်ဘုရား၊ ရဟန်းတော်များသည် မိမိ၏ပစ္စည်းလေးပါး ဒါယကာမဟုတ်သောသူ၏ အိမ်တွင်းသို့ဝင်၍ ဆွမ်းစသောပစ္စည်းကို အလှူခံနိုင်ပါသလား။

(ဖြေ)
ရဟန်းတို့နှင့်သင့်လျော်သော ပစ္စည်းကို အလှူခံနိုင်ပါ၏။ သို့သော် (ဆွမ်းခံရပ်သလို) အိမ်အနီးအပါး၌ ရပ်၍နေရရ၏။ ဘာအလိုရှိပါတုန်းဘုရား-ဟု မေးမှ အလိုရှိသော ပစ္စည်းကို ပြောရ၏။ မလှူနိုင်ပါ-ဟုဆိုလျှင် ထပ်၍ လှူချင်အောင် ပြောမနေရ၊ ထပ်၍ လှူချင်အောင်ပြောမှ လှူသောပစ္စည်းသည် ထိုရဟန်းနှင့်တကွ ရဟန်းသာမဏေအားလုံး မသုံးစွဲကောင်း။(၀ိနည်းပါဠိတော် အညာတက ၀ိညတ္တိသိက္ခာပုဒ်၊ သူပေါဒနသေခိယ သိက္ခာပုဒ်)။