သဲအင်းဂူဆရာတော်ဘုရားကြီး

သဲအင်းဂူဆရာတော်ဘုရားကြီးကလူ့ဘဝတုန်းက ဓါးမြကြီးပါအပေါင်းအသင်းမကောင်းတော့ဓါးမြဘဝနဲ့ကျင်လည်နေရပါတယ် မိန်းမကလည်း၎ယောက်ယူထားပါတယ် တပည့်တွေကလည်းတစ်ရုန်းရုန်းနဲ့ပေါ့လေ တစ်နေ့တော့တစ်ပည့်တွေနဲ့အတူ သူ့ရဲ့မိန်းမတစ်ဦးဖြစ်တဲ့ မွန်လူမျိုးမိန်းမတစ်ယောက်စီသွားပြီး နေပါတယ် အဲဒီ အမျိုးသမီးကလည်းမကြာခဏ လူအများကြီးကို ချက်ကြွေးရတော့စိတ်ညစ်ပြီး မင်းကွန်းတောရမှာတရားအားထုတ်ပါတယ် တစ်နေ့တော့မင်းကွန်းတောရကပြန်လာတော့ စွန်းလွန်းဂူဆရာတော်ဘုရားကြီးရဲ့ထေရုပတ္တိစာအုပ်ကိုယူလာပြီးသဲအင်းဆရာတော်ကြီးကိုပေးဖတ်တော့ ကြက်သီးမွှေးညင်းတွေထသွားပြီးစာအုပ်ကိုလက်ညှီုးနှင့်ထောက်ကာ သူတောင်ရအောင်ကျင့်တာငါလဲရအောင်ကျင့်မယ်လို့ဆိုပြီးစာအုပ်ကိုသိမ်းထားလိုက်ပါတယ် ဒါနဲ့ပဲဓါးမြပဲထပ်တိုက်နေတာပေါ့ မိန်းမတွေကိုလဲတစ်ယောက်၅သောင်းစီ မျှပေးပြီးတရားအားထုတ်မယ်လို့စိတ်ကူးပြီးဓါးပြတိုက်တာ မရပါဘူး တစ်နေ့တော့ အသိတစ်ယောက်ကအိမ်တစ်အိမ်မှာဓါးပြသွားတိုက်ဖို့ဆရာတော်ကြီးကိုအဖေါ်ညှိတော့လက်ခံပြီးအစီအဆင်ဆွဲကြပါတယ် သွားတိုက်မယ့်နေ့ကြတော့မိန်းမဖြစ်သူက သကလာဒ်ဦးထုတ်အထူကြီးကိုခေါင်းဆောင်းပြီး ဓါးပြသွားတိုက်ပါတယ် အိမ်ထဲကိုဝင်တော့အိမ်ရှင်က ချောင်အကွယ်ကယူပြီး ဒါးနဲ့ခုတ်ချလိုက်ပါတယ် ဆရာတော်ကြီးကလည်းအိမ်ထဲဆက်မဝင်ပဲအပြင်ထွက်ပြီးပြန်လှည့်ခဲ့ပါတယ် အပြင်ရောက်မှခေါင်းကိုပြန်စမ်းကြည့်တော့ ခေါင်းမှာဒါးဏ်ရာကြီးနဲ့ဆိုတာစမ်းသပ်မိပါတယ် ထိုအခါအကြီးအကျယ်နောင်တရပြီး တရားပဲကျင့်ကြံတော့မယ်ဆိုပြီး လက်ရှိမိန်းမတွေကို နင်တို့ငါ့ကိုမမျှော်နဲ့တော့ ငါတရားကျင့်တော့မယ် နောက်ယောက်ကျားယူရင်လည်းယူကြတော့ဆိုပြီး ရွာကသိမ်ကျောင်းထဲမှာတစ်ယောက်တည်း၉ပါးသီလကိုဆရာတော်ထံမှာခံယူပြီး ထမင်းစားချိန် နဲ့အပေါ့အလေးသွားချိန်ပဲချန်ပြီးမနေမနားကျင့်ကြံပါတော့တယ် ထိုအခါ ၉ရက်ထဲနဲ့အပျက်တရားကြီးကိုတွေ့ရပါတယ် ဘယ်ဟာပဲကြည့်ကြည့်အပျက်တရားတွေတစ်ဖွားဖွားနဲ့မြင်တွေ့နေရပါတယ် မိမိရဲ့အတိတ်ဘဝကပြုလုပ်ခဲ့တဲ့မကောင်းမှုအကုသိုလ်တွေကိုလည်းထို၉ရက်မှာပေးဆပ်ခဲ့ရပါတယ် အာနာပါနကို ခပ်ပြင်းပြင်းနဲ့ရှုရှိုက်ပြီးကျင့်တော့တစ်နေ့မှာသမာဓိအားကောင်းလာတော့ အလင်းတန်းကြီးတစ်ခုဖြစ်ပေါ်လာပါတယ် ထိုအလင်းတန်းနဲ့မိမိကြည့်ချင်တဲ့အရာတွေကိုကြည့်လို့ရပါတယ် အရင်တုန်းကကျင်လယ်ခဲ့တဲ့လောင်းကစားဝိုင်းတွေကိုလည်းထိုအလင်းတန်းနှင့်ကြည့်ပြီး လောင်းကစားဝိုင်းက၄ကောင်ဂျင်ဝိုင်းက