မြတ်စွာဘုရားက ဟောတယ်..
စိတ်ကြည်နူးမှုဆိုတာ
တမင်တကာ လုပ်ယူစရာမလိုဘူး။
သီလရှိရင် စိတ်ကြည်လင်မှုဆိုတာ အလိုလိုဖြစ်လာတယ်။
သီလရှိတာနဲ့ တပြိုင်နက်
စိတ်ကြည်နူးမှုဆိုတာ ရောက်လာတယ်။
သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တိုင်း ရတဲ့လက်ငင်းအကျိုးတစ်ခုပဲ။
ဖယောင်းတိုင် ထွန်းလိုက်ရင် လင်းလာတဲ့သဘောပဲ။

(ဒေါက်တာနန္ဒမာလာဘိဝံသ)
(မြင့်မြတ်သောမြတ်သီလ တရားတော်မှ)