အပါယ်တံခါးပိတ်တရားတော်
********************

ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ
{ဗန်းမော်ဆရာတော်}
နိုင်ငံတော်သံဃမဟာနာယကဥက္ကဌ

အပါတယ်တံခါးပိတ်ချင်ရင်
"""""""""""""""""""""""""""""
ဝိသုဒ္ဓိ တရားလေးပါးရှိရတယ်
""'""""""""""""""""""""""""""""""

~ တစ်နံပါတ် သီလ၀ိသုဒ္ဓိတဲ့
သီလဆိုတာ ငါးပါးရှိတယ်

• တစ်နံပါတ် သူများအသတ်မသတ်ခြင်း၊
• နှစ် သူတစ်ပါးဥစ္စကိုမခိုးခြင်း၊
• သုံးနံပါတ် သူများအိမ်ရာမမှားခြင်း၊
• လေး လိမ်မပြောခြင်း၊
• ငါး အရက်သေစာ မသောက်မစားခြင်းတဲ့

-သီလကို အမြဲဖြူစင်စေရတယ်
သီလမဖြူတော့တဲ့အခါ ပြန်လည်ဆောက်တည်ပြီး အ၀တ်များလိုပဲ လျှော်ဖွပ်ရတယ်
-သီလဆိုတာ ကျိုး၊ ပေါက်၊ ပြောက်၊ ကျား တတ်တယ်တဲ့

(၁)ကျိုးတယ်ဆိုတာကတော့
ပထမဆုံး သိက္ခာပုဒ် ပါဏာတိပါတ နဲ့ 
နောက်ဆုံးသိက္ခာပုဒ် သူရာမေရိယ
ပျက်သွားတာကို သီလကျိုးတယ်လို့ ခေါ်တယ်
(ကျိုးသွားတာလေ)

(၂)သီလပေါက်တယ်ဆိုတာကတော့
အလယ်ခေါင် သိက္ခာပုဒ်
ကာမေသု ကံ ပေါက်သွားတာ
(သီလပေါက်ထွက်သွားတာ)

(၃)အေး.. သီလ ပြောက်တယ်ဆိုတာကတော့
တစ်ခုကျော် ပျက်စီးတာ
ပါဏာတိပါတာကိုကျော် အဒိန္နဒါနာ ပျက်တယ်
နောက် ကာမေသုကိုကျော်၊
မုသာဝါဒပျက်တယ်
အထည်တွေ အ၀တ်တွေ မှာ
အပြောက်အပြောက်တွေ မြင်ဖူးတယ် မဟုတ်လား
(အဲဒါ သီလပြောက်တယ်ခေါ်တယ်)

(၄)ကျားတယ် ဆိုတာကတော့
အကျားကြီးတွေလေ
ကျားတွေမြင်ဖူးတယ်မဟုတ်လား
အစင်းအကျားတွေလေ
သိက္ခာပုဒ်တွေနှစ်ခု ဆက်တိုက်ပျက်တာ
ပါဏာတိပါတာနဲ့ အဒိန္နဒါနာပျက်တယ်
ကာမေသုကိုကျော်၊ ကျန်တဲ့ နှစ်ပါးပျက်တယ်

အေး.. ဒါကြောင့်
သီလ ကျိုး၊ပေါက်၊ပြောက်၊ကျား သွားရင် ပြန်လည်ဆောက်တည်ပြီးတော့ ဖြူစင်စေရတယ်။
ကဲ ...အားလုံးပဲ သီလ စင်ကြယ်သွားပြီပဲ ထားလိုက်ပါတော့

နောက်တစ်ခုက

~ စိတ္တ၀ိသုဒ္ဓိ တဲ့

စိတ်စင်ကြယ်ခြင်းတဲ့
ဘုန်းဘုန်းက အဖိုးတစ်သိန်းမကတန်တဲ့
နည်းတွေပေးတာ လိုက်မှတ်ကြ
သေချာမှတ်...နော်
စိတ္တ၀ိသုဒ္ဓိဖြစ်ခြင်ရင် ဂုဏ်တော်ပွားရတယ်

