၁) လက္ခဏာတော် ကြီးငယ် အသွယ် သွယ်ဖြင့် သပ္ပါယ်သော ဗုဒ္ဓမြတ်စွာ ကိုမိမိ၏ ရှေ့မှောက်မနီးမဝေး၌ကြွ ရောက်နေပုံကို အာရုံယူပါ။

၂)ဗုဒ္ဓမြတ်စွာ၏ မျက်နှာတော်စသော ကိုယ်အင်္ဂါတိုင်း၌ရှေးရှေးသော ပါရမီ ကောင်းမှုထူးများကထုံမွှမ်းသော ကြောင့် ထူးထူးခြားခြားကြည်လင် နေပုံကို အာရုံယူပါ။

၃)အရဟတ္တမဂ်ဖြင့် ကိလေသာအား လုံးကို ပယ်ဖြတ်ပြီး၍ စိတ်အစဉ် သန့်ရှင်းကြည်လင်နေပုံကို အာရုံ ယူပါ။

၎) ထိုကြည်လင်သန့်ရှင်းသော စိတ် တော်၌အစွမ်းသုံးပါးနှင့်ပြည့်စုံ သောသဗ္ဗေညုတဥာဏ်တော်ကြီးကိန်းဝပ်တော် မူနေပုံကိုလည်းအာရုံ ယူပါ။

၅)ထိုဘုရားရှင်က မိမိကို အပ္ပါယ် ဆင်းရဲမှကယ်တင်ဖို့ရာ ကြီးစွာသော မဟာကရုဏာဖြင့်ကြည့်နေတော် မူပုံကိုလည်းအာရုံယူပါ။

၆)ထိုကဲ့သို့အာရုံယူ၍ လက်အုပ်ချီ ကာ"ဗုဒ္ဓေါ ဗုဒ္ဓေါ" ဟုအထပ်ထပ် ရွတ်ဆို၍ ကြက်သီးမွေးညှင်း ထလောက်အောင်ပီတိဖြစ်လာသော အခါထို ပီတိကို"အနိစ္စ ၊ဒုက္ခ ၊အနတ္တ" ဟူ၍ ရှုပါ။

၇)ပီတိမဖြစ်လျှင်လည်းဗုဒ္ဓကို အာရုံ ပြုသော မိမိစိတ်အစဉ်၏ မမြဲမှုကို သတိဖြင့်စိုက်၍ "အနိစ္စ အနိစ္စ"ဟူ၍ ရှုပါ။

၈)ဤသို့နေ့စဉ်မှန်မှန်ကြိုးစားသော အခါရာဂ ၊ဒေါသ ၊မာန၊ ဣသာ၊မစ္ဆရိယ၊မာယာ၊သာဌေယျစသော အကုသိုလ်တရားတွေနည်းပါး၍ သဒ္ဒါ၊သတိ ၊ပညာ ၊သမာဓိ ၊ဝီရိယ ဟူသော ကုသိုလ်တရားများတိုးပွား လာပါလိမ့်မည်။

၉)ထမင်းကို မှန်မှန်စားသလိုကမ္မဌာန်း ကိုလည်းကြိုးစားရမည်။ မစားချင်ပဲ အချိန်ကြ၍ စားရစေကာ မူ စားရင်းစားရင်းမြိန်လာသကဲ့သို့ စိတ်မထက်သန်ပဲ အချိန်ကြ၍ အားထုပ်ရစေကာမူ ပီတိဖြစ်လာ အောင်အာရုံထင်လာတတ်သည်။

၁၀)ရုပ်ထုစေတီတော် မြတ်စွာဘုရား ကိုအာရုံယူရာ၌ဥာဏ်အားနည်းသေး သော သူတို့မှာ ရုပ်တုရုပ်ပွားတော် လောက်သာစထင်လာတတ်သည်။ စေတီတော်ကို ဖူးမြှော်ရာ၌လည်း စေတီတော် အတိုင်းသာအာရုံထင်လာတတ်သည်။ ထိုသို့အာရုံများ ထင်လာရာမှာလည်းအကျိုးကား မနည်းပါ။သို့သော်ထိုအာရုံများမှတဆင့်သက်တော်ထင်ရှား မြတ်စွာ ဘုရားကို အာရုံရအောင်ကြိုးစားမှ သာဗုဒ္ဓါနုဿတိ ကမ္မဌာန်းဘာဝနာ ကိုအားထုတ်ရာရောက်ပါမည်။

ဆရာတော်အရှင်ဇနကာဘိဝံသ၏ ဗုဒ္ဓါနုဿတိ ဘာဝနာ စာအုပ်မှ