ဒါနကိုရာခိုင်နှုန်းပြည့် အသုံးပြုခြင်း
========================
ဒါနဟု ဆိုလိုက်လျှင်ဗုဒ္ဓဘာသာဝငိမဆိုထားနှင့် အခြားဘာသာဝင်တွေပင်လျှင် အလှူအတန်းဆိုတာ ရိပ်မိသိရှိကြသည်
အရေးကြီးဆုံးအကြောင်းတစ်ခုအနေနှင့်လဲ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်မှ ယနေ့ထိနှစ်ပေါင်း

၂၆၀၀ကျော်ထိပ်ဆုံးမှရပ်တည်ခဲ့ပါသည် အဘယ်ကြောင့်ဆိုသော် ဓမ္မမိတ်ဆွေစဉ်းစားကြည့်ပါ ရတနာသုံးပါး တွင်ဘုရား
ရှင်ပွင့်တော်မူ၍ လောကကောင်းကျိုးလမ်းပြခဲ့သဖြင့် ကျေးဇူးတင်ထိုက်သည်၊ လောကီ၊ လောကုတ်နှစ်ဖြာသော အကျိုး
အတွက်ဆုံးမသြ၀ါဒတရားများဟောကြားခဲ့သဖြင့် တရားတော်များကိုလဲကျေးဇူးတင်ထိုက်၏ ထိုတရားတော်များ

မပျောက်မပျက် နည်းမှန်လမ်းမှန် ဓမ္မစစ်စစ် များကို အဆင့်ဆင့်ထိန်းသိမ်းစောင့်ရှောက် လက်ဆင့်ကမ်းခဲ့ သဖြင့် သံဃာ
တော်များသည်လဲ ကျေးဇူးတင်ထိုက်လေသည်၊
တဆက်ထဲဆက်ပြောရရင် ၎င်းကဲ့သို့သံဃာတော်များ တရားဒေသနာတော်များကို နှစ်ပေါင်း ၂၆၀၀

ကျော်ထိန်းသိမ်းစောင့်ရှောက်နိင်ခြင်းမှာ ဗုဒ္ဓဘာသာဝင်သူတော်စဉ်အပေါင်း၏ ပစ္စည်းလေးပါးအထောက်အပံ့ တနည်း
(ဒါန) မပါဘဲမည်သို့မှရပ်တည် ထိန်းသိမ်း၊စောင့်ရှောက်နိင်မည်မဟုတ်ပေ၊ ထို့ကြောင့် ဒါနသည်မည်မျှအရေးကြီးကြောင်း
သိနိင်ပါသည်၊ ဒါနပြုလှူတန်းရာတွင်လဲ စေတနာသုံးတန်နှင့်ပြည့်စုံဖို့လိုပါသည်၊ ထိုစေတနာသုံးတန်မှာ ( ပုပ္ပ )စေတနာ
( မုဉ္စ )စေတနာ (အပရ )စေတနာဟုခေါ်ပါသည်၊

(၁) မလှုမီ ရှေ့အဖို့က ကြိုတင်ဝမ်းမြောက်ခြင်း၊
(၂) လှုဆဲအခါမှာ စိတ်စေတနာကောင်းစွာ ကြည်လင်ခြင်း၊
(၃) လှုဒါန်းပြီးနောက် နှစ်သက်ဝမ်းမြောက်သောစိတ်ရှိခြင်း ဟူသောစေတနာ သုံးတန်ဖြစ်ပါသည်..။

အလှူရှင်ဖက်ကထိုကဲ့သို့စေတနာ သုံးတန်နှင့်ပြည့်စုံပြီး အလှူခံပုဂ္ဂိုလ်ဖက်ကလည်းအောက်ပါအချက်များပြည့်စုံပါက
လွန်စွာအကျိုးကြီးသောအလှူတခုအထမြောက်ပါသည် ထိုအချက်များမှာ....
(၁) ရာဂကင်းပြီးသူ (သို့မဟုတ်) ရာဂကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်း၊
(၂) ဒေါသကင်းပြီးသူ (သို့မဟုတ်) ဒေါသကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်း၊
(၃) မောဟကင်းပြီးသူ (သို့မဟုတ်) မောဟကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်း ဟူသော အလှုခံဘက်က

အင်္ဂါသုံးပါးနှင့် ပြည့်စုံခြင်းစသည်တို့ဖြစ်ပါတယ်...။ ဤအင်္ဂါ ခြောက်ပါးနှင့် ပြည့်စုံသော အလှုကို အတိုင်းမသိ

