ဒါရိုက်တာ၊ သရုပ်ဆောင် ၊ ပွဲကြည့်ပရိသတ် အနေအထားတို့ဖြင့် ဘဝကိုဖြတ်သန်းခြင်း
==========================================================
ဘဝ ဆိုတာ ကို ငယ်ရွယ်..... နုပျို တက်ကြွ စဉ်ကာလ တုံးကတော့ မျှော်လင့်ခြင်းတွေ ရင်မှာပြည့်လို့......
လောက ထဲ မှာ ထူးဆန်းလှပါသော ကြည်နူးဖွယ် ပျော်ရွှ့င် စရာတွေ...အောင်မြင်မှုတွေ ကများစောင့်ကြေိုနေမလား လို့...ရအောင်ဖမ်းဆုပ်မယ် စိတ်ကူးနဲု့ အတွက်ချစီစဉ် ခဲ့တာ..။

*ရုပ်ရှင် ဒါရိုက်တာ* တစ်ယောက်လို လုပ်ဆောင် ဖြစ်သန်းမိခဲ့တယ်..။ ဒီအခန်းမှာ ဒီလို သရုပ်ဆောင်မယ်၊ ဒီနေရာမှာ ဒီလို ရီမောပျော်ရွှင်စေ.လိုက်မယ် .ဒီအခန်းမှာ တော့ ငိုကြွေး လောင်မြီုက်စေ..။

ဒါပေမဲ့လည်း ဘဝ ဆိုတာ ဒါရိုက်တာ ကြည်ရှု ရိုက်ကူးပေးနိုင်အောင်အကွက်ကျ စီစဉ် ရေးသားထားတဲ့ဇာတ်ညွှန်း တစ်ပုဒ် မဟုတ်လေဘူးဆိုတာ…သိလာ တဲ့အခါမှာတော့

ဖြစ်ချင်သလို မဖြစ်တဲ့ လောက ထဲမှာ ငါက ဒါရိုက်တာ မဟုတ်..လုပ်မရတော့တာတွေ တွေ့ကြုံလာတဲ့အခါ မှာတော့.......။
*ဘဝဇာတ် ဆရာ အလိုကျ..ပျိုနှမ..ငိုခဲ့ရ ကျွန်မ ဘဝ ပါရှင်...* ဆိုတာမျိုးလိုပေါ့..။

အဲလို သိနားလည် လာချိန်မှာတော့ ကျရာအခန်းက ပိုင်နိုင်အောင် ကပြနိုင်တဲ့ *ဇာတ်ဆောင် မင်းသမီး* လို ကျင့်သုံး လွန်မြောက် ရ ပြန်ပါတယ်..။

နှလုံးသားကိုဖြတ်သန်းသွားတဲ့အရာ တိုင်းဟာ ပျော်စရာ ဖြစ်စေ… ဝမ်းနည်းကြေ ကွဲ စရာဖြစ်ပစေ.. ခံစားလိုက်ရတိုင်း ပန်းလျကျန်ခဲ့ရတာ အမှန်ပါပဲ..။

ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရား ကြီး ရဲ့ အဆုံးအမ တရားတော်တွေ ကြောင့် အာရုံ နဲ့ ဒွါရ တိုက်လို့ ပေါ်လာတဲ့ ခန္ဓာ ငါးပါးသည် မီးသည်သည် မျှသာ ….ဒုက္ခသစ္စာ စစ်စစ် ဖြစ်တယ် ရယ်လို့ နာယူ နှလုံးသွင်းဖြစ် ခဲ့ ပါတယ်..။

ဒီလိုတွေ ဖြစ်လာရတာ များလာချိန်မှာတော့ ကျွန်မ ဟာ မနောတံခါးမှာပေါ်လာသမျှကို ….(တနည်း) ဘဝဖြစ်စဉ် တွေကို *ပွဲကြည့်ပရိသတ်* လို ဖြတ်သန်း ဘို့သာ ကြိုးစားပါတော့တယ်..။

ဖလင်ကွက် မှ ပုံရိပ်များ တစ်ကွက်ဆီ တစ်ကွက်ဆီ ရွေ့ လျား သွားနေ တာမို့ ရုပ်သေ တို့သည် ရုပ်ရှင် ဖြစ်ခဲ့တာ မဟုတ်ပါလား.။ ဒါသည်ပင်လျှင် ဘဝ ..ဒီဘဝ ဒီအလုပ် သာရှိတယ် လို့ နှလုံးသွင်း နေထိုင်ဖြစ်အောင်ကြိုးစား ပါတော့တယ်..။