ဂုဏ်တော်ဆယ်ပါးပွားနည်း
ကဲမှတ်ထားနော် ---

(၁)အရဟံ
(၂)သမ္မာသမ္ဗုဒ္ဓေါ
(၃)၀ိဇ္ဇာစရဏသမ္ပန္နော
(၄)သုဂတော
(၅)လောက၀ိဓူ
(၆) ကျတော့ - အနုတ္တရော ...
ဟော အနုတ္တရောက တစ်ခုနော်
(၇)ပုရိသဓမ္မသာရထိ
(၈)သတ္တာဒေ၀မနုဿနံ
(၉)ဗုဒ္ဓေါ
(၁၀)ဘဂ၀ါ

ကဲ ဆယ်ပါးဖြစ်တယ်
ကိုးပါး ဆိုတာကတော့ အဌကထာ
ဒုတိယတွဲတွေမှာ ပါတဲ့နည်းနော်
ကိုးပါးပွားလဲရတယ်
ဆယ်ပါးပွားလည်းရတယ်
ကဲ ဒါဆို စိတ်စင်ကြယ်ခြင်းဖြစ်ပြီတဲ့ (ဗုဒ္ဓါနုဿတိပွားရမည်ဟုလို)

နောက်မေတ္တာပို့ ရမယ်
မေတ္တာထားရမယ်နော်...
မေတ္တာပို့ တဲ့အခါမှာလည်း
မေတ္တာသံပါအောင်ပို့ နော်---
ဆောင့်ကြီးအောင့်ကြီးမလုပ်ကြနဲ့ ...နော်
ကဲနောက်တစ်ခုကတော့ ..
ဘုန်းဘုန်းက အဖိုးတစ်သိန်းမက
တန်တာတွေ ပေးနေတာနော်
ကဲနောက်တစ်ခုကတော့

~ ဒိဌိဝိသုဒ္ဓိ တဲ့

အမြင်စင်ကြယ်တာတဲ့
ဒိဌိစင်ကြယ်ချင်ရင် လွယ်ပါတယ်
"အတ္တ" ကိုဖယ်လိုက်
ဘာကိုဖယ်ရမလဲ
အေး အတ္တကို ဖယ်လိုက်
-အတ္တဆိုတာ ....
ဘုန်းဘုန်းတို့ အခုကမ္ဘာမှာလေ
ဘာသာငါးခုရှိတယ်
ဗုဒ္ဓဘာသာ၊ ခရစ်ယံဘာသာ၊ အစ္စလာမ်ဘာသာ၊ ပိာန္ဒူဘာသာ၊ နတ်ဘာသာပေါ့
ဗုဒ္ဓဘာသာကလွဲလို့
ကျန်တဲ့ ဘာသာတွေ အားလုံးဟာ
အတ္တကို လက်ခံတယ်
သူတို့ ဘာသာအလိုအရ
အတ္တဆိုတာ အကောင်ကလေးတဲ့
ခေါင်းထဲမှာနေတယ်
အရွယ်အားဖြင့် တစ်ထွာလောက်ရှိတယ်
လုံးပတ်က ကျောက်တံလောက်ရှိတယ်
ဒီအကောင်ကလေးက လျှောက်ပြေးနေတာတဲ့
ဒီအကောင်ကလေးကို ဘုရားသခင်က ထည့်ထားတာ
ဘယ်လို သေသေ ဒီအကောင်ကလေးက မသေဘူး
သူက အမြဲတည်ရှိနေတာ
ဘယ်တော့မှမသေဘူးတဲ့နော်
တစ်ချို့ ဘာသာက ဇလုပ်ထဲမှာ၊
အစရှိသဖြင့်အမျိုးမျိုးပေါ့လေ

