အမေး။ ။အရှင်ဘုရား.....ရဟန်းသိက္ခာချပြီး လူထွက်လို့ လူ့ဘ၀ရောက်လာတဲ့အခါ ခေါင်းပြန်ရိတ်ဖို့လိုသေးလားဘုရား၊ တပည့်တော်မှာ ကိစ္စတစ်ခုကြောင့် ဆံပင်ကို ပြန်မရိတ်ချင်ဖြစ်နေပါတယ်။ တပည့်တော်ရဲ့ အဒေါ်ဖြစ်သူက လူထွက်လာတဲ့အခါ ဆံပင်ပြန်ရိတ်ရတယ်၊ ပြန်မရိတ်ရင် ငရဲကြီးတတ်တယ် လို့ပြောပါတယ်။ ဒါကြောင့် ဆံပင် ပြန်ရိတ်သင့်/မရိတ်သင့်ဆိုတာကို ဖြေကြားပေးစေချင်ပါတယ်ဘုရား။ ။
ကိုစံမင်းအောင်
တိုက်ကြီး


အဖြေ။ ။ ဒါနဲ့ပတ်သက်ပြီး “ဘုန်းကြီးလူထွက်ပြီးရင် ဘုန်းကြီးဘ၀က ပါလာတဲ့ဆံပင်ဖြစ်တဲ့အတွက် ရိတ်ရမယ်။ မရိတ်ရင် ငရဲကြီးတတ်တယ်လို့ စာရေးသူတို့ငယ်စဉ်က လူကြီးတွေ ပြောတာကြားခဲ့ပါတယ်။ ဒါကြောင့်စာရေးသူလဲ ငယ်စဉ်က လူထွက်ပီးတဲ့အခါ ပြန်ပြီးဆံပင်ရိတ်ခဲ့ပါတယ်။ တကယ်ကတော့ လူထွက်ပြီးတဲ့အခါ ဆံပင်ရိတ်တာ နဲ့ မရိတ်တာက အဓိကမကျပါဘူး။ လူထွက်တဲ့ပုဂ္ဂိုလ်ရဲ့ အကျင့်သီလကသာ အဓိကဖြစ်ပါတယ် ။ လူထွက်ပြီး ဆံပင်တော့ရိတ်ပါရဲ့ ငါးပါးသီလတောင်မှ မစောင့်ထိန်းဘူးဆိုရင် ဆံပင်ဘယ်လောက်ပဲ ရိတ်ပါစေ ငရဲကျမှာပါ။ ဒီအဖြေနဲ့ပတ်သက်ပြီး ရုပ်ဝတ္ထုပစ္စည်းက အဓိကမဟုတ်၊ ကိုယ်ကျင့်တရားသာအဓိက၊ကုသိုလ်ရရေးသာအဓိကဖြစ်ပါကြောင်း ဖြေကြားပေးလိုက် ပါတယ်။

« ပြန်ခေါက်ထားရန်

စာရေးသူ- ဦးကောဝိဒ(မြိတ်