အကျိုးပေးခြင်းရှိသည့် အကျိုးကြီးသော ဒါန ဟူ၍ ဘုရားရှင် ဟောတော်မှု၏။ ဤအင်္ဂါ ခြောက်ပါးတွင် တစ်ပါးပါး

ယုတ်လျော့နေလျှင် အကျိုးပေး အာနုဘော် ဆုတ်ယုတ်သဖြင့် အကျိုးနည်းသော ဒါန ဟုဟောတော်မှုသည်။
ထို့အပြင် အောက်ပါ အင်္ဂါလေးပါးနှင့်ညီညွတ်သော အလှုဒါနသည် ချက်ချင်း အကျိုးပေး တတ်သဖြင့် အကျိုးကြီးသော

ဒါနဖြစ်သည်။ ၄င်းအင်္ဂါလေးပါးမှာ-
(၁) လှုဖွယ်ဝတ္ထုပစ္စည်းက တရားသဖြင့် ရှာဖွေရရှိထားသည့် ဓမ္မိယလဒ္ဓပစ္စည်းဖြစ်ခြင်း၊
(၂) လှုဒါန်းသူသည် သဒ္ဒါတရား ထက်ထက်သန်သန် စေတနာ သုံးတန်ညီညွတ်၍ လှူဒါန်းခြင်း၊
(၃) အလှုခံပုဂ္ဂိုလ်က ရဟန္တာ (သို့မဟုတ်) အနာဂါမ်ပုဂ္ဂိုလ် ဖြစ်ခြင်း၊
(၄) ထိုအလှုခံပုဂ္ဂိုလ်သည် နိရောဓသမာပတ်မှ ထပြီးစဖြစ်ခြင်း-
တို့ဖြစ်ကြသည်။

ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသော အလှုဒါနသည် ပုဏ္ဏသူဌေး၊ ကာက၀လိယသူဌေး၊ သုမနပန်းသည် စသည် တို့ကဲ့သို့

ယခုဘ၀မှာပင် ချက်ချင်း အကျိုးပေးသောကြောင့် အကျိုးကြီးသော ဒါနမည်၏။ ဤအင်္ဂါလေးပါးတွင်

တစ်ပါးပါးယုတ်နေလျှင် အကျိုးပေးအာနုဘော် ဆုတ်ယုတ်သဖြင့် အကျိုးနည်းသော ဒါန မည်၏။
ထို့အပြင်လည်း အောက်ပါအင်္ဂါ ငါးပါးနှင့် ပြည့်စုံသော အလှုဒါနသည် အကျိုးကြီးသော ဒါနဖြစ်သည်။၎င်း အင်္ဂါငါးပါးမှာ-
(၁) အလှုဒါယကာ သီလရှိ၍ ကောင်းသော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူဖြစ်ခြင်း၊
(၂) အလှုခံပုဂ္ဂိုလ်ကလည်း သီလရှိ၍ ကောင်းသော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူဖြစ်ခြင်း၊
(၃) လှုဖွယ်ဝတ္ထုကလည်း တရားသဖြင့် ရှာမှီး၍ ရအပ်သည့် ဓမ္မိယလဒ္ဓပစ္စည်း ဖြစ်ခြင်း၊
(၄) ပေးလှုသူသည် စေတနာသုံးတန် ထက်သန်ခြင်း၊
(၅) ကံ, ကံ၏အကျိုးကို ယုံကြည်မှုသဒ္ဓါတရားနှင့် ပြည့်စုံခြင်း တို့ဖြစ်သည်။

ဤအင်္ဂါငါးပါး နှင့်ပြည့်စုံသော ဒါနသည် ဘ၀သံသရာ တလျှောက်၌ ဘောဂသမ္ပတ္တိများ ကို ပေးဆောင်နိုင် သဖြင့်

အကျိုးကြီးသော ဒါနမည်၏။ ဤအင်္ဂါ ငါးပါးတွင် တစ်ပါးပါးယုတ်လျော့ နေလျှင် အကျိုးပေး အာနုဘော်

ဆုတ်ယုတ်သဖြင့် အကျိုးနည်းသော ဒါန မည်၏။

သောတပန်နှင့် အလားတူသောဒါန
------------------------------------
(၁) ဆွမ်းဒါယကာ၏ အမည်ကိုရေး၍ သံဃာထဲမှ မဲကျသောရဟန်းတို့အား လှုဒါန်း အပ်သော သလာကဘတ် အလှု၊
(၂) လဆန်း-လဆုတ် ၇-ရက်၊ ၈-ရက်၊၁၄-ရက်၊၁၅- ရက်နေ့တို့၌ ဥပုသ်စောင့်သုံးကာ လှုဒါန်းအပ်သော ပက္ခိကဘတ်