ဘုန်းဘုန်းက
ခွဲစိတ်ဆရာဝန်တွေနဲ့ သိတော့ မေးကြည့်တယ်
ခင်ဗျားတို့ ဗျာ... ခေါင်းတွေဘာတွေ ခွဲဖူးလား၊
ဟာ... ခွဲဖူးတာပေါ့ဘုရား၊
အသေရော အရှင်ရော ခွဲဖူးတာပေါ့ ဘုရား
ဒါဆိုရင် ခေါင်းထဲမှာ အရွယ်က ကျောက်တံလောက်၊ အရှည်က တစ်ထွာလောက် ရှိတဲ့
အကောင်လေးများ မတွေ့ မိဘူးလားဗျား
မတွေ့ ပါဘူးဘုရား၊ ကြံကြံဖန်ဖန် ခေါင်းထဲမှာ
ဦးနှောက်တွေပဲရှိတာပေါ့ဘုရား
မရှိဘူး။ သေချာတယ်နော်

ဘုန်းဘုန်းတို့ ဗုဒ္ဓဘုရားက
အတ္တကိုမရှိဘူးတဲ့
အတ္တ - အတ္တ ဆိုတဲ့ ကောင်လေးသည်
နတ္ထိ- မရှိဘူးတဲ့
ဒါကြောင့် ဘာတဲ့လဲ အနတ္တ
အတ္တ ဆိုတာ မရှိတဲ့နော်
ဒါကြောင့် အတ္တကို ဖယ်လိုက် ဒိဌိဝိသုဒ္ဓိ ဖြစ်ပြီတဲ့
ကဲ လွယ်ကြရဲ့လား

ကဲ ... နောက်ဆုံးတစ်ခုက

~ လေးနံပါတ် ကင်္ခါဝိတရဏ၀ိသုဒ္ဓိတဲ့
အဲဒါ ၀ိစိကိစ္ဆာပဲ ..နော်
ယုံမှား သံသယဖြစ်တာ
ခုနက ဒိဌိကို စင်ကြယ်ချင်တော့ အတ္တကိုဖယ်တယ်
အခု ၀ိစိကိစ္ဆာကို ဖယ်ချင်တော့ ဘာကိုဖယ်မလဲ
လွယ်ပါတယ်…ဖန်ဆင်းရှင်၊
တန်ခိုးရှင်ကို ဖယ်လိုက်
စောစောကပြောတယ်
ဘာသာကြီးငါးမျိုးမှာ ဗုဒ္ဓဘာသာကလွဲလို့
ကျန်တဲ့ဘာသာတွေက ဖန်ဆင်းရှင်ကိုယ်စီနဲ့ ပဲ
ဘုန်းဘုန်းတို့ မြတ်စွာဘုရားကတော့
အကြောင်းရှိလို့ အကျိုးဖြစ်တာ
ဖန်ဆင်းရှင်ဆိုတာ မရှိဘူး
ကဲ ဒီလိုဖယ်လိုက်တာနဲ့
အပါယ်တံခါးကြီးပိတ်ပါပြီ
အဌကထာဆရာကတော့ ဒီလိုပြောတယ်
ဒီလိုဝိသုဒ္ဓိလေးပါး ပြည့်စုံရင်
စူဠသောတာပန်ဖြစ်ပြီ။

ဆရာတော်ကြီး တရားကို
မှတ်ချက်ကောက်နှုတ်ပူဇော်အပ်ပါသည်
Khemien Da

ဗန်းမော်ဆရာတော် ဆုံးမစာ
"""""""""""""""""""""""""""""""

တရားကို တေးလိုဆို၊
အဖကို သားကဆဲ၊
ဆွေမျိုးထဲက ဓားပြတိုက်၊
မိုက်ရဲလျှင် သောတပန်၊
မကောင်းကြံက သမာဓိ၊
ရွှေရှိမှ လူလိမ္မာ၊
လိမ်နိုင်မှ သစ္စာရှင်၊
ရိုးသားသူကို အရူးလို့ထင်၊