ကျွမတို့ ရဲ့ မနောဒွါရ ဟာဒယ ဝတ္ထု မှာ အတွေးဆိုတဲ့ ဓမ္မာရုံ တွေ တိုက်ဆိုင် ဖြစ်ပေါ်တဲ့အခါ ကြံသိစိတ်ဆို တာလေးတွေ ကလည်း ပေါ်ပေါ် လာလိုက်တာ ….ဖလင် အကွက်စီသလိုပါပဲလေ..။

ဒါကို သက်ဝင်လှုပ်ရှားအောင် တစ်ပုံ ကနေ တစ်ပုံ ကူးစေတာ..ရုပ်သေမှသည် ရုပ်ရှင် ဖြစ်စေတာကတော့ *တဏှာ* ဆိုတဲ့ ဒါရိုက်တာ တစ်ယောက် ရှိနေတာ အမှန်ပါပဲ လို့ ကျေးဇူးတော်ရှင် မြတ်စွာ ဘုရား က လက်သည် တရားခံကို ထုတ်ဖေါ် ဟောကြားခဲ့ပါတယ်..။

ဒုက္ခယှက်လိမ် ခန္ဒာ အိမ်ကို ကြိမ်ကြိမ် ကြိုးကုတ် တည်ဆောက်လုပ်သည် ..အကြောင်းရင်းသမုဒယ သစ္စာ ဖြစ်သော တဏှာ ယောင်္ကျား လက်သမား ရယ် လို့ အမည် တပ်ပေးခဲ့ပါတယ်..။

တစ်ခါ တစ်ခါ လူတို့ ၏ မှားယွင်းဖေါက်ပြန်ကြသော ကိစ္စ တို့ကို တွေ့ကြုံရလေတိုင်း ဆိုးလိုက်တာနော်.. ဘာလို့များ ဒီလို လုပ်ကြတာပါလိမ့် ကျူးလွန် ကြတာပါလိမ့် ရယ် လို့ အပြစ်တင်သော ဒေါသ…သဘောတွေ ကိုယ့်သန္တန် မှာ ဖြစ်ပေါ် လာလေ တိုင်း ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီးက ဆုံးမပေးတော်မူပါတယ်..။

သတ္တဝါတွေ မှား ကြရတာ မူလ နှစ်ဖြာ လေ လို့ တကယ်…. တကယ့် တရားခံ ဇစ်မြစ် *အဝိဇ္ဇာ နဲ့ တဏှာ* ကို သတိပြု ဘို့ တရားခံအစစ်ကို ထောက်ပြ ဆုံးမတော်မူခဲ့ပါတယ်..။
အမှားမှန်သမျှ သည် မသိခြင်း ဆိုတဲ့ အဝိဇ္ဇာ မှ ဖြစ်ဖျား ခံပြီး တဏှာ ဖြင့် ခရီးဆက်ကြတာ မဟုတ်ပါလား။

တကယ် တော့ တရားဆိုတာ အမှန်တရားကိုထောက်ပြ တည့်မတ်ပေးနိုင်တာပဲလေ..
ကြားနာရုံပင် အပူစင် လို့ ကျင့်လျှင်ချမ်းသာ လွန်စွာ ငြိမ်းအေး အမြိုက်ဆေး ဆိုတာ လက်တွေ့ သိရှိ ခံစားခဲ့ ပါတယ်..။
ဒါဟာ တရားဂုဏ်တော် ၆ ပါး ပေပဲ..။

ကိုယ်က ဇာတ်လိုက်ဝင်လုပ်တဲ့အခါ .... ကိလေသာ တွေ နဲ့ လုံးထွေး လို့..... အရာရာကို ခေတ္တမေ့လျော့..
ဘဝ မှ ပွဲကြည့်ပရိသတ် အဖြစ် နေလေလေ..တရားသဘောတွေ့လေလေ....

ဒီတရားတွေကို လူတော သူတော အပူတောမှာ.. အေးမြ ငြိမ်းချမ်းစွာစီးဆင်းစေတဲ့အလုပ်ကို လုပ်ဆောင်နေတာဟာ ဘဝထဲကို ဓမ္မ ရောက်အောင် ကြိုးစားနေတာပါပဲ လို့ကျွန်မ အခိုင်အမာယုံကြည်မိပါတယ်..။
အရေးအကြီးဆုံး ဖြစ်တဲ့ သံသရာ့ချောက်ထဲမကျအောင် ဆွဲထုတ် ကယ်တင်နိုင်သော အားကိုးရာ အစစ် အမှန်ပဲ မဟုတ်ပါလားရှင်..။

မေတ္တာဖြင့်
သစ္စာအလင်း
ခေတ္တ- ပင်လောင်းမြို့ ၊ ရှမ်းပြည်တောင်ပိုင်း