အလှု၊
(၃) ၀ါဆိုသင်္ကန်း အလှု၊
(၄) ရေးတွင်းရေကန် အလှု၊
(၅) ဇရပ်၊ တန်ဆောင်း၊ ကျောင်း အလှုတို့ဖြစ်သည်။

ထိုဒါနသည် သောတပန်နှင့် အလားတူစွာ အပါယ်သို့ မကျရောက်ရတော့ဘဲ သုဂတိ ဘ၀သို့သာ အမြဲ

လားရောက်ရခြင်းဟူသော အကျိုးကို ရရှိသည်။ သို့ဖြစ်၍ ဤဒါန သည် အကျိုးကြီးသော ဒါန မည်၏။

ကဲ....ဓါးမ မိတ်ဆွေ မှားလို့ ဓမ္မမိတ်ဆွေအတော်လေးတော့ သိရပြီးပေါ့နော်နောက်ဆုံး ယနေ့ဖြစ်ပေါ်နေတဲ့စေတနာ
သုံးတန်အကြောင်းလေးပြောပြီး နိဂုံးချုပ်မယ်ဗျာဒီလို......?
ပုပ္ပစေတနာ = ပုပ်မှ စေတနာ
---------------------------------
မစားရက်မသောက်ရက် သူများကြွေးရမှာလဲ နှမျောပြီးရေခဲသေတ္တာထဲ ထည့်သိမ်းထား ရက်တွေကြာလာတော့ မှိုတက်
ပုပ်ခါနီးတော့မှ စေတနာလိုလို ဘာလိုလိုနဲ့ နွမ်းပါတဲ့သူတွေကို ထုတ်ကြွေးတာ (ပုပ်မှစေတနာ)လို့ခေါ်တယ်ဗျာ...။
မကောင်းဘူးနော်...............

မုဉ္စစေတနာ = မုန်းစ စေတနာ
----------------------------------
အလှူကြီးအတန်းကြီးတွေ ငွေကုန်ကြေးကျခံလုပ်ပါရဲ့ တကယ့်ကြွေးမွေး ဧည့်ခံချိန်ကြမှ ဂုဏ်ရည်တူချင်းလက်တို့ပြီး
ဟိုမိန်းမရဲ့ အ၀တ်အစားကဘယ်လို၊ ဒီမိန်းမက ကြက်သားလိုက်ပွဲ ဘယ်နှစ်ခါယူတာဘယ်ကဲ့သို့ဘယ်ချမ်းသာ အတင်း
ပြောတာတွေ တဖက်သားကပြန်ကြားတော့ မုန်းစ ရှည်တာတွေကို (မုန်းစစေတနာ)ခေါ်တယ်ဗျာ...။
ဒါလဲမကောင်းဘူးဗျာ................

အပရစေတနာ = အပါယ်ရ စေတနာ
-------------------------------------
အဲ့...........ဒါကတော့အဆိုးဆုံးဘဲ ဘာလို့လဲဆိုတော့ အပါယ်ကို တိုက်ရိုက်သွားနိင်လို့ပါဘဲ လှူလို့တန်းလို့

သဒ္ဒါတရားတွေရှေ့တန်းတင် ပြီးတကယ်လှူနေတဲ့အချိန်လေးမှာ သံဃာတော်တွေ ဆွမ်းဘုန်း

နေချိန်မှာပီတိဖြစ်နေရမယ့်အစား ဟိုကိုယ်တော်ဘုန်းပေးတာက ပလုတ်ပလောင်နဲ့ ၀ိနည်းနဲ့ညီရဲ့လားမသိ ဒီကိုယ်တော်
သင်္ကန်းရုံတာလဲမသေမသပ်နဲ့ ရေစက်ချတရားနာချိန်မှာလဲ ဗိုက်ကဆာ တရားကရှည်နေရင်ဒေါသထွက် ဒီလိုမျိုးတွေ
ုဖြစ်ရင်တော့ သွားပြီဗျိုး....(အပါယ်ရစေတနာဘဲ) ဒါကြောင့် ဓမ္မမိတ်ဆွေ သူတော်ကောင်းများကိုလဲ မသိသေးတဲ့သူ
သိသွားအောင် သိပြီးသားသူတွေလဲ သတိချပ်လှူတန်းကြပါလို့တိုက်တွန်းရင်း နားပါအုန်းမည်...။