နံပါတ်တွေကိုအာရုံထဲမှာတွေ့ရပါတယ် သဲအင်းဆရာတော်ကြီးအများအားဖြင့်ကျင့်ကြံတဲ့နေရာတွေက ဝါးကွပ်ပြစ်လေးပေါ်မှာအမိုးအကာမရှိပဲနေ့ရောညပါအားထုတ်ခဲ့ပါတယ် ဆရာတော်ကြီး တရားကျောင်းလေးပေါ်မှာထိုင်နေတုန်းဝိဇ္ဇာတွေကတရားဟောပြောပြသဖို့လာလျှောက်ကြပါတယ် ဆရာတော်ကြီးက ပညတ်တွေလာရှုတ်နေတယ်ဆိုပြီးလက်မ ခံပါဘူးတစ်နေ့တော့ အကြီးဆုံးပုဂ္ဂုလ်ကြီးတစ်ယောက်ကလာလျှောက်တော့မှတရေားအားထုတ်နည်းပြသဖို့ကိုပြန်လည်ပြီးစဉ်းစားခန်းဝင်ပါတယ် ဆရာတော်ကြီးကိုဗြဟ္မာ့ပြည်ပထမဈာန်ဘုံက ဗြဟ္မာကြီးတွေလည်းလာပြီးတရားပြသဖို့ကိုလျှောက်ထားကြပါတယ် ထိုဗြဟ္မာတွေကသဲအင်းဂူဆရာတော်ဘုရားကြီးကို တရားစစ်တဲ့သံလျှင်တောရဆရာတော်ဘုရားကြီးနဲ့ဗြဟ္မာ့ပြည်တုန်းက သူငယ်ချင်းတွေပါ သဲအင်းဂူဆရာတော်ဘုရားကြီးက သူငရဲကြခဲ့တဲ့အကြောင်းတွေဟောပြောခဲ့ပါတယ် လွန်လေပြီးသောအတိတ်ဘဝတုန်းကဆရာတော်ကြီးက ကျမ်းဂန်တတ်ဆရာတော်ကြီးတစ်ပါးဖြစ်ခဲ့ဘူးပါတယ် သူကတစ်ခြားသူတွေကိုသူ့လောက်မတတ်ဘူးဆိုပြီးမာန်မာနတွေတက်ပြီး တစ်ခြားသူတွေကိုမထီမဲ့မြင်ပြုပါတယ် ဒဂါဒဂါမတွေ လှုထားတဲ့ပစ္စည်းတွေဆွမ်းတွေကိုလည်း တရားမကျင့်ကြံပဲ ခေါင်းမြီးချုံပြီးစားသောက်ခဲ့ပါတယ် ကွယ်လွန်တော့ငရဲမှာခံစားခဲ့ရပါတယ် ယခုဘဝမှာလည်း စာမတတ်တဲ့ဝဠ်ဆင်းရဲကိုလဲခံစားခဲ့ရပါတယ် ရုပ်ရှင်တွေထဲမှာပြတဲ့ ရှေးခေတ်က သတ္တဝါကြီးတွေဖြစ်တဲ့ ဒိုင်နိုစောလိုမျိုးသတ္တဝါကြီးတွေလဲနိုင်ငံခြားမှာဖြစ်ခဲ့တဲ့အကြောင်းတွေလဲဟောပြပါတယ် သဲအင်းဆရာတော်ကြီးကိုသန်လျှင်ဆရာတော်ကြီးတရားစစ်တဲ့အကြောင်းတွေကစိတ်ဝင်စားဖို့ကောင်းပါတယ် သန်လျှင်ဆရာတော်က ဒေဝဒတ်ဘယ်ရေက်နေလဲလို့ သဲအင်းဂူဆရာတော်ကြီးကိုမေးတော့ သဲအင်းဆရာတော်ကြီးက ဒေဝဒတ်ကငရဲမှာခံနေရတဲ့အကြောင်း ငရဲကြီး၈ထပ်က အကြီးဆုံးဖြစ်တဲ့အဝီဇိမှာခံနေရတဲ့အကြောင်းပြောပြပါတယ် အဇာတသတ်ဘယ်ရောက်နေလဲလျု့မေးတော့ အဇာသတတ်က ငရဲမှာသေံချွန်တွေက ကိုယ်ပေါ်မှာထုတ်ချင်းပေါက်အောင်ထျုးစိုက်နေပြီးမီးပြင်းပြင်းနဲ့အကင်ခံနေရတာကိုတွေ့ရပါတယ်တဲ့ ကိုယ်မှာလည်းငါးတွေကိုဒါးနဲ့မွှန်းထားသလို ခန္ဓာကျုယ်ပေါ်မှာဒါးနဲ့မွန်းထားတာကိုလည်းတွေ့ရပါတယ်တဲ့ ပြီးတော့မြေကြီးကိုဖေါက်ကြည့်ခိုင်းတော့မြေကြီးဖေါက်ကြည့်တော့ရေပြင်ကြီးကိုတွေ့ရပါတယ်တဲ့ရေပြင်ထဲမှာလည်းနတ်နဂါးတွေကိုတွေ့ရပါတယ်တဲ့ ရေပြင်ကိုဖေါက်ကြည့်တော့ လဟာပြင်ကြီးကိုတွေ့ရပြီးအဲဒီလဟာပြင်ကြီးထဲမှာနတ်ဂဠုန်တွေကိုမြင်ရတဲ့အကြောင်းကိုလည်းပြောပြပါတယ် အခြားအံ့သြမကုန်နိုင်ဖွယ်အကြောင်းတွေကတော့အများကြီးပါအချိန်မလောက်လို့ဒီလောက်နဲ့ပဲတော်ပါရစေ