ကံ သမယံ ဆိုတဲ့ စကားက ဓမ္မစကြာတရား ဟောတော်မူတဲ့ အချိန်အခါကို ပိုင်းခြားသတ်မှတ်ပြတဲ့
ပါဋ္ဌိဖြစ်ပါတယ်။ မဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့်နေ့မှာ ဟောတော်မူတာဖြစ်ပါတယ်။သက္ကရာဇ်
အနေနဲ့တွက်လိုက်ရင် မြန်မာသက္ကရာဇ်က(၁၃၇၄)ခု၊ အဲဒီမြန်မာသက္ကရာဇ်ကို ဘယ်ကစပြီးရေတွက်ခဲ့
သလဲဆိုတော့ ဘုရားပရိနိဗ္ဗာန်စံတဲ့ မဟာသက္ကရာဇ်(၁၄၈)ခုနှစ်ကို အရှင်မဟာကဿပနဲ့
အဇာတသတ်မင်းတို့ကအကြွင်းမထားဘဲ အကုန်ဖြိုခဲ့ပြီးအဲဒီကစလို့သာသနာသက္ကရာဇ်နဲ့အတူ
မြန်မာသက္ကရာဇ်ကို(၁)ကနေတွက်ခဲ့ပါတယ်။ သာသနာသက္ကရာဇ်၊ မြန်မာသက္ကရာဇ်(၆၂၄)ခုနှစ်
အရောက် သရေခေတ္တရာခေတ်သုမုန္ဒရီမင်းလက်ထက် ဒေါ၊ ဒေါ၊ ရသ ကိန်း(၆၂၂)ကို ဖြိုပြီးနှစ်ခု
ကြွင်းထားခဲ့ပါတယ်၊ အဲဒီ(၂)ခုနှစ်ကစတင်ရေတွက်လျှင် (၅၆၂)ခုနှစ်အရောက် ပုဂံခေတ်ပုပ္ပါး
စောရဟန်းမင်းလက်ထက်မှာလဲ ခ၊ ဆ၊ ပဉ္စ ကိန်း(၅၆၀)ကိုဖြိုပြီး နှစ်ခုကြွင်းပဲထားခဲ့ပြန်ပါတယ်၊
ဒါကြောင့်မြန်မာသက္ကရာဇ်ကို နှစ်ခါဖြိုခံခဲ့ရပါတယ်။ (၆၂၂နဲ့၅၆၀)ပေါင်းတော့(၁၁၈၂)ရပါတယ်၊
ရောက်ဆဲမြန်မာသက္ကရာဇ်(၁၃၇၄)နဲ့ပေါင်းတော့ (၂၅၅၆)၊ ဒါကို သာသနာသက္ကရာဇ်လို့ခေါ်ပါတယ်။
အကျဉ်းဆောင်ပုဒ်က ရောက်ဆဲမြန်မာ၊ နှစ်ကောဇာတွင်၊ ဒွေနှင့် အဋ္ဌ၊ ဧက ဧကာ၊ နှောတုံပါမူ၊
သာသနာသက္ကရာဇ်၊ မှန်စွာဖြစ်၏ တဲ့ သာသနာသက္ကရာဇ် (၂၅၅၆)ကို ဘုရားဝါတော် (၄၅)နဲ့ ထဲ့
ပေါင်းက (၂၆၀၁)ခု၊ ယခုရောက်ဆဲ မြန်မာသက္ကရာဇ်ကနေ ပြန်ပြီးရေတွက်လိုက်တော့ ဟိုလွန်ခဲ့တဲ့
နှစ်ပေါင်း (၂၆၀၁) ၀ါဆိုလပြည်နေ့မှာ ဓမ္မစကြာတရားတော်ကို ဟောတော်မူခဲ့ခြင်းဖြစ်ပါတယ်

ဗုဒ္ဓဟောမြွက်တရားဦးဓမ္မစက်..(အရှင်ဇနက-တိသရဏ၀ိဟာရ)..မှ ကောက်နှုတ်ချက်