အင်္ကျီပါးနှင့် ဥပုသ်သည်၊
ဇရပ်အလည် ကို့ယိုးကားယား၊
လူဆင်းရဲက သူဌေးယောင်ဆောင်၊
အ၀တ်ပြောင်မှ လူရိုသေ၊
ရွှေရှိဘုရားမှ ရှိခိုးချင်၊
ဇာတ်သမားမှ လူခေါ်ချင်၊

အပျိုငယ်က၊ လင်နေစော၊
အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊
လင်ရှိမယားက အပျိုလုပ်၊
ဆယ်နှစ်သမီးက အိမ်ထောင်ချင်၊
ဖိုးသူတော်က ဘိုစတောက်ချ၊
အပျိုပေါက်စ နှစ်လင်ယူ၊

လူရင်းနှီးတော့ အတိုးချ၊
ခိုးဓားပြက လူလို့အော်၊
ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်၊
မယ်သီလက အနုဆေးဖေါ်၊
မရှောင်တမ်းတိုးတာ တစ်ခုလပ်၊

အမှန်ပြောတော့ အမုန်းပွား၊
ဥပုသ်စောင့်ရင်း အတင်းပြော၊
ခေတ်ကြီးကိုတော့ အပြစ်ဆို၊
ကိုယ့်ကိုယ်ကိုတော့ဖြင့် အကောင်းထင်၊

အလှူပေးရင်း ထမင်းရောင်း၊
မသာပို့ရင်း အပျိုလှည့်၊
သူတော်ကောင်းတို့ တရားပျက်ကြပြီ။

{ဗန်းမော်ဆရာတော်}

မင်း၊ အမတ်ကြီးမှ …စ၍
ဘုန်းဘုရားတို့… အပါအဝင်
ပြည်သူ/ ပြည်သား၊ ဆင်းရဲသား
နင်းပြားပါမကျန်
လူသားအားလုံး
ပိုင်ဆိုင်ခွင့်ရှိသော အရာသည်ရှိ၏။
ထိုအရာသည် "ရိုးသားမှု" ပါ

ဒေါက်တာအရှင်ကုမာရာဘိဝံသ{ဗန်းမော်ဆရာတော်}

အထူးတရားပွဲ
"""""""""""""""
ရွှေဘိုမြို့
""""""""""

ဗန်းမော်ဆရာတော်ဘရားကြီး
ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ
အရှင်သူမြတ်မှ
တရားရေအေးအမြိုက်ဆေး
တိုက်ကျွေးတော်မူမည်ဖြစ်ပါ၍
ကျွန်တော်၊ကျွန်မတို့နှင့် အတူတကွ
တရားတော် နာယူကြည်ညိုကြွရောက်ပါရန်
လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်

ရွှေဘိုမြို့
ချမ်းသာကြီး ချမ်းသာရမြတ်စွာဘုရားကြီး
အရှေ့ဘက်စောင်းတန်း၊
ည (၇) နာရီ
၁၉.၅.၂၀၁၅ (အင်္ဂါနေ့)

~-~-~-~-~-~-~-~-~-~-~-~-~-~-~-~

"အမတံ ဒဒေါစ သော ဟောတိ၊
ယော ဓမ္မာ မနုဿသတိ"

တရားတော်ကို ဟောပြသောသူသည်
အမြိုက်နိဗ္ဗာန်ကို ပေးလှူသောသူ မည်၏

(ကိံဒဒသုတ်၊ သံယုတ်ပါဠိတော်)

"သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ"

အလှူခပ်သိမ်းတို့တွင်
တရားအလှူသည်
အမြတ်ဆုံးဖြစ်၏။

(ဓမ္မပဒ ပါဠိတော်)