ဗုဒ္ဓါ ပစ္စေကဗုဒ္ဓေါစ၊အရဟာ အဂ္ဂသာဝကာ။
မာတာပိတု ဂုရုသတ္တာ၊ဓမ္မဒေသကာ စဒါယကာ။
ဣမေ တေစ မဟာဂုဏေ၊အဟံဝန္ဒာမိ သဗ္ဗဒါ။ ။

ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်-
(၁)ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌
(၂) ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ပစ္စေက ဗုဒ္ဓါအရှင် ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌
(၃) ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော အဂ္ဂသာဝက၊
မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီးတို့ အပေါ်၌
(၄) ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့ အပေါ်၌
(၅) ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မိခင်တို့ အပေါ်၌
(၆) ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ဖခင်တို့ အပေါ်၌
(၇) ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော လိမ္မာစေရန်
ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့ အပေါ်၌
(၈) ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက် ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်တို့ အပေါ်၌
(၉) ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြော ပြသ ဆုံးမတတ်သော ဆရာသမားတို့ အပေါ်၌
(၁၀) ထမင်းတစ်လုတ် ရေတစ်မှုတ် စသည်ဖြင့် ပေးကမ်း ချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့ အပေါ်၌
ကာယကံ၊ ၀စီကံ၊ မနောကံ သုံးပါးသော ကံတို့ဖြင့် ပြစ်မှားမိခဲ့သည် ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း
အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါဧ။်ဘုရား။
ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် အလုံးစုံသော ဘေးရောဂါ အန္တရာယ် အပေါင်းတို့မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာသိမြင်၍ နိဗ္ဗာန်သို့ ၀င်နိုင်သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား။
လောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်း တောင်းတတိုင်း လွယ်ကူလျှင်မြန်စွာ ပြည့်စုံ၍
နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသား
အရှင်ဘုရား။