တရားဆောင်သူ
============
တစ်နေ့တစ်နေ့ဖြစ်နေတဲ့ လောဘ ဒေါသ မောဟတွေဟာ တစ်နေ့ကို ငရဲရောက်ဖို့ ဘ၀ပေါင်း မရေတွက်နိုင်ဘူး။ စိတ်ကလေးတစ်လုံး၊ဝေဒနာလေးတစ်ခု၊ အပါယ်တစ်ခါရောက်လိုက် ဆိုတော့ အပါယ်က တက်စရာ မမြင်ဘူး။ တစ်ခါတစ်လေမှ လုပ်တဲ့ ကုသိုလ်ကံလေးနဲ့ ဒီကံတွေမျှရဲ့လား။ ဒါတွေ ချေမှူန်းကန့်ကွက်ပြီး အဟောသိကံဖြစ်အောင် လုပ်နိုင်တာကတော့ မဂ်ပဲရှိတယ်။ ဘ၀များစွာက စုထားတဲ့ အကုသိုလ်တွေကလည်း သောတာပတ္တိမဂ် တစ်ကြိမ်ပေါ်လိုက်လို့ရှိရင် အကုန် အဟောသိကံ ဖြစ်ပါတယ်။ ဒီဘ၀ လူသတ်မှုတွေသာမက ဘ၀များစွာ လူသတ်သမားကြီးဖြစ်ခဲ့တဲ့ အင်္ဂုလိမာလလည်း မဂ်တစ်ချက်ပေါ်လိုက်တော့ ကြွေးအကုန် ကျေသွားတာပဲ။ ကိုယ်သွားရမယ့်ငရဲ ကိုယ်တိုင်မြင်ပြီးသားတောင်မှ မဂ်ဥာဏ် ဖိုလ်ဥာဏ်က တားနိုင်တယ်။ မဂ်တည်းဟူသော သိမှုကလေးတစ်ခုနဲ့ ကြွေးဟောင်းရော ကြွေးသစ်ပါ အကုန်ကျေစေတယ်။

ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီး
၂၀၀၇ မတ်လထုတ် မိုးကုတ်တရား ပတ္တမြားအမြုတေမှ-
(၂၀၀၉ မတ်လ၂၆ ရက်နေ့ထုတ် ပေါ်ပြူလာနယူးစ်ဂျာနယ်)